Tuesday 9 May 2017

သူရူးတစ်ကောင်၏ အဘိဓာန်


ငါ ယုံကြည်ရာကို ရှာဖွေခဲ့သလို
ငါ့ ယဉ်ကျေးမှုကိုလည်း ဆုတ်ကိုင်ခဲ့တယ်
ငါဟာ နောက်ဆုတ်သူမဟုတ်သလို ခြေလှမ်းတိုးသူလည်းမဟုတ်
ငါဟာ ငါမဟုတ်တာကို ငါမဟုတ်ခြင်းဟု ငါမဟုတ်သောကဗျာကို
ငါမဟုတ်သလိုပဲ ရေးနေမိခြင်းသာဖြစ်သည်။
ထို့ကြောင့်    
ငါသည် ငါမဟုတ်သလို သင်သည်လည်း သင်မဟုတ်ခြေ
ငါ သူတစ်ပါး ယောက်ျား မိန်းမ လူကောင် နတ်ကောင်ဟူသည်
သူရူးတစ်ကောင်၏အဘိဓာန်သာဖြစ်သည်။
ယင်းသည်ကား  . . . .
ယင်းသည်ကား  . . . .
ယင်းသည်ကား  . . . .
သူရူးတစ်ကောင်၏ အဘိဓာန်သာဖြစ်ပေတော့၏ . .။
ဒိုးကြီး(ဝိဘဇ္ဇ)






No comments:

Related Posts Plugin for WordPress, Blogger...