နံပြားတစ်ချပ် . 11 billion




ပဲပြုတ်နဲ့ နံပြား
ခေတ်စားနေတဲ့အချိန်မှာ
သစ်တောက 5% ပဲကျန်တော့တယ် . . .။

မြန်မာပြည်မှာသူခိုးဆိုတာမရှိဘူး
ဒါပေမယ့်
သယံဇာတကတော့ကုန်ပြီ  .. ။

ပညာရေးစနစ်ဆိုတာအသာထားလိုက်ဦး
အနာဂါတ်အတွက်
စာလုံးပေါင်းသတ်ပုံကျမ်းတွေတောင်ပြဲနေပြီ။

ဒီလိုပြောတဲ့ ငါ့သံကို
ဘယ် Dictionary ထဲမှာမှလှန်မကြည့်နဲ့
ရင်ဘက်တည့်တည့်ထဲသာ Copy-Past လုပ်လိုက်. ..။

ချစ်သူများနေ့ပဲရှိတယ် အသဲကွဲတဲ့နေ့မရှိဘူး
သို့သော်  ..
ဘုံဆိုင်မှာတော့ ရှိတယ် . . ။

11 -Billion အကြောင်းလာမပြောနဲ့ ဒီမှာ . ..
ထမင်းတစ်နပ်အတွက် ကဗျာစပ်ဆိုနေတုန်း . .။

လောက်လည်းမကိုင်နိုင်သေးဘူး
သေချင်တဲ့ကောင်သေပါစေ  . ..
အဲဒါတွေအားလုံးဟာ နိုင်ငံရေးပန်းချီတွေပါ။

စစ်တုရင်ပွဲလိုပေါ့ . .
ပွန်းဆိုတာအမြဲတမ်း စစ်ဘုရင်ကြီးရဲ့အသေခံပဲမဟုတ်လား .. ။
ဒီအတွက်မငိုကျွေးနေနဲ့တော့  ..
ကိုယ်တိုင်စစ်တပ်ထဲက ပွန်းဘ၀ရောက်ခဲ့ရတာကိုး  .. ။

ကြည့်ပါလား  . .
အဖြူကဒ်တောင်တရားမ၀င်ဖြစ်သွားပြီ။

ဟဲ ..  ဟဲ  .. ဘဘကြီးတို့က ပိုင်ပါတယ် . .။ လေးစားစွာဖြင့် ဒိုးကြီး
လေးစားစွာဖြင့်
ဒိုးကြီး

Comments