ဖြို့အံ့ ပြိုအံ့ဆဲဆဲ ... .



စေတီပုထိုးတွေ ပေါများတဲ့ပုဂံမြေမှာ
အသစ်တစ်ဖန်တည်ခြင်းထက် အဟောင်းများကို စနစ်တကျ
ပြုပြင်ထိမ်းသိမ်းဖို့ကပို၍ အရေးကြီးပါတယ်။
ဒီလိုပြောလို့ ကျွန်တော့ကို ပြိတ္တာလို့မပြောနဲ့နော်၊ တောင်မြို့
မဟာဂန္ဓာရုံဆရာတော်ပြောခဲ့တာကို မသိသေးသူတွေအတွက်
ဓမ္မအလင်းဖြန့်ဝေတာပါ။
ဒါ့ကြောင့် စေတီပုထိုးများ အသစ်တည်တာလည်းကေငာ်းပါတယ်။
အဟောင်းတွေကို စနစ်တကျပြုပြင်ထိမ်းသိမ်းတာကပို၍ ကောင်းသည် ဟု
ဟု မဟာန္ဓာရုံဆရာတော်ဘုရားကက ဆိုပါသည်။
နောက်တစ်ခု သတိထားမိတာက ပုဂံဘုရားတွေကိုရှိတဲ့ခြံတွေကို
ဈေးအဆမတန်ပေးပြီး ခရိုနီတွေ နိုင်ငံခြားသားတွေက၀ယ်ကြတယ်။
သူတို့လက်ထဲရောက်သွားရင် အဲဒီဘုရားစေတီတွေကို ဖျက်ဆီးပစ်
ကြတယ်။ ဒီအကြောင်းကို မကြာသေးမီက အွန်လိုင်းပေါ်မှာဖတ်
လိုက်ရတယ်လေ။
ဒါ့ကြောင့် ဘုရားတည်မည့်သူတွေဟာ အဲဒီသတင်းအရင်းအမြစ်
တွေကိုလိုက်ပြီး ဘုရားစေတီများမပျက်ဆီးရအာင် ကာကွယ်ခြင်းက
လည်း တကယ့်ဘုရားအသစ်တစ်ဆူတည်သလိုပါပဲ။
သေအံဆဲဆဲဖြစ်သော ငှက်ကလေးတွေကို ဘေးမဲ့ပေးသလို
ဖြို့အံ့ ပြိုအံ့ဆဲဆဲဖြစ်သော စေတီပုထိုးများကိုကာကွယ်ထိမ်းသိမ်း
ခြင်းဟာ ထပ်တူမျှသော အကျိုးကိုပေးစေတယ်လို့  . .
တိံဋ္ဌန္တေ နိဗ္ဗူတေ စာပိ သမံစိတ္တေ သမံဖလံ ၊
စေတော ပနိဓိဟေ တုမှိ သတ္တာ ဂစန္တိသုဂတိံ။
Reference
သုတ္တာန်ပိဋကတ်၊
ခုဒ္ဒနိကာယ်၊ ၀ိမာန၀တ္ထု
ဆိုပါတယ်။
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး

Comments

Popular posts from this blog