Saturday 30 July 2016

Van Gogh Or Preacher



ပါရီမြို့က Musée d’Orsay ပန်းချီပန်းပုပြတိုက် 
ဒီနေ့30.7.2016 ဆိုတော့ ဗန်ဂိုးလို့ မြန်မာသံနဲ့အသိများတဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီးရဲ့အမည်အရင်းဟာ Vincent Willem van Gogh ပဲဖြစ်ပါတယ်။ ဒီနေ့ဟာသူရဲ့အသက် 162 နှစ်ပြည့်ခဲ့ပြီလို့ ကမ္ဘာ့အနုပညာ ရှင်ကြီးများကလေးစားဦးညွှတ်တော်မူခဲ့ကြပါတယ်။ ဗန်ဂိုးကို ၁၈၉၀ ခုနှစ် မတ်လ ၃၀ ရက် နယ်သာလန်ပြည် Groot-Zundert မြို့လေးမှာမွေးဖွားခဲ့တာပါ။ ၁၈၉၀ ခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာ သူရေးဆွဲခဲ့တဲ့ပန်းချီကားများကို ထားရစ်ပြီးလောကကို အပြီးတိုင်စွန့်ခွာသွားခဲပါတယ်။ ဗန်ဂိုးဟာ ကျွန်တော့်လိုပဲ အိမ်ထောင်မရှိလူလွတ်ဘဝနဲ့ လောကရဲ့ပရမတ္ထသစ္စာကို ရှာဖွေဖေါ်ထုတ်ခဲ့တဲ့သူဆိုရင် မမှားပါဘူး။ ကျွန်တော်နဲ့မတူတာတစ်ခုက ဗန်ဂိုးကတော့စိတ်ကျမ်းမာ ရေးဆေးရုံမှာ ဆေးကုသမှုခံယူရပြီးကျွန်တော်ကတော့အခု တိုင် ရွာသာကြီးစိတ်ကျမ်းမာရေးဆေးရုံသို့မရောက်သေးပေ။ ဘယ်နေ့ရောက်မည်မရောက်မည်ကိုတော့မသိ။ ဗန်ဂိုးရဲ့တကယ့်ဘဝအစစ်အမှန်ကို ထဲထဲဝင်ဝင်မသိကြ တော့ ပန်းချီဆရာလို့လူသိများနေကြခြင်းဖြစ်ပါတယ်။ ဟာ ဗန်ဂိုးရဲ့ဘဝကို တကယ်မသိကြလို့ပါပဲ။ ဗန်ဂိုးဟာ တကယ်တော့ ဓမ္မဆရာတစ်ဦးဖြစ်ပါတယ်။
အသက် 27 နှစ်ကျော်ကာလတိုင်အောင် နယ်လှည့်ပြီး တရားဟောဓမ္မဆရာအဖြစ်ကျင်လည်ခဲ့ပါတယ်။

ဗန်ဂိုး မွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်
ထိုခေတ်က ကျောက်မီးသွေးတွင်းတူးအလုပ်သမားများရဲ့ ဆင်းရဲမှုကို နှလုံးသားအားဖြည့်သံစဉ်အဖြစ် ဗန်ဂိုးဟာ တရား ဟောရင်းကျင်လည်ခဲ့တာပါ။ ငယ်ငယ်ကတော့ သူ့ဦးလေးရဲ့ပန်းချီဆိုင်မှာအလုပ်လုပ်ပါ တယ်။ ဆိုလိုတာကတော့ ဘဝအစမှာ အရောင်တွေရဲ့ဖန်တီးထား တဲ့ “သမုတိ” ပုံရိပ်တွေဟာ ဗန်ဂိုးရဲ့ဘဝကို လွှမ်းမိုးခဲ့ပါတယ်။ သမုတိပုံရိပ်တွေဟာ အရောင်တွေရဲ့ power ကြောင့်ဖြစ် လာရတယ်ဆိုတာကို ဗန်းဂိုးစတင်သိရှိခဲ့ပါတယ်။ အရောင် Color စုတ်ချက်တိုင်းက ပေးလိုက်တဲ့ အနုအရင်အလင်းအ မှောင်တွေဟာ “ ပရမ္မတ္ထ” တကယ်မဟုတ်ဘဲ “ သမုတိ”တွေ ပါလားဆိုတာကို ဗန်ဂိုးသိရှိပြီး ခရစ်ယာန်တရားဟောဓမ္မ ဆရာအဖြစ် လောကကို အလင်းရောင်ဝေငှခဲ့ပါတယ်။ ထိုအချိန်အခါက ဆင်းရဲသားကျောက်မီးသွေးတွင်းတူးအလုပ် သမားများရဲ့ဘဝကိုကြည့်ပြီး သူသိရှိခံစားထားသော ပရမတ္ထ ကို ကင်းဘတ်ပေါ်မှာ အရောင်တင်ခဲ့ပါတယ်။ ဗန်းဂိုးရဲ့ပန်းချီဆွဲသက်တမ်းဟာ ဆယ်နှစ်ကျော်လေးပဲမို့တို တောင်းလွန်းလှပါတယ်။ ဗင်ဂိုးက သူမသေခင် သူ့အချစ်ဆုံးညီ သီအိုထံသို့ အောက်ပါ အတိုင်းရေးသားခဲ့ပါတယ်။ “အကို့ရဲ့  အနာဂတ်ဘ၀ဟာ မှောင်မိုက်လာနေတယ်။ အစ်ကို့ဘ၀ရဲ့  ရှေ့ အလားအလာကို စိတ်ချမ်းမြေ့ စွာနဲ့ မျှော်ကြည့်လို့ မရနိုင်တော့ဘူး။ အစ်ကို့ရဲ့  ဘ၀ဟာ အမြစ်က ဆုပ်ကိုင်ပြီး လှုပ်တာကို ခံနေရပြီ။ အစ်ကိုလှမ်းနေတဲ့ ခြလှမ်း တွေက မမှန်တော့ဘူး” ဟုရေးခဲ့သည်။ သူရေးခဲ့သည့်အတိုင်း ပဲ ဗင်းဆင့် ဗန်ဂိုး၏ ဘ၀အဆုံးသတ်ရပုံသည် မလှပနိုင်ခဲ့ရှာ ခဲ့ပါဘူး။ သို့သော်လည်း နေ့ရောညည့်ပါရေးဆွဲခဲ့တာမို့ ပန်းချီကားချပ် များနဲ့ Sketch and Study ပုံကြမ်းများ စုစုပေါင်း ၂၀၀၀ နီးပါး ခန့် ရေးဆွဲသွားခဲ့ပြီး ဒီ အာလူးစားသူများဆိုတဲ့ ပန်းချီကားက တော့ သူရဲ့နာမည်ကြီးဆုံး ပန်းချီကားတွေထဲက အစောဆုံး ဆိုရမယ့် ပန်းချီကား တချပ်ပါ၊
အာလူးစားကြသူများပန်းချီကား
အဲဒီ ပန်းချီကားကို ၁၈၈၅ုနှစ် ဧပြီလမှာ ရေးဆွဲခဲ့ပြီး ၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ တော့ ပြင်သစ်ပြည်ပါရီမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာပါတယ်၊ ပြင်သစ်သို့ မရောက်မီအထိ ဗန်ဂိုးရေးဆွဲခဲ့သော အာလူးစား သူများ အပါအဝင် ပန်းချီကားအများစုကို Realism လို့သာ သတ်မှတ်ထားတာကို တွေ့ရှိရပြီး Post-Impressionism ပန်းချီကား တချပ်တလေသာ ရှိပါ တယ်တဲ့၊ ပါရီမြို့ကိုရောက် ရှိပြီးနောက် ရေးဆွဲခဲ့တာတွေကတော့ ကိုယ်တိုင်ရေးပုံတူများ အပါအဝင် Post-Impressionism ပန်းချီကားအများအပြားကို ရေးဆွဲခဲ့တာပါ၊ နောက်ပိုင်းတောက်လျှောက် သူ ပြောင်းရွှေ့ နေထိုင်ခဲ့ရာ မြို့များဖြစ်ကြတဲ့ Arles, Saint-Rémy-de-Provence, Auvers-sur-Oise မြို့များမှာလည်း ကွယ်လွန်ခဲ့ ချိန် နောက်ဆုံးနေ့ရက်တိုင် Post-Impressionism ပန်းချီကား များကို ရေးဆွဲခဲ့တာလို့ ဆိုကြပါတယ်၊
အခုမြင်တွေ့ရတဲ့ပန်ချီကားကတော့ ဗန်ဂိုး စိတ်ကျန်းမာရေးဆေးရုံတက်ရောက်ကုသနေချန်
မှာ ဆွဲထားတာလို့ဆိုပါတယ်။


Art, Van Gogh oil painting, Starry Night Over the Rhone,.
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နေထိုင်ရာ ရန်ကုန် 30.7.2016 ရက်နေ့လေးဟာဖြင့် နှလုံသားလှတဲ့ဆရာကြီး ဗန်းဂိုးရဲ့အသက် 162 နှစ်ပြည့်တဲ့နေ့လေးမှာ ဒီဆောင်းပါးလေးဖြင့် ဓမ္မဆရာကြီး ဗန်ဂိုးကို ဂါရဝပြုလိုက်ရပါတော့သည်။
ဗန်ဂိုး မွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်
ဘိုရီနာဂ်ျက ဗန်ဂိုးအိမ်များ 
လွန်ခဲ့သော ၁၂၅ နှစ်က ဗန်ဂိုး နောက်ဆုံးနေခဲ့ရာ နေရာ
Autoportrait à Saint Rémy (1889) Musée d'Orsay ဗန်ဂိုးကိုယ်တိုင်ဆွဲပုံတူ
ဓါတ်ပုံနှင့်အချက်အလက်ကိုးကား
https://maungyinngatay.blogspot.com
http://8888newgenerations.blogspot.com/
ဒိုးကြီး
Related Posts Plugin for WordPress, Blogger...