ကဗျာပလာတာ
ဧရာဝတီမြစ်ကြီးကို မငိုနဲ့ .. တဲ့။
လက်ပတောင်းတောင်ကြီးကိုလည်း
မပြိုနဲ့ .. တဲ့။
လယ်တီသိမ်စေတီတော်မြတ်ကြီးကိုလည်း
မဖြိုနဲ့ .. တဲ့။
ကိုပါကြီးကလည်း .. မသေဘူး .. တဲ့။
ဒေါ်ခင်ဝင်းကိုလည်း . . . မသေနဲ့
. .တဲ့။
လက်ပတန်းမှာလည်း .. ကျောင်းသားတွေအနိုင်ရတယ် .. တဲ့။
အဲလို .. ဟိုလို . . ဒီလို
. .အခုလို ရေးခဲ့ကြတယ်။
တကယ်တော့ဗျာ .. .
ဒီလိုအဖြစ်တွေဟာ အပ္ပမာဒတရားကင်းမဲ့နေလို့သာ။
ကမ္ဘာမှာ တစ်အာဏာသာရှိခဲ့တဲ့စင်္ကြာမင်းဆိုတာလည်း
သေခဲ့တာပဲမဟုတ်လား။
အိုနာသေမလွတ်တဲ့ .. .
လူ့ဘ၀အခိုက်မှာ ဒေါ်လာနဲ့
အာဏာဆိုတာ
ကျွန်တော်မနက်ကစားခဲ့တဲ့
ပလာတာတစ်ချပ်လောက်တောင်မချိုမြိန်ပါဘူး
ခင်ဗျား။
သဗ္ဗေ သတ္တာ မရဏာ
ဒိုးကြီး
Comments