မယ်စကြာဝဠာ ပြိုင်ပွဲတွင် ကိုလံဘီယာအလှမယ် ဗီဂါ အောင်ပွဲခံ


မယ်စကြာဝဠာ အလှမယ် ပြိုင်ပွဲတွင် ကိုလံဘီယာအလှမယ် ပေါ်လင်နာ ဗီဂါက အောင်ပွဲခံနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံ၊ မီယာမီတွင် ဇန်နဝါရီ ၂၅ ရက်က ကျင်းပသည့် ပြိုင်ပွဲ၌ ဗီဂါသည် အမေရိကန် အလှမယ် နီယာဆန်းချက်ဇ်ကို ကျော်ဖြတ်ကာ မယ်စကြာဝဠာ သရဖူကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အသက်(၂၂)နှစ်ရှိ စီးပွားရေး စီမံခန့်ခွဲမှုအထူးပြု ကျောင်းသူလေးက ယခုပြိုင်ပွဲသည် သူမအတွက် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မှု အတွေ့အကြုံဖြစ်ပြီး နောက်ဆုံးလည်း ဖြစ်လိမ့်မည်ဟု ဆိုသည်။ ဘာရန်ကွီလာဒေသဖွား ဗီဂါက မယ်စကြာဝဠာ ပြိုင်ပွဲတွင် အောင်ပွဲခံခဲ့သည့်နောက် ပညာရေးဘက်သို့သာ ပြန်လည် အာရုံစိုက်လိုကြောင်း ဖွင့်ဟထားခဲ့သည်။

သူမသည် နောက်ဆုံးအဆင့် ပြိုင်ပွဲများ မကျင်းပမီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ကတည်းက “ဒီလို ပြိုင်ပွဲမျိုးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတယ်ဆိုတာက အမျိုးသမီး တစ်ယောက်အတွက်တော့ အိပ်မက်တွေ တကယ် ဖြစ်လာသလိုပါပဲ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ အလှအပနဲ့ ကျက်သရေရှိမှုကိုပဲ အာရုံစိုက်သင့်တာ မဟုတ်ပါဘူး။ ထူးချွန်ထက်မြက်မှု၊ အလုပ်ကြိုးစားမှုတွေနဲ့ ပြည့်စုံတဲ့ ပရော်ဖက်ရှင်နယ် ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့လည်း လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ဗီဂါ၏နောက်တွင် အသက်(၂၄)နှစ်အရွယ် အမေရိကန်မယ် ဆန်းချက်ဇ်က ဒုတိယ ချိတ်ခဲ့ပြီး တတိယ နေရာကိုမူ ယူကရိန်းမှ ဒိုင်ယာနာ ဟာကူရှာက ပိုင်ဆိုင်ခဲ့သည်။ နောက်ဆုံးအဆင့် (၅)ဦးစာရင်းတွင် ဂျမေကာမှ ကာဆီဖန်နဲလ်နှင့် နယ်သာလန်မှ ယက်စ်မင် ဗာဟိုင်ဂျန်တို့လည်း ပါဝင်ခွင့် ရရှိခဲ့သည်။

ယခုနှစ် (၆၃)ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၈၈)ခုမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

_Ref: NBC
http://7daydaily.com/story/30316#.VMX8ENKUd5c

Comments

Popular posts from this blog