တစ် ပွင့် ပန်း . .ရေ
နင် ငါ့ ကို လျစ် လျူ ရူ ထား တဲ့ အ ချိန်
ငါ တ ခြား တစ် ယောက် ကို ၇င် ခုန် သွား ၇င်
ငါ့ အ ပြစ် မ ဟုတ် ဖူး နော်
https://www.facebook.com/ayemyat.thulay.1
ရေးသားသူ . . တစ် ပွင့် ပန်း
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
သို့ /
တစ် ပွင့် ပန်း . .ရေ
အချစ်ဆိုတာ . .
အာဏာရှင်လူတစ်စုရဲ့စစ်လက်နက်တစ်ခုလို
ချိန်းခြောက်စရာပစ္စည်းမဟုတ်ပါဘူး . . .။
အချစ်ဆိုတာ ..
ငြိမ်းချမ်းဖို့အတွက်ပါ ။
ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ အကောင်းပကတိ ပန်းသီးတစ်လုံးဟာ
အယုတ္တမာမာနတ်ကြောင့် ပဲ့ထွက်သွားခဲ့တာပါ။
အာဒံရဲ့ အပြစ်မဟုတ်သလို
ဧ၀ရဲ့ အမှားလည်းမဟုတ်ပါဘူး။
အကယ်၍သာ . .
မာနတ်ဆိုတာမရှိခဲ့ရင် . . .
အကယ်၍သာ ..
အစားထိုးစရာတစ်စုံတစ်ယောက်မရှိခဲ့ရင် . ..
အချစ်ဆိုတာ . . .
ကျည်ဆံတစ်တောင့်လို့
အသဲနှလုံးတည့်တည့်ကိုပစ်လို့မရနိုင်ပါဘူး။
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
စကားကြွင်း ။ ။
တစ် ပွင်း ပန်း ၏ ပိုစ့်ကိုဖတ်လိုက်ရ၍ ပုံစံပြောင်းစိတ်ကူးယဉ်ကဗျာ
တစ်ပုဒ်သာဖြစ်ပါသည်။ကဗျာချစ်သူပီပီ ကဗျာညာဏ်ကွန့်မြူးမိခြင်းသာ
ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ရေးသားခြင်းမျိုးမဟုတ်ပါ။
ခင်မင်ရင်းနှီးစွာဖြင့်
ဒိုးကြီး
Comments