Sunday 19 April 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတွေတီထွင်ထားတဲ့ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း ပြင်သစ် ဆေးပညာနိုဗယ်လ်ဆုရှင် ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတွေတီထွင်ထားတဲ့ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း ပြင်သစ် ဆေးပညာနိုဗယ်လ်ဆုရှင် ပြောကြား
ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုကို ၂၀၀၈ ခုနှစ်က ချီးမြှင့်ခြင်း ခံခဲ့ရသည့် ပါမောက္ခ ‌ဒေါက်တာ Luc Montagnier ကCovid – 19 ဗိုင်းရပ်စ်ပိုးဟာ လူအများယုံကြည်နေကြသည့် သဘာဝအရ ဖြစ်လာသော ပိုးတစ်မျိုးဖြစ်ပြီး လင်းနို့မှတစ်ဆင့် လူသားများထံကူးစက် ခဲ့သည်ဆိုသည့် ယူဆချက်ကို ငြင်းဆန်လိုက်ပါတယ်။
တရုတ်သုတေသန ပညာရှင်များဟာ အေအိုင်ဒီအက်စ် ရောဂါပျောက်ဆေးကို ထုတ်လုပ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သုတေသနပြု ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် သိရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြန့်နှံ့လာသည် ဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရမှ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု့ ဇာတ်လမ်းဟာ မယုံကြည်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရဆိုရင်လည်း လူ ၁၁၀,၀၀၀ ‌လောက်သေဆုံးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဇာတ်လမ်းဟာ လုံးဝကြီးကွဲလွဲဆန့်ကျင်နေပါတယ်။
ဒီဗိုင်းရပ်စ်ဟာ HIV ဆေးရှာဖွေရင်း တွေ့ခဲ့တာဖြစ်ပြီး ဝူဟန်မြိုက ဓာတ်ခွဲခန်းကတစ်ဆင့် မတော်တဆ လွတ်ထွက်လာတာပါ။ အေအိုင်ဒီအက်စ် ရောဂါပျောက်ဆေး ထုတ်လုပ်ဖို့အတွက် ကြားခံဗိုင်းရပ်စ်အဖြစ် အသုံးပြုခဲ့တဲ့ ဗိုင်းရပ်စ်တစ်ခုပါ ” လို့ ဒေါက်တာ Luc Montagnier က ပြောကြားခဲ့ပါတယ်။
ဒေါက်တာ Montagnier ဟာ ပြင်သစ်အခြေစိုက် Pourquoi Docteur ရဲ့ နေ့စဉ် ဆေးပညာဆိုင်ရာ အမေးအဖြကဏ္ဍမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ပုံနဲ့ပတ်သက်တဲ့ မေးခွန်းကို Dr Jean-François Lemoine ကမေးမြန်းစဉ်မှာ အထက်ပါအတိုင်း ဖြေကြားခဲ့တာဖြစ်တယ်လို့ GILMORE ကျန်းမာရေး သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါသည်။
” ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ဇီဝဗေဒပညာရှင် Jean-Claude Perez တို့နှစ်ဦး ဒီ (ကိုရိုနာဗိုင်းရပ်စ်) ရဲ့ မျိုးရိုးဗီဇကို ဂရုတစိုက် လေ့လာကြည့်တဲ့အခါ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါကို အချို့သုတေသန ပညာရှင်တွေလည်း တွေ့ရှိထားပြီးဖြစ်သ လို အိန္ဒိယ သုတေသနပညာရှင်တွေကဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ HIV ကုသဆေးဖော်ထုတ်ဖို့ ကြိုးပမ်းမှုကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ကြေညာခဲ့ပြီးမှ သူတို့ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေ့ရှိချက်ကို ပြင်ပကကြီးမားတဲ့ ဖိအားတွေကြောင့် ပြန်လည်ရုပ်သိမ်း လိုက်ရပုံ ရှိပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြောကြားရာမှာလည်း ဒါဟာ ဝူဟန် ဓါတ်ခွဲခန်းကနေမတော်တဆ လွတ်ထွက်လာတာသာ ဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုဖန်တီးမှုဟာ HIV ဆေးဖော်ဖို့ ကြိုးစားမှုအတွက်သာ ဖြစ်တယ်လို့ ထပ်မံပြောကြား သွားခဲ့ပါတယ်။
ဒိုးကြီး(ဝိဘဇ္ဇ) 19.4.2020

No comments:

Related Posts Plugin for WordPress, Blogger...