Tuesday 8 March 2016

မိစ္ဆာနဲ့ မပေါင်းချင်ရင် .. ဝိဇ္ဇာနဲ့ပေါင်း (နမောတေဂါထာ)


အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာပြည်မှာအသက်ရှင်
သန်ခွင့်ရတယ်ဆိုတာ စစ်ဖိနပ်အောက်မှာ ပြားပြားမှောက်
တာမျိုးလေ။ အဲလိုမဟုတ်ရင် ကိုယ်တိုင် အာဏာရူးတွေနဲ
့ပေါင်းစားမှ အသက်ရှုချောင်မှာပါ။
ကိုယ့်ဘဝရဲ့ အားကိုးရာဟာ ကိုယ်သာပဓာနဆိုသော်လည်း
 “ပေါင်းစားရင်” အရိုးမစူးဘူးဆိုတဲ့ မိစ္ဆာဝါဒခေတ်က မြန်
မာပြည်မှာ 1962 ခုနှစ်ကတည်းက အခုတိုင် ခေတ်မီနေ
တုန်းပဲရှိသေးတယ်လေ။
ဒီတော့ မိစ္ဆာနဲ့မပေါင်းချင်တဲ့ သူတွေက ဝိဇ္ဇာနဲ့ပေါင်းကြရုံမှ
အပ အခြားမရှိတော့ပြီ
ဘုရားကို Bulldozer နဲ့ထိုး သံဃာကို မီးလောင်ဗုံးနဲ့ထု
သတ်နေတဲ့မြန်မာပြည်ရဲ့ခေတ်ဆိုးမှာ “ ဝိဇ္ဇာ ” နဲ့ပေါင်း
သင်းနိုင်ကာမှတော်ကာကျလေမည်။
ဂ္ထါမန္တာန်ရွတ်ခြင်းဟာ မိစ္ဆာဆိုးဘေးကလွတ်ကင်းတယ်
လို့ ဗုဒ္ဓပိဋကတ်ကဆိုပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင်က
လည်း ဒီလိုဂါထာတွေ
ကိုရွတ်ဖတ်သရဇ္ဈာယ်ဖို့ ရန်  .. .

 “ ဓာရေထ ဘိက္ခဝေ တာယနဂါထာ ၊ အတ္ထသံဟိတာ
ဘိက္ခဝေ တယနဂါထာ အာဒိဗြဟ္မစရိယိကာ” တိ။

ဘိက္ခဝေ၊ ရဟန်းတို့။ တာယနနတ်သား၏ ဂါထာတို့ကို ။ 
ဥဂ္ဂဏှာထ၊သင်ကြကုန်လော့။ ဘိက္ခဝေ၊ရဟန်းတို့။ 
တာယနဂါထာ၊တာယနနတ်သား၏ ဂါထာတို့ကို 
ပရိယာပုဏထ ၊သူတစ်ပါးကိုလည်း သင်စေ
ကုန်လော့။ တာယနဂါထာ၊တာယနနတ်သား၏
ဂါထာတို့ကို။ဓာရေထ ၊ ဆောင်ကုန်လော။ ဘိက္ခဝေ၊
ရဟန်းတို့။ တာယနဂါထာ၊တာယနနတ်သား၏ 
ဂါထာတို့သည်။ အတ္ထသံဟိတာ။ အကျိုးစီးပွား
နှင့်စပ်ကုန်၏။ အာဒိဗြဟ္မစရိယကာ၊ အရိယမဂ်ဟူ
သော မြတ်သောအကျင့်၏ ရှေ့သွားဖြစ်၍ ဖြစ်ကုန်၏။

ကဲ  . . ထိုမျှလောက် ဗုဒ္ဓဘဂဝါသည် လောကလူသားကောင်းကျိုး
ကိုအစဉ်လိုလားတော်မူသော မဟာကရုဏာတော်ဖြင့် မိန့်ကြား
တော်မူခဲ့သည်ကို မိတ်ဆွေ တစ်ခေါက်ထဲမဖတ်ပါနှင့် သုံးခေါက်
လောက် ဖတ်ရှု့ပါ။

ဒါ့ကြောင့် မိစ္ဆာအန္တရာယ်တွေများလှတဲ့မြန်မာပြည်မှာ စာရေးသူတို့
ရဲ့ အားကိုးရာမှာ သေနပ်အမြှောက်ကိုမဆိုထားနှင့် ချွန်ထက်သော
ကရိယာကိုကိုင်ရုံမျှနှင့် 19/င ပုဒ်မနှင့်ထောင်ကျသွားနိုင်ပါသည်။
ထိုသို့ဥပဒေနှင့်မလွတ်ကင်းသောအဆောင်အယောင်တို့ထက် ဥ
ပဒေဘောင်အတွင်းကနေ ဗုဒ္ဓဝါစကာတော်များကို ရွတ်ဖတ်ခြင်း
ဖြင့် ဘဝအကျပ်အတည်းတွေကို လွန်မြောက်နိုင်ပါသည်။
လွတ်မြောက်နိုင်ပါစေရန်လည်း စာရေးသူအခုလို ကြိုးစား၍ ပိဋ
ကတ်ကိုမွှေနှောက် လုံလောက်သောအထောက်အထားကိုပြ၍
အပင်ပန်းခံ ဓမ္မဒါနာဝေငှမိပါသည်။
အထူးအားဖြင့်  .. စာရေးသူအား ပါဠိစာပေကို စတင်သင်ကြား
ပေးခဲ့သော တမလွန်ရောက် ဖခင်ကြီးဦးလှစံ၏ဂုဏ်ကျေးဇူးတော်
များကို ဤဂါထာဖြင့်ပူဇော်လိုက်ပါသည်။
ဝေမျှခြင်းဖြင့် စာရေးသူနှင့်ထပ်တူ ကုသိုလ်ဆင့်ပွားရယူနိုင်ကြပါ
စေကုန်သတည်း  . .. ။
ပထမအကြိမ် ဓမ္မဒါနလှူဒါန်းခဲ့သော blog link
Reference
သုတ္တံပိဋကတ်၊
သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တပါဠိ။
-၂- ဒေဝပုတ္တသံယုတ်၊ -၉- စန္ဒိမသုတ္တ
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)



No comments:

Related Posts Plugin for WordPress, Blogger...