အပ္ပမာဒ (၈)



ငါ့မှာ ရောင်းစားစရာဆိုလို့
မာန တစ်ချပ်ပဲရှိတော့တယ်။

စတီဒီယိုခေတ်ဦးသီချင်းသီကြီးဟင်္သတထွန်းရင်က
အညာပြန်တာအသဲမပါတော့ဘူး  .. တဲ့။

ငါမှာတော့မွေးကတည်းကပါလာတဲ့အသဲလည်း
မင်းတစ်ယောက်တည်း
အစိမ်းစက်စက် စားပစ်ခဲ့တာပဲလေ။

ငါဘာမှမပြောခဲ့ဘူးနော်  ..
မင်းလုပ်သမျှ ပြုံးပြုံးလေးထိုင်ကြည့်နေတဲ့ငါဟာ
ချစ်လို့ပေါ့။

ငါအစကတည်းက ယုတ်မာခဲ့ရမှာ
ငါအစကတည်းက မိုက်ရိုင်းခဲ့ရမှာ
ငါအစကတည်းက ထိုးကြိတ်ခဲ့ရမှာ
ငါအစကတည်းက ၀ါးမျိုခဲ့ရမှာ
ငါအစကတည်းက ခြေမွပစ်ရမှာ
ငါအစကတည်းက ထိုးကော်ပစ်မှာ
ငါအစကတည်း သိပ်သည်းပစ်ရမှာ
ငါအစကတည်းက ဖြိုချပစ်ရမှာ
ငါအစကတည်းက ပေါက်ကွဲပစ်ရမှာ
ငါအစကတည်းက မွှေနှောက်ခဲ့ရမှာ
ငါအစကတည်းက ထုထောင်းခဲ့ရမှာ
ငါအစကတည်းက ငုံထားခဲ့ရမှာ
ငါအစကတည်းက ထူထဲခဲ့ရမှာ
ငါအစကတည်းက ထိုးထက်ခဲ့ရမှာ
ငါအစကတည်းက သိုသိပ်ပစ်ရမှာ
ငါအစကတည်းက ထုကော်ခဲ့ရမှာ
ငါအစကတည်းက ပွတ်တွန်းခဲ့ရမှာ
ငါအစကတည်းက စုတ်သတ်ခဲ့ရမှာ
ငါအစကတည်းက ရိုက်ပုတ်ခဲ့ရမှာ
ငါအစကတည်းက ဇွတ်လုပ်ပစ်ရမှာ
ငါအစကတည်းက ထောက်ထည့်ပစ်ရမှာ
ငါအစကတည်းက ဖိဖုံးခဲ့ရမှာ
ငါအစကတည်းက ဒုန်းစိုင်းခဲ့ရမှာ
ငါအစကတည်းက နှောက်နှေးခဲ့ရမှာ
ငါအစကတည်းက ပုံမှန်ခဲ့ရမှာ
ငါအစကတည်းက  - - - - - - - - -
ငါအစကတည်းက - - - - - -  - - -

မင်းကို ငါချစ်တယ်
ငါ့ကိုပဲ မင်းသတ်ခဲ့တယ်။

ငါအသတ်မြန်မြန်မထွက်အောင်
မင်းတမင်ညှင်းဆဲနေတာလား။

ငါ့မှာ ငိုစရာလက်ကျန်မရှိတော့ဘူးနော်
ငါ့မှာ ဆုံးစရာအသဲနှလုံးတစ်စုံတရာမရှိတော့ဘူးနော်

ဒါပေမယ့်
နောင်တရစရာတွေတော့ ကျန်နေရစ်သေးတယ်။
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
အားလုံးမင်္ဂလာပါ
ဒိုးကြီး



Comments

Popular posts from this blog