သားသတ်ခြင်းကိုကမ္ဘာကဆန့်ကျင်နေကြသော မော်ဒယ်ပြကွက်



တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး၊ အခွင့်အရေးအတွက် တက်ကြွ
လှုပ်ရှားတဲ့အုပ်စု တစ်စုက စပိန်နိုင်ငံ၊ မြို့တော် ဘာစီလိုနာ ခရစ်ယာန်ဘု
ရားကျောင်းမျက်နှာစာရှေ့မှာ ထူးခြားတဲ့တင်ဆက်ပြသမှုမျိုးကို လုပ်
ဆောင်သွားခဲ့ပါတယ်။ မော်ဒယ်မိန်းကလေးငယ်တွေရဲ့ ဗလာကျင်းခန္ဓာ
ကိုယ်ပေါ် သွေးရည်တွေလောင်းဖြန်းပျက်ပေးထားပြီးပါကင် ဖော့ဘူးပေါ်
လှဲလျောင်းအိပ်စက်စေပြီး ပလက်စတစ်နဲ့ထုပ်ပိုးကာ လူအသားရောင်းချ
သည့်နှယ်ပြကွက်က ထိတ်လန့်စရာကောင်းနေခဲ့တာပဲဖြစ်ပါတယ်။

အသားငါး၊ ကြက်၊ဘဲ ၊ ဝက်၊ နွား အစရှိသော တိရစ္ဆာန်တွေကို သတ်ဖြတ်ကာ
စား သောက်လို့ရနိုင်မယ့် အစိတ်အပိုင်းတွေကို ပလက်စတစ်နဲ့ထုပ်ပိုးပြီး
အအေးရိုက် ရောင်းချတာကို စားသုံးကြတာပဲဖြစ်ပါတယ်။ ထိုသို့မညှာမတာ
တိရစ္ဆာန်တွေသတ် ဖြတ်စားသုံးမှုကြောင့် ကမ္ဘာတစ်လွှားက တိရစ္ဆာန်အခွင့်
အရေးအတွက် ထောက်ခံသူ အဖွဲ့အစည်းနဲ့ပါဝင်လှုပ်ရှားသူ မော်ဒယ်အမျိုး
သမီးငယ်တွေက လူသားခေါင်းစဉ်နဲ့ အအေးရိုက် လူသားပါ
ကင်ထုပ်ပိုင်းမှု ပြကွက်ကိုပြသသွားခဲ့ပါတယ်။

လူသားတွေအနေနဲ့ နေ့စဉ် စားသုံးတဲ့အစားအစာတွေမှာ တိရစ္ဆာန်များစွာတို့ရဲ့
အသားတွေကို နည်းလမ်းမျိုး စုံနဲ့ မပါမဖြစ် ချက်ပြုတ်စားသောက်နေကြတာကြောင့် လာမယ့်အနာဂတ်အချိန်တွေမှာ တရိစ္ဆာန်တွေကသေကြေပျက်စီးဆုံးရှုံးရပြီး
ကမ္ဘာ မြေပြင်မှာ ပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါ
တယ်။
ဖိုးသူတော်
http://www.lwinpyin.com/2015/05/blog-post_951.html
ဒိုးကြီး




Comments

Popular posts from this blog