ပါဌ်မမြင်သရွေ့တော့ . . အနက်မထင် . . .



မီးကနေ စေတီပုံပေါ်တာကို မြင်ရဖို့ '' သဒ္ဓါအားရှိရမယ်'' တဲ့။
သဒ္ဓါအားမကောင်းတဲ့သူက မမြင်ရဘူး ဆိုတဲ့အနက်ဖြစ်သွားတယ်။
ဒီတော့ သူသူကိုယ်ကိုယ် ဟန်လုပ်ဖို့အတွက် မြင်ရတယ်လို့ပဲပြော
ကြရတော့မှာပေါ့။
အရှိတရားဟာ အရှိတရားပါပဲ။ မြင်စရာဆိုရင် စက္ခုကောင်းသူတိုင်း
မြင်ရမှာပေါ့။ အခုတော့ ထမင်းရည်ပူလျှာလွှဲစကားတွေနဲ့ ။ (သဒ္ဓါ
အားရှိမှ)မြင်ရမယ်ဆိုတော့ အဲလိုပြောတဲ့ကောင်က သူကိုယ်တိုင်
မြင်ရတယ်  . သူ့မှသဒ္ဓါအားကောင်းတယ်ဆိုတဲ့ သဘောကိုရောက်
နေတယ်။
ဒီတော့က ကျွန်တော်က မမြင်ရဘူးလို့ ပြောရင် (သဒ္ဓါအား)မကာင်း
တဲ့သူဖြစ်သွားပြီ  .. ။ ဒီတော့ ကျွန်တော်လည်း မြင်ရတယ်ပဲပြော
ရတော့မှာပေါ့။
အွန်လိုင်းပေါ်တွင် ကြားမြင်နေရသည်မှာ ဗုဒ္ဓဘာသာသာသနာ
တော်ကြီးအတွက် ရင်နာလှသည်။
အခုလို . . ဗုဒ္ဓဘာသာကို ညိုးနွမ်းစေသော decided  definite
မဖြစ်တဲ့ စကားတွေကို မပြောကြပါနဲ့  .  ဗျာ။
ဒီလို အသံတွေကို  ဘာသာခြားတွေကြားရင် ကလိထိုးပြီး
ရယ်ကြပါလိမ့်မယ်။
ပိဋကတ်ကို ကွန်ပျူတာထဲထည့်ပြီး ဖတ်လို့ရနေတဲ့ခေတ်မှာ
ပေါ်တော်မူ စေတီ ၊ စတဲ့ ရိုက်စားကွက်တွေ မဆင်ကြပါနဲ့။
နိယာမအရှိတရားကို ဗုဒ္ဓမြတ်စွာဟာ ထင်ရှားစွာဟောခဲ့
ပြီးပါပြီ။ ထိုကဲ့သို့သော ဗုဒ္ဓဝါစကာတော်များကို မကြားမသိ
ရသော လူပြိန်းတို့အား အရူးကွက်နင်းပြီးမဖမ်းစားကြပါနဲ့။
ကုသိုလ်ဟာကုသိုလ်ပါပဲ  .. .
ကုသိုလ်စိတ်နဲ့ ယှဉ်လာရင် အုတ်အုပ်ပုံကြီးကိုထိုင်ရှိခိုးလည်း
မဟာကုသိုလ်ပါပဲ။ အကုသိုလ်စိတ်နဲ့ယှဉ်လာရင် ဆံတော်
စွယ်တော် စေတီတော်မြတ်တွေကို ပြစ်မှားရင်လည်း မဟာ
အကုသိုလ်ပါပဲ။
ဒါ့ကြောင့် ဗုဒ္ဓနဲ့ဗုဒ္ဓဝါဒကို သေချစွာလေ့လာကြပါ။ သို့မှာသာ
လျှင် အရူးကွက်နင်းတဲ့ စကားတွေကို အရူးစကားအဖြစ်
အသိအမှတ်ပြုရှောင်ရှားနိုင်ပါလိမ့်မယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

Comments

Popular posts from this blog

တင်းတိပ်ရောဂါနှင့် တိုင်းရင်းဆေး