Thursday 22 June 2017

အလွမ်းကောင်တွေအတွက် အလွမ်းမှတ်စု (က)


တကယ်ရှိတကယ်ဖြစ်နေတာကို သိနေတာကို ယထာဘူတဉာဏ်လို့ခေါ်တယ်၊
ရုပ်မှာ တကယ်ရှိနေတာ နာမ် မှာတကယ်ရှိနေတာ
ဘာတွေရှိနေတာလဲ
ပြောင်းလဲမှုတွေရှိနေတာ
ဘာတွေပြောင်းလဲနေတာလည်း
ခံစားမှု တွေပြောင်းလဲနေတာ
ဘာခံစားမှုတွေလဲ
သဘာဝခံစားမှုတွေ
ဘာသဘာဝ ခံစားမှုလဲ
ချစ်ခြင်း မုန်းခြင်း ခံစားမှုတွေပေါ့၊
ချစ်ခြင်းက လောဘ ခံစားမှု မုန်းခြင်းက ဒေါသခံစားမှု ချစ်ခြင်းက လိုချင်တဲ့ခံစားမှု မုန်းခြင်းက မလိုချင်တဲ့ ခံစားမှု ချစ်တဲ့အခါ လိုချင်တယ် မုန်းတဲ့အခါ မလိုချင်ဘူး ၊ လိုချင်တဲ့အချစ်ကို မရရင် ခံစားမှုစိတ်က လောဘပဲ ဒီလောဘစိတ်ကလေးကို လောဘမှန်းမသိဘူး အစားထိုးဥပမာလေးထည့်ကြည့်ပါဦးမယ် အိုင်ဖုန်းလေးလိုချင် တယ်ဆိုရင် လောဘခံစားမှုပဲ ၊ ဟိုဆော်လေး လိုချင်တယ်ဆိုတာလည်း လောဘခံစားမှုပဲ ၊ ဒီ ဘဲလေးကိုလို ချင်တယ်ဆိုတာလည်း လောဘခံစားမှုပဲ ဒီခံစားမှုက လိုချင်တဲ့သူတိုင်းမှာဖြစ်နေတာမျိုး ကမ္ဘာပေါ်ရှိ ပုဂ္ဂိုလ် သတ္တဝါ မရွေးဘူးနော်၊ လိုချင်တဲ့ကောင်မှန်သမျှ လောဘခံစားမှုဝေဒနာသည်ပဲ။ ဒါဆိုရင် အိပ်ယာထဲလဲနေတဲ့ သူကိုမှ ဝေဒနာသည်လို့ ခေါ်တာမဟုတ်ဘူးဆိုတာကို စာဖတ်သူနားလည်လာပြီ၊ ဒီလို နားလည်ရင်ကိုပဲ နဲတဲ့ ဉာဏ်ရည်ဉာဏ်သွေးမဟုတ်ဘူးလို့မှတ်။
ကမ္ဘာ့ပုဂ္ဂိုလ်အများစုက ခံစားမှုကိုနားမလည်ဘူး ကိုယ့်မှာ စက္ကန့်တိုင်းဝေဒနာတွေ ဖြစ်နေတယ် တက်နေတယ် ဆိုတာကို မသိဘူး ၊ အဆင့်မြင့်နည်းပညာဖြင့် ငွေကုန်ခံပြီး ဆေးရုံမှာ medical check up လုပ်ကြည့်တယ် အ ဖြေထွက်လာတာ OK ပဲ ဆီးချိုသွေးချိုဘာမှဆိုဘာရောဂါမှမရှိဘူး .တဲ့။ ဒါဆိုရင် ဝေဒနာသည် ရောဂါသည်မ ဟုတ်ဘူးလို့ ခံယူမိသွားတယ်။ တကယ်တန်းသူ့မှာ ဒီလို စာပေတွေမဖတ်ထားဘူးဆိုရင် စက္ကန့်တိုင်းသူဟာ ဝေ ဒနာသည်ဖြစ်နေတယ်ဆိုတာကို သိမှာမဟုတ်ဘူး။
ဒါ့ကြောင့် ဒီစာဖတ်သူမှာ ပထမအဆင့်ဉာဏ်က ကိုယ်ဟာ စက္ကန့်တိုင်းမှာ ဝေဒနာသည်ဖြစ်နေသလို ကမ္ဘာကြီး မှာရှိရှိသမျှ သောသူတွေဟာ ဒီစာကိုမဖတ်ဘူးလို့ ဗုဒ္ဓဝါဒကိုထဲထဲဝင်ဝင်မသိဘူးလို့ ကျွမ်းကျင်လိမ္မာသော တရားဟောဆရာများ၏ ဝေဒါနာရှင်းတန်းကို မနာကြားမလေ့လာဖူးဘူးဆိုရင် သူဟာ သူတကယ်ဖြစ်နေတဲ့ အဖြစ် မှန် ဝေဒနာသည်တစ်ယောက်ဆိုတဲ့ အသိဉာဏ်ကဏ်းနေပြီပေါ့ဗျာ။
စာဖတ်သူဟာ ကိုယ်ဟာ ဝေဒနာသည်တစ်ယောက်ဆိုတာကို အခုသိရပြီ ၊ လက်တလော ငါ့မှာ ဘာဝေဒနာ တွေ ကပ်ငြိနေလည်းဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ scrutinize လုပ်ရမယ်ပြီးရင် ကိုယ်ကိုယ်တိုင်ပဲ appraisal လုပ်ရမှာ သူများလုပ်ပေးလို့မရဘူး။
ကိုယ်က ဘာဝေဒနာ ခံစားနေရတာလဲ ၊ အလွမ်းဝေဒနာလား ခါးနာဝေဒနာလည်း စတဲ့ဝေဒနာကိုအမည်တပ်ဖို့ ကိုယ်တိုင်ပဲ ကြည့်မှရမှာ ၊ ဟုတ်ပြီ အလွမ်းဝေဒနာဆိုရင် ဒီအလွမ်းကို ကုသဖို့အတွက် ဆေးလိုတာပေါ့။ အခု အဆင့်လောက် သိနေရင်ကို စာဖတ်သူရဲ့ ဉာဏ်စဉ်ဟာ ယထာဘူတဉာဏ်ကိုရောက်ဖို့ တံခါးဖွင့်နေတာပဲ ။
ယထာဘူတဉာဏ်ဆိုတာ လောကကို ဟုတ်တိုင်းမှန်စွာသိနေတာကိုပြောတာ။ လောကမှာဖြစ် နေတာ တွေကြုံနေ ရတာတွေကို ဝေဒနာတစ်ခုအနေနဲ့ မခံစားတော့ဘဲ ယင်းဖြစ်ခြင်းကြုံခြင်းတွေကို အမှန်အတိုင်း ဘောဘဆိုတဲ့ လိုချင်တဲ့ ဝေဒနာမကပ်ဘဲ ဒေါသဆိုတဲ့ မုန်းတဲ့မလိုချင်တဲ့ဝေဒနာမကပ်ဘဲ သိနေတာပေါ့။ ထို ဉာဏ်ပိုင်ရှင်မှာ လိုချင်ခြင်းမလိုချင်ခြင်း ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ဝေဒနာကို သိနေတယ် သိတဲ့အလျှောက် တဒင်္ဂအတွင်းမှာပဲ စွန့်လိုက်တယ်။
ဒီတော့က ယထာဘူတဉာဏ်ကို တံခါးဖွင့်နေတဲ့ စာရှု့သူဟာ ကိုယ်ခံစားနေရတဲ့ဝေဒနာကို ဘာဝေဒနာလည်း ဆိုတာ သိအောင်ကြည့်ရမယ် ဒါ နံပါတ် (၁)ပေါ့။ ဟုတ်ပြီ  သိပြီ အလွမ်းဝေဒနာဆိုပါစို့ ၊ ဒီအသိက နံပါတ်(၂) ဉာဏ်စဉ်ပေါ့။ ယင်း အလွမ်းဝေဒနာဟာ စာရှု့သူရဲ့ ဘယ်နေရာမှာ ဖြစ်နေတာလည်းဆိုတာကို သိအောင်လုပ် ရမယ်ဆိုရင် သိတာပေါ့ စိတ်မှာဖြစ်နေတာမဟုတ်လား၊ ဒီလိုသိတဲ့ ဉာဏ်စဉ်ဟာ နံပါတ်(၃)ဉာဏ်စဉ်ပေါ့ဗျာ။ ဒီ ဉာဏ်စဉ်အဆင့်ရောက်နေတဲ့ စာရှု့သူဟာ အလွန်မတန် ကံကောင်းသူဖြစ်နေတယ်ဆိုတာကို သိမှာမဟုတ် သေးဘူး ၊ ဒီစာကို ဆက်ဖတ်ရင်း ဆက်ဖတ်ရင်းနဲ့မှ သြော်  ..  ငါဟာ အလွမ်းဝေဒနာသည်ဘဝက လွတ် မြောက်ခဲ့ပါပြီကောလား  ..  ဟု သိသွားတဲ့အချိန်ကြမှ အခုစာရေးသူကို များစွာ ကျေးဇူးတင်ပါလိမ့်မည်။
အချိန်ရရင် ဆက်ရေးပေးပါ့ဦးမယ်  ..

ဒိုးကြီး(ဝိဘဇ္ဇ)23.Jun.2017- 10:41Am

No comments:

Related Posts Plugin for WordPress, Blogger...