စာဟူသည် . . .



စာဟူသည်  . ..
ဘယ်အပိုင်းကစဖတ်ရမယ် ၊ ဘယ်ပိုင်းကို မှတ်သားရမည်ဟု
သတ်မှတိပိုင်းခြား၍ မရနိုင်ပါဘူးခင်ဗျား။
စာရူ့သောသူ၏ သဒ္ဓါတရားအပေါ်မှာသာမူတည်ပါသည်။
ညစ်ညမ်းသောစာကို ခံတွင်းလိုက်သောသူသည် ယင်းညစ်ညမ်းသော
စာကိုသာဖတ်မည်။ ဒါကို မဖတ်ပါနှင့်ဟု ညွှန်ကြား၍ မရနိုင်ပါဘူး။
ဒါ့ကြောင့် ကျွန်တော်ဒိုးကြီးအား မေးမြန်သော Comment ရှင်သည်
မိမိ၏ သဒ္ဓါအနုအရင့်ကိုသာမိမိ ပိုင်းခြားသိမြင်နိုင်ပါသည်
ထို့ကြောင့် ကျွန်တော်ဒိုးကြီးက ခင်ဗျားကို ဘယ်စာဖတ်ပါ။ ဘယ်ဟာကို
တော့ဖြင့် မှတ်ပါဟု ညွှန်ကြားခြင်းသည် မရစကောင်းပေ။
ခင်ဗျားရဲ့ အသိဉာဏ်အနုအရင့်ကိုလိုက်ပြီး ဖတ်နိုင်လျှင် ပို၍
သင်လျှော်ပါသည်။
ကျွန်တော် ငယ်ငယ်က 550 ဇာဝတ္ထုကို သိပ့်ကြိုက်တာပေါ့။အခု
အသက်လေးဆယ်ကျော်တော့ အဲဒီဝတ္ထုက နဲနဲပြော့သွားတယ်လေ။
အဘိဓမ္မာဆန်တာကို ပိုကြိုက်လာတယ်။
ဒီလိုပါပဲဗျာ။ ကိုယ.့်အသက်အရွာယ် ကိုယ့်သဒ္ဓါစရိုက်အလိုက်
ဖတ်ပါလို့ ခင်ဗျားမေးသောမေးခွန်း comment ကို လေးစားစွာဖြင့်
ပြန်လည်ဖြေကြားလိုက်ပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဒိုးကြီး

Comments

Popular posts from this blog