ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတွေတီထွင်ထားတဲ့ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း ပြင်သစ် ဆေးပညာနိုဗယ်လ်ဆုရှင် ပြောကြား
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတွေတီထွင်ထားတဲ့ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း ပြင်သစ် ဆေးပညာနိုဗယ်လ်ဆုရှင် ပြောကြား ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုကို ၂၀၀၈ ခုနှစ်က ချီးမြှင့်ခြင်း ခံခဲ့ရသည့် ပါမောက္ခ ဒေါက်တာ Luc Montagnier ကCovid – 19 ဗိုင်းရပ်စ်ပိုးဟာ လူအများယုံကြည်နေကြသည့် သဘာဝအရ ဖြစ်လာသော ပိုးတစ်မျိုးဖြစ်ပြီး လင်းနို့မှတစ်ဆင့် လူသားများထံကူးစက် ခဲ့သည်ဆိုသည့် ယူဆချက်ကို ငြင်းဆန်လိုက်ပါတယ်။ တရုတ်သုတေသန ပညာရှင်များဟာ အေအိုင်ဒီအက်စ် ရောဂါပျောက်ဆေးကို ထုတ်လုပ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သုတေသနပြု ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် သိရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြန့်နှံ့လာသည် ဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရမှ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု့ ဇာတ်လမ်းဟာ မယုံကြည်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရဆိုရင်လည်း လူ ၁၁၀,၀၀၀ လောက်သေဆုံးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဇာတ်လမ်းဟာ လုံးဝကြီးကွဲလွဲဆန့်ကျင်နေပါတယ်။ ဒီဗိုင်းရပ်စ်ဟာ HIV ဆေးရှာဖွေရင်း တွေ့ခဲ့တာဖြစ်ပြီး ဝူဟန်မြိုက ဓာတ်...