ဘုရားစကား ဘယ်တုန်းကများလွဲတယ်လို့ကြားဖူးပါသလဲ?



ဘုရားစကား ဘယ်တုန်းကများလွဲတယ်လို့ကြားဖူးပါသလဲ?
က္ကတ္ထိ ရူပ ဓနံ ၊ တဲ့။
မိန်းမတွေရဲ့ အဆင်းဟာ ဓနဥစ္စာပဲ  .. တဲ့။
သူရောကိုယ်ပါ ပုထုဇဉ်နိုင်ငံဆိုတော့ ကိုယ့်ရဲ့ News Feed ပေါ်တက်လာ
တဲ့ လှတဲ့ပုံလေးတွေဆို Like မိတက်ကြပါတယ်။
ဒါမိန်းကလေးတွေရဲ့ အင်အားတစ်ခုပဲလို့ဆိုရမယ်။
ယောက်ျားလေးတွေကဗျာ၊ဆောင်းပါး၊ဘယ်လောက်ပဲကောင်းကောင်း
Like တစ်ရာကျော်ပဲ ရမယ်။ မိန်းမသားတစ်ယောက်ရဲ့
ခနိုးခခဲ့စကားလေးတစ်ခွန်းမှာ Like တွေက ထောင်ချီသောင်းချီတယ်
ဒါ့ကြောင့်ကျွန်တော်ကဗျာရေးတိုင်း ဆွဲဆောင်မှုရှိတဲ့ပုံလေးတွေ
တွဲတင်တက်ပါတယ်။
ဒါ့ကိုအချို့လော်ဘီတွေက တဏှာရူးလို့သမုတ်ကြတာကိုကျွန်တော်
ခံခဲ့ရပါတယ်။ တချို့က ဘာလို့အဲဒီပုံကိုတင်ရတာလည်း၊ စာပဲတင်ရင်
ရသားပဲ။ စသည်ဖြင့်လည်း မန့်ကြပါသေးတယ်ခင်ဗျာ။
ဟုတ်ကဲ့။ ဒါကတော့ လော်ဘီတွေရဲ့ သီအိုရီပေါ့ချင်ဗျား။
ကျွန်တော်ပြောချင်တာကတော့ဗုဒ်ဓ၀ါစကာတော်များဟာ
ဘယ်ခေတ်ဘယ်ကလရောက်ရောက် မှန်နေဦးမှာပဲလို့ ဆိုတာပါပဲ။
ရိုးသားစွာဖြင့်
ဒိုးကြီး

Comments

Popular posts from this blog