Concentrate



စူးရှသောဉာဏ်အမြင်တွေကိုယ့် ခေါင်းထဲရှိလာဖို့အတွက်  
လောကဓံကို စူးစူးဝါးဝါး စိုက်ကြည့်နိုင်ဖို့လိုပါတယ်။
ဗုဒ္ဓခေတ်အခါက ရဟန္တာထေရာထေရီတွေဖြစ်သွားကြတယ်
အနာဂါမ်တည်သွားကြတယ်ဆိုတဲ့သူတွေရဲ့ biography ကို
လေ့လာကြည့်ရင် သူတို့ရင်ဆိုင်ခံစားတွေ့ကြုံလိုက်ရတဲ့ လော
ကဓံ တူးတူးခါးခါးတွေကို စူးစူးစိုက်စိုက်ကြည့်ပြီး သတိသံဝေဃ
ရကာ လောကကို ရွံမုန်းစရာအဖြစ်မြင်သွားတာမျိုးပါ။
လောကဟာ သာယာစရာ နှစ်သက်စရာ ခုံမင်စရာဆိုတာတွေ
မရှိဘဲ အပုတ်ကောင်ခြင်းအပုတ်ကောင်ခြင်း ပွတ်တိုက် နေကြ
တာမျိုး။

စကားလုံးများဖြင့် ပွတ်သတ်သာယာမိခြင်း  ..
အနံ့အသက်များဖြင့် ရှုရှိုက်ခံစားကြခြင်း  .. .
ကိုယ်အင်္ဂါခြင်းထိတွေ့သာယာမိခြင်း  .. .
စတဲ့ စတဲ့ အပုတ်ရည်စိုရွဲနေသော အသုဘခန္ဓာကိုယ်ခြင်းထိ
တွေ့သာယာမက်မောနေကြတာပါလား  ..  ဆိုတဲ့စူးစိုက်သော
ဉာဏ်အမြင်တွေ ကို သိမြင်သွားကြတယ်။

ဒီအခါ . ..
သူ့အချစ်ကိုမှ ရယူလိုခြင်း လောဘတဏှာဆိုး  . . .
ပြည်သူပိုင်သံယံဇာတတွေကိုမှ ခိုးယူ တိုက်ယူ လုယူ လိုသော
အဓမ္မိယလာဘ် တဏှာဆိုး  . . .
စတဲ့ တဏှာမာန ဒိဋ္ဌိဆိုးတွေဟာ အလိုလိုပါးရှားကုန်ကြတယ်။

ဒါကိုဗုဒ္ဓအဘိဓမ္မာအလိုအရ လောဘဒေါသတရားဆိုးများချုပ်
ငြိမ်းကာ သောတာပတ္တိမဂ် စတဲ့ မဂ်ဆိုက်ဖိုလ်ဝင် နိဗ္ဗာန်လမ်း
တွင် ဝင်ရောက်သွားသည်ဟု ခေါ်ပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓနဲ့ဗုဒ္ဓဝါဒကို လေ့လာလိုသူဟာ အဓိကလိုအပ်ချက်
ကတော့ သတိနဲ့အသိပါပဲ။
သတိဆိုတာကတော့ ကိုယ့်လောကသူများလောကရဲ့ဖြစ်ပျက်မှု
တွေကို အမှုမဲ့အမှတ်မဲ့မနေဘဲ သတိထားနေရတာမျိုး။ အသိဆို
တာကတော့ ကုသိုလ်အကုသိုလ်ကိုခွဲခြားနားလည်နေတာမျိုးပါ
ပဲ။

အခုစာရေးနေတုန်းအွန်လိုင်းပေါ်မှာ ခွေးသားစားတဲ့ပွဲတော်
တရုတ်ပြည်မှာ ခေတ်စားနေတဲ့သတင်းတွေထွက်လာသလို
မြန်မာပြည် မန္တလေးမှာလည်း ခွေးသားစားပွဲတော်လုပ်ဖို့သ
တင်းအနံ့တွေထွက်နေပါတယ်။

ဒီတော့က ဒီလိုဖြစ်ပျက်မှုတွေကို အသိနဲ့သတိကပ်ကြည့်လိုက်
ရင် ဒီအလုပ်မျိုးဟာလုပ်ကောင်းတယ် မလုပ်ကောင်းဘူးဆိုတာ
ဘယ်သူ့ကိုမှမေးနေစရာမလိုဘဲ သိနေတယ်။

ဗုဒ္ဓဝါဒသည် တစ်ကယ်ပင် အလေးဂရုပြုစရာဖြစ်နေသည်။
ခွေးတရိစ္ဆာန်အစရှိသော သက်ရှိသတ္တလောကကိုမဆိုထားနှင့်
သစ်ပင်သစ်ခက်တို့ကိုပင် မချိုးမခုတ်ရန် တားမြစ်ထားသည်ကို
ဝိနယပိဋတွင်တွေ့ရသည်။

ထိုသည်ကိုငဲ့၍ ယနေ့ခေတ် သားသတ်ဝါဒများသည် အဘယ်မျှ
ရွံမုန်းစရာကောင်းသည်ကို စဉ်းစားဆင်ခြင်သင့်သည်။ ဗုဒ္ဓဝါဒ
သည် မေတ္တာအားကောင်းသောဝါဒဟုဆိုရခြေမည်။ သတ္တလော
ကို အထူးကြောင့်ကြစိုက်စေသည်။

ကိုယ့်ကြောင့် သေးငယ်သောတိရစ္ဆာန်လေးများကိုမဆိုထားနှင့်
မြက်ပင်လေးများသော်မှ မသတ်ကောင်းဟု ဆိုသည်။ ဇီဝိကမ္မ
အရမကြည့်ဘဲ နိယာမကမ္မအရကြည့်မယ်ဆိုရင် လူသားများ
တည်တံ့ဖို့ သစ်ပင်သည်အရေးအဓိကရဖြစ်နေသည်မဟုတ်ပါ
လော။

ထို့ကြောင့် ဗုဒ္ဓက ရဟန်းတော်များအား ဝိနယပိဋကတ်တွင်
ထည့်သွင်းပညတ်တော်မူခဲ့သည်ကိုတွေ့ရသည်။
သို့ပါ၍ စူးစိုက်သောဉာဏ်အမြင်သည် ပါရမီတရားနှင့်မကင်း
သကဲ့သို့ ယင်းစူးစိုက်သောဉာဏ်အမြင်ကို မိမိတို့စိတ်သဏ္ဍာန်
ဝယ်မွေးမြူကျင့်ကြံပါက မလွဲမသွေ အိုခြင်း နာခြင်း သေခြင်း
ခြင်းကင်းရာ မဟာသန္တိသုခသို့ ရောက်မည်ဟု ရေးဆိုလိုက်
ရပေတော့သည် . . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

Comments

Popular posts from this blog