EQUATE TO EYE
̏ အသိမစုံ ဤလူ့ဘုံ ၊ ငြင်းခုံကြလေသည်။
အသိလည်းစုံ ရန်နဲတုံ ၊ မငြင်းခုံတော့ပြီ ။˝
ဒီလင်္ကာတိုလေးက ကျွန်တော့မူပိုင်ရယ်လို့လုံးလုံးမဟုတ်ပါဘူး။
ဒီပဲရင်းဆရာတော်ဘုရားကြီးရဲ့ လင်္ကာကို ကျွန်တောပြန်ပြီး
Modify လုပ်ထားတာပါ။
အကြောင်းအရင်းကတော့ . . . . facebook စာမျက်နှာဆိုတာ
စာပေအတွေ့အကြုံ မရင့်သန်သူ ̏ မောင်ရင်ငယ်တို့ကစ၍ ပဏ္ဍိတ်
ကြီးတွေအဆုံး ˝ ဦးတစ်ကိုယ်ဖတ်ရှု့ရေးသားနေကြတာမို့ facebook
ဖွင့်လိုက်သည်ဆိုတာနဲ့ ̏ ငြင်ခုံသောဝါကျများ˝ ကိုတွေ့ရသည်။
̏ ကိလေသာမြုံသော အထုံအထီများ˝ ကိုမြင်ရပြီ . .။
ကျွန်တော်ဒီနေ့မြင်ရတာလေးကို အပြုသဘောဆောင်အလင်းဝေငှလို
တာကတော့ . .. .
̏ ကံ သုံးကံပါပဲ ˝
လူတွေထင်ကြတာကဘာကိုပဲလုပ်လုပ် ̏ ကာယကံ˝ မြောက်လုပ်နိုင်မှ
ထိုသူကို ̏ သူရဲကောင်းဘွဲ့˝ ပေးကြတာကိုး .. ။
ဒါမှန်သင့်သလောက်တော့မှန်ပါတယ် ခင်ဗျာ၊ Percent ပြည့်တော့မ
ဟုတ်ဘူးဗျ။
အကယ်၍ဗျာ . ..
လူတစ်ယောက်က Facebook ပေါ်ကနေ ̏ နိုင်ငံရေး˝ သူ့အမြင်၊
̏ လူမှုရေး˝ သူ့အမြင် ̏ စီးပွားရေး˝ သူ့အမြင်တွေကို ပြောမယ်ရေးမယ်
ဆိုရင် ထိုသူကို ̏ လေကန်လေထန်˝ သူအဖြစ်မရှု့မြင်ရပါဘူး။
̏ ဟေ့ကောင် ˝
̏ မင်းနိုင်ငံရေးလုပ်ချင်ရင် ပါတီထဲဝင်လိုက်˝
̏ အေစီတို့ အီးကရက်တို့ မှာသင်တန်းတက်လိုက်˝
စသည်ဖြင့် စသည်ဖြင့် ပြောလို့မသင့်ပါဘူး ။ ဘယ်သူမဆို ̏ နိုင်ငံရေး
စီးပွားရေး ပညာရေး လူမှု့ရေး˝ စတဲ့နယ်ပယ်တွေမှာ မိမိသိထားသ
လောက်ကို ̏ ပါးစပ်ခေါ် ဝစီကံ˝ ဖြင့်ပြောနိုင်ပါသည်။ ထိုသို့ပြောခြင်း
ဟာ အများသူငှာအတွက် ̏ ဗာဟုသိပဉ္စမင်္ဂလာ˝ ဖြစ်မယ်ဆိုရင် ပို၍ပင်
ပြောထိုက် ဆိုထိုက်ပါသည်။
ပိဋကတ်ကိုကြည့်မယ်ဆိုရင်လည်း အခုကျွန်တော်ပြောခဲ့သလိုပါပဲ . .
̏ စိန္တိတံ သတ္တသင်္ချေယျံ ၊ န၀သင်္ချေယျ ဝါစကံ. .(လ)˝ ဆိုပြီးတွေ့ရပါ
လိမ့်မယ်။ ဗုဒ္ဓအလောင်းတော်မြတ်သည် ဘုရားဖြစ်ဖို့ရန် ဒုတိယကြိုး
စားအားထုတ်မှုဟာ ̏ ဝ၀ီကံ˝ပါပဲ။ ယင်းဝစီကံဖြင့် ̏ ကိုးအသေင်္ချေမျှ
ကာလပတ်လုံး˝ အပတ်တကုတ်ကြိုးစားအားထုတ်တော်မူခဲ့ပါသည်။
သို့ဖြစ်ပါ၍ . . . ..
အများသူငှာတို့အား . . . .
̏ ဗာဟုသိပဉ္စမင်္ဂလာ˝ မြောက် ပြောဆိုရေးသားအပ်သော စကား
များသည် လောကအတွက်လည်းကောင်း မိမိအတွက်လည်းကောင်း
အတိုင်းမသိ အတုမရှိသောမင်္ဂလာဖြစ်ပါသည်ဟု . . . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး
Comments