ခေါင်းသုံးလုံးတို့၏ .. မှတ်သားဖွယ်ရာ . . .



ခေါင်းသုံးလုံးတို့ရဲ့စကားကို ဖေါက်သည်ချလိုက်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်က အဘိုးတွေက ညည့်ဦးယံမှာ
မီးခွက်မီးလေးကိုထွန်းကာ ရေနွေးကြမ်းကို မြေအိုးနဲ့ စကား
ဝိုင်းလည်မှာတည်ပြီး သူတို့ဖျက်သန်းခဲ့ရသောရှေးဖြစ်နောက်
ဟောင်းများကို ပြောတက်ကြပါတယ်။
ထိုအထဲတွင် ဗုဒ္ဓအဘိဓမ္မာများ၊ ဇာတကများ ၊ပေါရဏကထာများ။
စသည့် ကျမ်းအိပ်ကျမ်းလေးကြီးများလည်းပါသလို သူတို့ရဲ့
ကိုယ်ပိုင် ကိုယ်တွေ့ ပွဲတွေ့များကိုလည်း သရုပ်သဏ္ဍာန်ကျအောင်
ပြောတက်ကြပါတယ်။
ထိုအခါ ထိုစကားဝိုင်းအနီးရှိ ကျောင်းစာဖတ်နေရသောကျွန်တော်
သည်။ ကျောင်းစားအား ပစ်၍ အဘိုးတို့၏ စကားများကိုမှတ်သား
ပါတော့သည်။
ကျွန်တော် ဟိုးယခင်က ဂျာနယ်အချို့မှာ ပင်တိုင်ဆောင်းပါးများ
ကဗျာများ ရေးသားနိုင်ခြင်းသည် ထိုစကားဝိုင်းတို့၏ ကျေးဇူး
ဥပကာရပင်ဖြစ်ပါသည်။
ထိုအထဲတွင် အခုခေတ်ရဲ့ဖြစ်နေပုံဖြင့်တိုက်ဆိုင်နေသည်ကား  ..

တိုင်းပြည်ပျက်ခြင်း  ..
ပင်ဖြစ်ပါသည် ။ တိုင်းပြည်ပျက်ရခြင်းအကြောင်းအရင်းကို
ပေါရဏတို့၏ စကားဝိုင်း၌
(၁) အစိုးရကလည်း အစိုးရအလုပ်ကိုပီပြင်စွာမလုပ်ခြင်း . .။
(၂)ရဟန်းသံဃာများသည်လည်း ဘိက္ခုတို့၏အလုပ်ကိုမလုပ်ဘဲ
လူသားတို့အလုပ်များအားဝင်ရောက်စွပ်ဖက်လုပ်ကိုင်ခြင်း . .။
(၃)ရပ်ကြီးရွာကြီးမိကြီးဘကြီးများသည် ရပ်မိရပ်ဘတာဝန်ကိုမယူခြင်း . .။
(၄) ရပ်ရွာနေပြည်သူများသည် ပြည်သူ့တာဝန်ကိုမေ့လျှော့ပေါ့ဆခြင်း . .။
ထိုအကြောင်းတရားတို့ ညီညွတ်သွားပြီးဆိုရင် ရပ်ကွက်မြို့ရွာတိုင်းပြည်
ပျက်ဆီးပါသည်။  .. ဟု ဆိုပါသည်။
မြန်မာပြည်တွင်  . ..
ကြမ်းတမ်းသော  . .နာဂစ်နှင့် ယနေ့ နိုင်ငံအဝှမ်းတွင်ဖြစ်ပေါ်နေ
သော ရေလွမ်းမိုးမှုတို့ပင်ဖြစ်ပါသည်။
ထို့ကြောင့်  ..
ရဟန်းသံဃာတော်များ
အစိုးရ
ရပ်မိရပ်ဖလူကြီးများနှင့်
ပြည်သူတို့သည် မိမိတို့ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတို့ကို
မလုပ်ဘဲ ရဟန်းက လူ့အလုပ်ကိုလုပ်၍ ရဟန်းအလုပ်ကို လူတွေ
ကလုပ်နေရင် . . .
အစိုးရက အစိုးရအလုပ်ကိုမလုပ်ပဲ ကိုယ်ကျိုးစီးပွားရှာနေရင်  ..
စသည်ဖြင့်  .. စသည်ဖြင့်  .. အဓမ္မမှုများတို့တက်ပြန့်ပွားလာမည်
ဆိုပါက သက်ရှိတို့၏ အနာဂါသည်  ..  မျိုးတုန်းပျောက်ကွယ်ဖွယ်
ရာသာ  . .တည်း။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

Comments

Popular posts from this blog