ခေတ်ပြောင်းစကားလုံး



ဣတ္ထိ ရူပံ ဓနံ
အဲဒီစကားကို ကျွန်တော်ပြင်ချင်တယ်ဗျာ။
ဣတ္ထိ ရူပံ တဏှံ လို့ပေါ့။
မိန်းမတို့၏ အဆင်းလှခြင်းသည် တဏှာ မည်၏။ လို့ပေါ့နော်
ဘာဖြစ်လို့လည်းဆိုတော့က  ..
ကျွန်တော်တို့ ဆောင်းပါးတွေ ကဗျာတွေ ပန်းချီတွေ ရေးချင်
သလောက်ရေးLike (100) မရဘူးဘူး။
မိန်းကလေးတစ်ယောက် အရမ်းမလှချင်တောင်ရွက်ကြမ်း
ရည်ကျိုလေးပဲဖြစ်ဖြစ် သူ့ပုံသူတင်ပြီး အလေနက်တော့ စကား
လေး ဆယ်လုံးလောက်ရေးလိုက် Ok သွားပြီ  .. ။
24 နာရီအတွင် Like (100) ကျော်သွားမယ်။
ဒါ့ကြောင့်ပါ ဣတ္ထိ ရူပံ တဏှံ လို့ပြောင်းချင်တာပါ။
ကမ္ဘာလောကကြီးထဲကသုံးဆယ်တစ်ဘုံသားများဟာ
တဏှာသမားတွေဖြစ်ကြောင်း  . .
̏ ငါတို့ နေရာ ဤ ကမ္ဘာ တဏှာအုပ်စိုးသည်˝
̏ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်˝
̏ ရသည့် ဥစ္စာ ၊ ချစ်သူပါ ၊ စွန့်ခွာသွားရသည်˝
̏ တကယ့်အရေး ၊ တကယ့်ဘေး ၊ ဘယ်သွေးဘယ်သားမကယ်ပြီ˝
̏ ငါနှင့် ရွယ်တူ ၊ ငါ့အောက်လူ ၊ ကြီးသူသေကြများလှပြီ˝
̏ ခဏမစဲ ၊ အိုစမြဲ ၊ ငါလည်းသေဘက်နီးခဲ့ပြီ˝
ဟု  . . တောင်မြို့ဆရာတော်ဘုရားကြီး ရေးသားစပ်
ဆိုတော်မူခဲ့လေသတည်း။
ဓာတ်ပုံ  . http://flickrhivemind.net/Tags/waterlily
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

Comments

Popular posts from this blog