15. သင်္ကြန်
မိုးဆိုတာ . . . .
တစ်စုံတစ်အတွက် ရွာသွန်းတာမျိုး မဟုတ်။
မြစ်ဆိုတာ . ..
အမျိုးအနွယ်တစ်စုအတွက် စီးဆင်းတာမျိုး မဟု။
သီးနှံပင်ဆိုတာ . .
ဒေသတစ်ခုအတွက် သီးပွင့်တာမျိုးမဟုတ်။
ကမ္ဘာလူသား၊ ဖြူမည်းမခြား၍
ကိုးကွယ်ဘာသာ စည်းမခြားပါဘဲ
ရွာသွန်း . . စီးဆင်း ..
သီးပန်းပွင့်နေကြာတာမျိုး ရယ်ပါ . . ။
ထိုနည်းတူစွာ . ..
ငါ့ ကဗျာတို့ ၊ ငါရေးသည့်စာ ၊ ငါ့ ရင်လွှာကား
လူမည်းလူဖြူ ၊ မခွဲတူ၍ ၊ မနောစေတနံ
မြတ်သုံးတန်သည် ၊ နိဗ္ဗာန်ရည်ရော်ခရီးတည်း . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး
Comments