ကြေမွသွားရင်လည်း တစ်မှုံခြင်းပြန်ဆက်ကြတာပေါ့။ ဘဝဆိုတာ အစကတည်းက တွဲစပ်လာတာမှမဟုတ်ခဲ့တာကို။ ငါတို့ . . ပြန်လှည့်ကြမယ် .. . ငါတို့ .. ပြန်ကောက်ကြမယ် .. ငါတို့ . . တစ်လှမ်းစီရွေ့လျှားကြမယ်။ သြော် .. အချစ်ဆိုတာ မီးတစ်စရဲ့အစိုင်အခဲတစ်ခုရယ်လို့ ပိုးဖလံလိုမှ မသိခဲ့ရတာကိုး .. ။ မှတ်ချက်။ ။ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်ခန့်ကချစ်ဦးသူကို ရည်စူး၍ ရေးသားစပ်ဆိုမိပါသည်။ တိုက်ဆိုင်မှုရှိရင်နားလည်ပေးပါ။