အလှကိုယ်စီ

ကျွန်တော့ရဲ့ photo essay သင်ခန်းစာအတွက် ရိုက်ရမယ့် ရိုက်ကွက်တွေမရှိ
ဘူးဖြစ်နေတယ်။
ခေါင်းစဉ်ရွေးချယ်မှုမမှားခဲ့ပေမယ့် ပြင်သစ်ဆရာရဲ့အတွေးနဲ့ကျွန်တော့အတွေး
ကွဲလွဲမှုတွေကြောင့် ကျွန်တော်လိုချင်တဲ့ဓာတ်ပုံတွေကို ပြင်သစ်ဆရာကမကြိုက်
ဘူးဗျ။
ဒီတော့ ကျွန်တော့ရင်ဘတ်ထဲ အနုပညာပျောက်သွားတယ်။ တွေ့လိုက်တာက
တော့ ဖုန်းပြောနေတဲ့ ကောင်မလေးပဲ။ ပြောမယ်ဆိုရင် ကျွန်တော့ တူမလေး
အရွယ်လောက်ပါ။
သူဖုန်းပြောနေတဲ့ သူ့မျက်နှာလေးက bright ဖြစ်တယ်ဆိုတာထက် Sweet  
ဖြစ်နေတာမျိုးလေးဗျ။
ဒါနဲ့ သူ့နံဘေးကသူငယ်ချင်းထံခွင့်တောင်းပြီးရိုက်လိုက်တာပါ။
အကြင်နာနှလုံးသားဖြင့်
ဒိုးကြီး

Comments

Popular posts from this blog