Tuesday 23 May 2017

ငတုံး . . .တွေ


ခေတ်ကို လှန်ကြည့်
အက္ခရာသတ်ပုံသတ်ညွှန်းတွေပဲတွေ့လေ မလား . .။
သေချာမှာကတော့
လူသေကောင်ကို
အင်္ကျီပြောင်းပြန်ဝတ်ပေးတဲ့ဓလေ့လောက် တုံး အ ကြမှာဟုတ်ဘူး . .။
အရိုး ကို
စွဲမနှုတ်နိုင်ကြတဲ့ အယူဝါဒတွေကြားမှာ
ဗေဒင်ယတြာဆိုတာ
တကယ့်နတ်သက်ဝင်ဆေးတစ်လက်ပေါ့  . . . ဗျာ။
ခံကြပေါ့
ခေတ် တစ်ခေတ်တိုင်းမှာ
တုံးတဲ့ကောင်တွေပဲ ခံရလေ့ရှိသကိုး . .။
ယုံကြပေါ့
စကားလုံးတွေကို ကိုးကွယ်
အသံထွက်တွေကို ကိုးကွယ်
ရုပ်တုတွေကို ကိုးကွယ်
အရောင်အဆင်းတွေကို ကိုးကွယ်
တန်ခိုးပြာဋိဟာကို ကိုးကွယ်
အချွန်အတက်တွေကို ကိုးကွယ်
နောက်ဆုံးတော့
မင်းတို့ဟာ
ရပ်ပြစ်ရှစ်ပါးထဲကကောင်တွေပဲဖြစ်သွားတယ် . .။
ဒိုးကြီး(ဝိဘဇ္ဇ) 22.May.17. 5;26pm


No comments:

Related Posts Plugin for WordPress, Blogger...