ဘဝနွမ်းပေမယ့် စကားဆန်းတွေတော့တက်ပါတယ်
̏ သမီး နာမည်က ˝ ̏ ပိုးအိပိုင်˝ ပါ။
̏ နေတာကတော့ ˝ ̏ ကတ္တရာလမ်းပေါ်မှာ . .လေ˝
̏ သမီးမှာ ချစ်စရာကောင်းတဲ့ မောင်လေးတစ်ယောက်ရှိပါတယ်˝
̏ သမီးဒီနှစ်စာမေးပွဲအောင်ပါတယ် . .သုံးတန်းတက်ရတော့မယ်˝
̏ ဓာတ်ပုံရိုက်ပေးတဲ့ ဦးဦးကို ကျေးဇူးတင်ပါတယ်˝
̏ သမီးကအပြင်မှာ ဒီထက်ပိုလှတယ် . .နော်˝
̏ သမီးကြီးလာရင် ရုပ်ရှင်မင်းသမီးလုပ်မှာ˝
̏ နေ့တိုင်း သမီးတို့က ဒီရုပ်ရှင်ရုံရှေ့မှာပဲ နေနေရတာကိုး
˝
̏ သမီးမေမေကို ချစ်တယ်˝
စကားလုံးများ
. . ပိုအိပိုင်
ကဲ .. ဗျာ
၊ ကျွန်တော်မထင်မှတ်ထားတဲ့ စကားလုံးတွေကိုကြားခဲ့ရ
တယ်ဗျာ။
ဒီအရွယ် ဒီကလေးမလေးဟာ ကျွန်တော်ကို . .
̏ ဘာလို့ ဓာတ်ပုံလိုက်ရိုက်နေတာလည်း˝
̏ အလုပ်ရှိ မယ်သီလရှင်ခေါင်းသန်းရှာနေတာ˝
အဲဒီစကားနှစ်ခွန်းကိုပါ
ကျွန်တော်ကို ဒဲ့ကြီးပြောခဲ့ပါတယ်။
ဒီအရွယ်
ဒီအတွေး မိမိရဲ့သိထားနားလည်မှုကို ရဲဝံ့စွာထုတ်ပြောရဲ
တယ်။
ဒ့ါကြောင့် ကျွန်တော်လေးစားမိတာနဲ့ သူနဲ့စကားတွေပြော
ရင်း
အခုလိုရိုက်မိတာပါ။
ကျွန်တော်တို့နိုင်ငံရဲ့အနာဂါတ်မှာ
ခလေးငယ်တွေဟာ ပိုးအိပိုင်
လေးလို
̏ အလုပ်မရှိ မယ်သီလရှင်ခေါင်းသန်းရှာနေတာ˝ ဆိုတဲ့
မိမိအသိကို
ရဲဝံ့စွာပြောရဲတဲ့ သတ္တိတွေ ရှိစေချင်ပါတယ်။
သို့မှာသာ
နိုင်ငံနဲ့လူမျိုးအတွက် အဖြူအမည်း၊အဆိုးအကောင်းကို
သိနားလည်ပြီး
ယင်းအသိအမှန်အသိအဖြူအသိအကောင်းကို
နိုင်ငံနဲ့လူမျိုးအတွက်
ဝေမျှနိုင်မှာဖြစ်ပါတယ်။
̏ ဟုတ်ပါတယ်
. .ခင်ဗျား ˝
̏ ပိုးအိပိုင် ဆိုတာ လမ်းမပေါ်မှာမွေး ၊လမ်းမပေါ်မှာကြီးပြင်းခဲ့ရတဲ့
ကောင်မလေးတစ်ယောက်ပါ . . .˝
ဒါပေမယ့် ၊ လူပီသနိုင်တဲ့အသိနဲ့ ၊ ယင်းအသိကို ရဲရဲကြီးဝေမျှတက်
တဲ့
စိတ်ရှိတယ်ဆိုတာကိုတော့ .. . .
သဗ္ဗေ
သတ္တာ မရဏန္တိ
ဒိုးကြီး
Comments