လူမိုက်တို့၏ ထွက်ရပ်လမ်း



ဤ ဓမ္မလင်းကုသိုလ်ကို မိတ်ဆွေတို့အား ဝေငှပါသည်။
Share သူ Like ၍ မျှယူနိုင်ပါစေ  . . .
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဝိပါက၀ဋ်ကျွေးဟူသည် ကြောက်စရာကောင်းလှပါသည်။
ထို့ကြောင့်ရှေး လူကြီးသူမများက (ငရဲမှအပ ၀ဋ်မှာအမြဲ)
ဟုတင်စားကြပါသည်။ ပိဋကတ်ကို သုံးသပ်ကြည့်သော
အခါမှာလည်း ၀ဋ်ဟူသည် နောက်ဆုံး ပရိနိဗ္ဗာန်စံသည့်
တိုင်အောင် ဆိုးကျိုးကိုပေးတော့သည်။ ဒါ့ကြောင့် ပြည်သူကို
အတိဒုက္ခရောက် အောင်လုပ်သောသူတို့သည် ဘ၀သံသရာ
အဆုံးတိုင် ထိုတန်ပြန်သောအတိဒုက္ခ အသွယ်သွယ်ကို ခံစား
ရပေတော့မည်။ ပြည်သူကိုဒုက္ခရောက်အောင် ပြုလုပ် သောသူ
တို့အတွက် ကုစားသောနည်းစနစ်တစ်ခုရှီပါသည်။ ဒီဘ၀ဒီခန္ဓာဖြင့်
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှသာရမည်။
ဗုဒ္ဓပိဋကတ်တွင် လူသတ်သမားကြီး အဟိံသကသည် လူထောင်
ကျော်သတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွာနှင့်တွေ့ဆုံသောအခါ အသိတရား
ရ၍ ဘိက္ခုဖြစ်ခဲ့သည်။ ရဟန္တာဖြစ်ခဲ့သည်။ ယင်းပြုလုပ်ခဲ့သော
အကုသိုလ်တို့သည် အရဟတ္တမဂ်ကြောင့်ချုပ်ငြိမ်းခဲ့ရလေသည်။
ထို့အင်္ဂုလိမာလအထေရ်၏ဖြစ်စဉ်သည် အကုသိုလ်သမားတို့၏
ထွက်ရပ်လမ်းတစ်ခုပင်ဖြစ်သည်ဟု ကောက်ချက်ချမိသည်။
ထို့ကြောင့် ရဟန်းရှင်လူပြည်သူတို့အား ဘေးဒုက္ခအမျိုးမျိုးကပ်
ရောက်အောင်ဖန်တီးကြသော သူတို့သည် မျက်မှောက်ဘ၀တွင်
အရဟတ္တမဂ်သို့ ဆိုက်ရောက်နိုင်စွမ်းမရှိပါက သန်းပေါင်းမျာစွား
သော သူတို့အား လွန်ကျူးမိသော အပြစ်တို့သည် ခံရမည်မှာ
မည်သို့မျှသက်သာဖွယ်ရာ ရှိနိုင်ပါအံ့နည်း။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

Comments

Popular posts from this blog