ရင်ဘတ် (သို့) ထုတ်ကုန်ပစ္စည်းအစစ်များ
ငွေးကြေးမျက်နှာတစ်ခုတည်းနဲ့ ပန်းချီဆွဲနေတာမဟုတ်ပါဘူး။
ပိုက်ဆံလိုချင်ရင် ပန်ချီမဆွဲဘူး ခရိုနီနဲ့ပေါင်းပြီးလုပ်စားမှာပေါ့ . ဗျာ။
ပန်းချီဆွဲတယ်ဆိုတာ . . . .
̏ ဘဝကို
ဘဝအဖြစ်ပုံဖေါ်နေတာ˝
̏ ဘဝကို လောဘဒေါသတွေနဲ့ အကပ်အငြိမခံတာ ˝
ပန်းချီဆွဲရင်း ငွေကြေးမျှော်လင့်ချက်တစ်စုံတစ်ရာထားမိရင် အဲဒီလူ
̏ အရူးအစစ်˝ ပါပဲ။
ဘာဖြစ်လို့လည်းဆိုတော့ အနုပညာတန်ကြေးဟာ
ပေတွေလက်မတွေ
ကိုက်တံတွေနဲ့ ရာထားလို့မရ လို့ပါပဲ။
ဒါ့ကြောင့် ဒီပြခန်းမှာ ချိပ်ဆွဲထားတဲ့ပန်းချီတွေဟာ
̏ ရောင်းကုန်စစ်စစ်˝
တွေတော့ မဟုတ်ဘူး .. ဗျ။
ရောင်းလိုက်လို့မရတဲ့ ̏ ရင်ဘတ်ရဲ့ထုတ်
ကုန်ပစ္စည်း˝ တွေလည်းပါနေပါသေးတယ်။
ခင်ဗျားတို့က ကျွန်တော့်ပန်းချီကားကို
တန်တယ်ထင်လို့ ကြိုက်တယ်
ထင်လို့ ဝယ်သွားတယ်ဆိုကြပါဆို့ .. ။
ခင်ဗျားတို့ အဲဒီပန်ချီကားထဲမှာ ကျွန်တော်လပေါင်းများစွာ
ပတ်သွင်း
ထားတဲ့ ကျွန်တော့ရင်ဘတ်တွေတော့ လုံးလုံးယားယား
ရသွားမှာမ
ဟုတ်ပါဘူး။
ကဲ . . နောက်တော့ ဆက်ပြောကြတာပေါ့ . . ဗျာ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး
Comments