Tuesday 4 July 2017

Venus ဂြိုလ်၏ စိုးမိုးမှုများ


♥  ♥  ♥  ♥  ♥ 
2014-ခု လောက်မှာ astrology ပညာရပ်ကို ရန်ကုန်တာမွေဗျိုင်းရေအိုးစင်လမ်းက ပုဏ္ဏားဆြာကြီး ကာလာစံ ထံမှာ လေ့လာဆည်းပူးခဲ့ဖူးပါတယ် ဒီအရင် ဆြာဘုန်းတော်ကြီးများနှင့်လူဆြာတစ်ယောက်လည်းရှိပါသေး တယ်။ စကား ပလ္လင်ခံရတာက ဒီလိုပါ။ USA နိုင်ငံလုပ် brand ဖြစ်တဲ့ Fender Hollow ဂစ်တာကို ဝယ်သုံး ပါ တယ်။ အထက်ကပြောခဲ့တဲ့ ဗေဒင်ကိန်းခဏ်းအရ ကံဆိုးမိုးမှောင်ကြချိန်ဖြစ်နေတာကြောင့် ၊ ဆိုလိုတာက venus ဟာ  Aquarius ခွင်မှာရှိနေတာဗျ။ ဒါကို စေတန်က 180ံနဲ့ ဒဲ့မြင်ချိန်ဖြစ်နေတယ်။ အဲဒီ တစ်နှစ်ခွဲကာလ မှာ Mars က တစ်ဖန် အတန့်သဘောနဲ့ပြောရင် 7 တန့်နဲ့လှမ်းမြင်တယ်၊သူ့ရဲ့မြင်ပိုင်ခွင့်ကာလဟာ အလွန်ဆုံး 28 ရက်တစ်လောက်ပေါ့။
ဒီအချိန်မှာ ကျွန်တော်ဘာတွေဖြစ်သလဲဆိုရင် အစောကပြောခဲ့တဲ့ နာမည်ကြီး အသစ်ချက်ချွတ် ဂစ်တာဟာ လုံးဝလုံးဝ ကြိုးပျက်တယ် ၊ နှစ်ရက်ကို တစ်ချောင်းနှုန်းပြတ်တယ်။ တစ်ချောင်းကို ငါးရာကျပ်နဲ့ နှစ်လလောက် ဆိုတော့ ကျွန်တော်သေပြီပေါ့ဗျာ။
နံပါတ်နှစ်ကတော့ ဂစ်တာဆိုတဲ့ venus နဲ့ကိုယ်စားပြုတဲ့ မိန်းမပါ ပါလာတယ်။ ကျွန်တော် လိုင်းပေါ်မှာ မိန်းခ လေးတစ်ယောက်နဲ့ ကွိုင်တွေတက်တယ်ဗျာ။
ဒီတော့က မိမိရဲ့ မူလရာသီခွင်တစ်ခုပေါ်ရှိ သောကြာဂြိုလ်ကို စေနေ က မြင်ခြင်း အင်္ဂါကဖြတ်ခြင်းတို့ကြုံတဲ့အ ခါမျိုးမှာ ဒါမျိုးတွေဖြစ်တက်ပါတယ်။ ဒီလိုပြောတော့ ဗဟုသုတနဲပါးသူများက ကဲ့ရဲ့တက်ပါရဲ  .ဒါကြောင့် အကိုးအကားလေးထုတ်ပြမယ်ဗျာ။
အမေရီကန်ရဲ့ ၃၂ ယောက်မြောက် သမ္မတဖြစ်သော ဖရင် ကလင် ဒီလာနို ရုစဗဲ့ (ခရစ် ၁၈၈၂-၁၉၄၅)  ဟာ အခုပြောတဲ့ astrology ပညာရပ်ကိုတော်တော် ကျွမ်းကျွမ်းကျင်တယ်ဗျ။ သူ့ရဲ့ အိမ်ဖြူတော် ရုံးခန်း သူ့ထိုင်ခုံကြောနောက်နေမရာမှာ သူ့ရဲ့ ဖွားဇာတာခွင် နက္ခတ်စက်ရာသီကို ဒီဇိုင်းဆွဲပြီးကပ်ထားပါတယ်။
တစ်နေ့တော့ သူ့ မိတ်ဆွေတွေလာတဲ့အခါ  အဲဒီ ရာသီစက်ဝိုင်းဇာတာခွင်ကို လက်ညိုးထိုးပြပြီး   ..
῍ဘော်ဒါတို့ရေ ῍
῍ဟော ဒီမြင်နေရတဲ့ ပုံကြီးက ῎
῍ကျွန်တော့် မိန်းမနဲ့ ကျွန်တော် ဘယ်တော့ စကားများမလဲဆိုတာကို῎
῍စောင့်ကြည့်နေရတယ်  . . ဗျာ῍
ဟုတ်ကဲ့ စာရှုသူမိတ်ဆွေတို့ခင်ဗျား  . .
ကျွန်တော်အခုလောက် ချပြလိုက်သည်နှင့် အတော်အတန်တီးမိခေါက်မိရှီလောက်ပါပြီ။
အခု ကျွန်တော်ဖြစ်နေတာဟာ သမ္မတကြီး ရုစဗဲ့ပြောသလိုပါပဲ  .. ဒါတွေကို ဟိုးလွန်ခဲ့သော နှစ်များ စွာကတည်းက သိနားလည်ခဲ့သူဖြစ်တာကြောင့် အခုဖြစ်နေတဲ့ ကိစ္စတွေကို ကိစ္စလို့ပဲ မှတ်ယူလိုက်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာကြီးဟာ ဂြိုလ်ပဲ ဂြိုလ်ဟာလည်းကမ္ဘာပဲ ကမ္ဘာကိုအမှီပြုသော ကျွန်တော်တို့လူသားတွေအ အတွက် နံက်ခင်းတိုင်းကတော့ ခင်ဗျားတို့ နှုတ်ဆက်နေတဲ့ မင်္ဂလာပါ ဆိုတဲ့ အနက်အသွားကတော့ ဖြစ်မလာ နိုင်ပါဘူး။
ဒိုးကြီး(ဝိဘဇ္ဇ) 04.Jul.17-5:30Pm


No comments:

Related Posts Plugin for WordPress, Blogger...