Monday 11 July 2016

ကြီးဆေး ကြာဆေး မရှိပါ



SATURDAY, MARCH 7, 2009

အမျိုးသားတွေနဲ့ လိင်မှုကိစ္စ တကယ်တော့ လိင်မှုကိစ္စသည် ဖိုမလူသားနှစ်ဦးရဲ့ အိပ်ရာပေါ်ကိစ္စနဲ့ ကာမအားတိုးဆေး၊ တဏှာရာဂတွေ လောက်နဲ့တင် ပြည့်စုံနေတာ မဟုတ်ပါ။ အဲဒီကိစ္စတွေထက်အများကြီးပိုအဓိပ္ပာယ်တွေရှိနေပါတယ်။ ဒီကနေ့ သိပ္ပံပညာရှုင်တွေဟာ လူသားတွေဘာကြောင့်လိင်မှုကိစ္စတွေ၊ လိင်ဆက်ဆံမှုတွေပြု လုပ်ကြတယ်ဆိုတာကို လေ့လာနေကြတယ်။ လေ့လာနေဆဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ လိင်ဆက်ဆံမှုပြုတယ်ဆိုတာ ပြုလုပ်သူကာယကံရှင် နှစ်ဦးစလုံးရဲ့ စိတ်ဆန္ဒ ပျော်ရွှင်ကြည်နူးမှုကိုသာအကျိုးဖြစ်စေရုံသာမကဘဲ လူသား မျိုးနွယ် မျိုးဆက်ပြန့်ပွားရေးအတွက်လည်း အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှုင်တွေအနေနဲ့ လူသား တွေဘာကြောင့် လိင်စိတ်ဖြစ်လာရသလဲ၊ လိင်မှုကိစ္စတွေမှာ ဘယ်လို အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုတွေ ရှိလာသလဲ၊ လူသားယဉ်ကျေးမှုတိုးတက် ပြောင်းလဲမှုက လိင်ဆက်ဆံမှုအပေါ် ဘယ်လိုအကျိုးသက် ရောက်မှု တွေရှိသလဲ၊မျိးရိုးဗီဇ တွေကရော လိင်စိတ်ကို ဘယ်လိုနှိုးဆော်ပေးကြသလဲ။ အချစ်စိတ်စတဲ့ ချစ်ခြင်း၊ မုန်းခြင်းစိတ်ခံစားမှုတွေကရော လိင်စိတ်ကို ဘယ်လိုဖြစ်စေသလဲ.... စသဖြင့် အကြောင်းအရာမျိုးစုံကို လေ့လာသုတေသနပြုနေကြလျက်ရှိပါတယ်။ သူတို့အနေနဲ့ လိင်ကိစ္စကိုအိပ်ရာပေါ်က ကိစ္စတစ်ခုထက်ပိုပြီး စိတ်ဝင်တစား လေ့လာနေကြတာ ဖြစ်ပါတယ်။ လိင်မှုကိစ္စကို တဏှာရာဂကိစ္စထက် သိပ္ပံပညာ ကျန်းမာရေး ရှုထောင့်တွေကနေပြီး ဆက်လက်ရှာဖွေ ဖော်ထုတ် သုတေသနပြုနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါတော့ ဒီကနေ့ သိပ္ပံပညာရှင်တွေလေ့လာသုတေသနပြုနေတဲ့ လိင်မှုကိစ္စတချို့ကို ကျန်းမာရေးသိပ္ပံ ပညာရှုထောင့်ကနေ ဖော်ပြလိုပါတယ်။ ကာမအားတိုးဆေးဆိုသည် တကယ်စွမ်းတာလား အမေရိကန်နိုင်ငံမှာ နာမည်ကျော်လိင်ကျန်းမာရေးပါရဂူတစ်ဦးဖြစ်တဲ့ ဒေါက်တာရု(တ်)က "တကယ်တော့ လူတွေသုံးစွဲနေတဲ့ ကာမအားတိုးဆေး (Aphrodisiacs) တွေဟာ တကယ့်အစစ်အမှန် တွေမဟုတ် ဘူး။" လို့တစ်ခါက ပြောခဲ့ဖူးပါတယ်။ မှန်ပါတယ်။ အဲဒီကာမအားတိုးဆေးတွေကို တကယ်တမ်းရိုးရိုးသားသား မှန်မှန်ကန်ကန် ညွှန်ကြားပေးတဲ့ လိင်ကျန်းမာရေးကျွမ်းကျင်သူတွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ တကယ်တော့ Aphrodisiacs လို့ခေါ်တဲ့ ကာမအားတိုးဆေးတွေဟာ သူတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လိင်စိတ်ကိုနှိုးဆွတက်ကြွစေနိုင်တယ်။ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာစေတယ်လို့ ဆိုထားပေမယ့် တကယ့်လက် တွေ့မှာ ကာမအားတိုးဆေးတွေအဖြစ်မှီဝဲနေကြတဲ့ ဆေးမြစ်တွေ၊ဆေးမြီးတိုတွေ၊ ပယောဂဆေး တွေဆိုတာ တကယ် ကာမအားတိုးဆေးစစ်စစ် ဖြစ်တယ်လို့ သက်သေပြသနိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း ဒီကာမအားတိုးဆေးတွေကိုပဲ လူတွေတော်တော်များများက သုံးစွဲနေကြတာဖြစ်ပါတယ်။ ဒီလိုလွဲမှားစွာ သုံးစွဲနေကြတဲ့ ကာမအားတိုးဆေးလို့ အမည်ပေးမှည့်ခေါ်တားတဲ့အသုံးအများဆုံး ကာမအားတိုးဆေး ၁၀ခုကို Live Science's ဆေးသိပ္ပံပညာဂျာနယ်မှာ ဆောင်းပါးရှင် ခရစ်တိုဖာဝန်ဂျက်က လွဲမှားစွာအသုံးပြုနေသော ဆေးများအမည်ဖြင့် ဆောင်းပါးရေးသားဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါးမှာပါတဲ့ ကာမအားတိုးဆေးအမည်ခံ ဆေး၁၀မျိုးကတော့ (၁) ကြံ့ချို (Rhino Horn) တကယ်တော့ လူသားတွေဟာ မိမိတို့ကာမဆန္ဒအတွက် တခြားသော တိရစ္ဆာန်များရဲ့ အသက်ရှင်သန်မှုကို ဂရုမစိုက်ဘဲ လွဲမှားစွာ အသုံးပြုခြင်းဟာ စိတ်မကောင်းစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကာမအားတိုးဆေးအဖြစ် လူတစ်ချို့လွဲမှားစွာ အသုံးပြုနေတဲ့ကြံ့ချိုဟာ ကာမစိတ်ဆန္ဒအင်အားပိုရှိစေတယ် ဆိုတာ လုံးဝမဟုတ်ပါ။ အလားတူပင်တရုတ်တိုင်းရင်းဆေးပညာတွင် ကြံ့ချိုကို တရားမ၀င် ကာမအားတိုးဆေးအပြင် တချို့ရောဂါတွေ ကုသနေခြင်းမှာ လည်းလွဲမှားနေခြင်းပင်ဖြစ်ပါတယ်။ လူတွေဟာထောင်မတ်နေတဲ့ကြံ့ချိုကို အမှုန့်ကြိတ်ထောင်း သောက်လျှင် ကာမအားတိုးဆေးဖြစ်မယ်လို့ လွဲမှားနေကြခြင်းဖြစ်ပါတယ်။ တကယ်တော့ ကြံ့ချိုမှာ ဖော့စဖရပ် လိုသတ္ထုဓာတ်တွေ ကြွယ်ဝစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်ပင်ပန်း အားနည်းနွမ်းနယ်နေချိန်၌ အဆိုပါသတ္ထုဓာတ်က အားပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့သဘောလောက်ပဲရှိပါတယ်။ (၂) Spanish Fly ခေါ် စပိန်ယင်ကောင် နာမည်အခေါ်အားဖြင့် စပိန်ယင်ကောင်လို့ဆိုပေမယ့် ယင်ကောင်စစ်စစ်မဟုတ်ပါ။နောက်ချေးပိုးကဲ့သို့သော ပိုးကောင်မာဖြစ်ပြီး စပိန်နိုင်ငံတစ်နိုင်ငံတည်းတွင်သာမက ဥရောပတိုက်တစ်ခုလုံး၌ တွေ့ရတဲ့ အင်းဆက်ပိုး ကောင်တစ်မျိုးဖြစ်ပါတယ်။ အဆိုပါပိုးကောင်မှာ လို့ခေါ်တဲ့ ကော့စတစ်အက်စစ်နဲ့တူသော အရည်တစ်မျိုး ပါရှိပါတယ်။ အဲဒီပိုးကောင်ကို စားပြီးနောက်ဆုံးခန္ဓာကိုယ်မှ ပြန်စွန့်ထုတ်တဲ့အခါ အဲဒီအက်စစ်အရည်ကြောင့် ဆီးလမ်းကြောင်းတစ်လျှောက်ပူပူကျင်ကျင်ဖြစ်သွားတာကိုလိင်စိတ်နှိုးဆော်မှုလို့လွဲမှားစွာ ယုံကြည်နေကြ ခြင်းဖြစ်ပါတယ်။ အစစ်အမှန်ပြဿနာက အဲဒီ Catharidin လို့ခေါ်တဲ့ အရည်ဟာ လူကိုအဆိပ်အတောက် ဖြစ်စေတဲ့ ပြဿနာပဲဖြစ်ပါတယ်။ (၃) ယမကာအရက် (Alcohol) လူတွေတော်တော်များများမှားနေတာက"ရဲဆေးတင်"လိုက်တဲ့အရက်ဟာ ကာမအားတိုးဆေးမဟုတ်ဘဲ တကယ်တမ်းကြတော့ ဦးနှောက်ကို ထုံထိုင်းလေးလံစေခြင်းဖြင့် ကာမစိတ်ကိုတောင် တားဆီးဟန့်တား လျော့ကျစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက အရက်နဲ့တွဲဖက်ပြီးတခြားသော မူးယစ်ထုံထိုင်းဆေးဝါးတွေကို သုံးစွဲမယ်ဆိုရင် ပန်းသေ ပန်းညှိုးပြဿနာတောင် ပိုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဆေးတွေဟာ သွေးကြောတွေထဲ သွေးလှည့်ပတ်စီးဆင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိပြီး ကျားဟော်မုန်း တက်စတိုစတီရုန်းပမာဏကိုလည်း လျော့ကျစေတဲ့အတွက် လိင်စိတ်ဆန္ဒပါလျော့နည်းကျဆင်းလာနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဘော်တီမိုးမြို့ရှိ ဂျွန်ဟော့ကင်းဆေးရုံမှ မျိုးဆက်ပွားကျန်းမာရေးဌာန ဒါရိုက်တာ ဒေါက်တာ ကာရင်ဘွိုင်းလ်က ဆိုပါတယ်။ အရက်ယမကာဟာ နည်းနည်းလေးသောက်လိုက်ရင် စိတ်ထကြွရဲဆေးတက် လာတာ မှန်ပေမယ့် အရက်စွဲတဲ့အဆင့်ရောက်ရင်တော့ ပြောင်းပြန်အာနိသင်ကို အောင်မြင်စေမှာဖြစ်ပါတယ်။ (၄) ချောကလက် (Chocolate) ချောကလက်မှာ ဖီနိုင်းအီသိုင်းလမင်းနဲ့ ဆီရိုတိုနင်လို့ခေါ်တဲ့ ဓာတုပစ္စည်း၂မျိုးပါဝင်ပါတယ်။ အဲဒီဓာတ်တွေဟာ ဦးနှောက်ရဲ့ ကျေနပ်နှစ်သက်ခံစားမှု (Pleasure) ဧရိယာနေရာကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ချောကလက်ဟာ လိင်ဆက်ဆံခြင်းကိစ္စလိုပဲ လူကိုကျေနပ်နှစ်သက်ခံစားမှုရသကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ သို့သော်လည်း ချောကလက်ကို ကာမအားတိုးဆေးအဖြစ် မသုံးနိုင်ပါ။ ချောကလက်က လိင်စိတ်ဆန္ဒကို တိုးပွားစေနိုင်တယ်ဆို တဲ့ သုတေသနတွေ့ရှိချက်တွေလည်း မထွက်ပေါ်လာသေးပါ။ (၅) ဂုံး၊ ယောက်သွား (Oyster) တကယ်တော့ ဂုံး၊ယောက်သွားမှာ (Zinc) သွပ်သတ္ထုဓာတ်ပါဝင်ပါတယ်။ ဒီဇင့်သတ္ထုဓာတ်ဟာ သုတ်ပိုး ထုတ်လုပ်ရာမှာ လိုအပ်ပါတယ်။ ဒါ့အပြင် ဂုံး၊ ယောက်သွားအစိမ်း(မချက်ပြုတ်ရသေးသော)မှာ ဒီ-အက်စ်ပါးတစ် အက်စစ်နဲ့ အန့်မီသိုင်း ဒီအက်(စ်)ပါးတိတ်တွေ အများအပြားပါရှိပါတယ်။ အဲဒီဓာတ်တွေဟာ စမ်းသပ်ခံ ခွဲစိတ်ခန်းကြွက်တွေမှာ တက်စတိုစတီရုန်းဟော်မုန်းပမာဏကို မြင့်တက်စေနိုင်ကြောင်း လေ့လာ ချက်တစ်ခုမှာ တွေ့ရှိခဲ့ရတာကြောင့် လိင်စိတ်ကို ထကြွနှိုးဆော်ပေးနိုင်တယ်လို့ ထင်မြင်ယူဆတာဖြစ်နိုင် ကြောင်း ဒေါက်တာကာရင်းဘွိုင်းလ်က ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေရလဒ်ဟာ အငြင်းပွားဖွယ်ပဲ ရှိသေး ကြောင်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ POSTED BY ALEX AUNG AT 6:34 PM

Make Money Online : 
http://ow.ly/KNICZ

No comments:

Related Posts Plugin for WordPress, Blogger...