ကမ္ဘာ့သိပ္ပံပညာရှင်Stephen Hawking ထက်အရှိသိခဲ့သော . .



ကမ္ဘာကျော် သိပ္ပံပညာရှင်/အတွေးခေါ်ပညာရှင်များနဲ့ ရုပ်ရှင်ဂီတ
သမားအချို့ဟာ  ̏ ဖန်ဆင်းရှင်˝ ဆိုတာကို လုံးဝအယုံအကြည်မရှိ
ကြတာကို သတိထားမိပါတယ်။
ဒီနေ့ခေတ်မှာဆိုရင် အလျင်အမြန်သိနိုင်တဲ့ Social Network တွေ
ရှိနေသလို ဆင်းရဲသားပြည်သူအများဆုံးရှိတဲ့ မြန်မာနိုင်ငံမှာတောင်
အင်တာနက်လိုင်းလေးတွေကိုနှေးသော်လည်းပဲ နဲနဲပါးပါးသုံးလို့
ရနေတော့ မုသာဝါဒကို သုံးချင်တိုင်းသုံးလို့ ဖုံးကွယ်လို့မရဘူး။
ဝန်ကြီးတွေကိုပဲသတိထားကြည့်လေ  .. ။
အခုဒီနေ့ 12 နာရီလောက်ကပြောလိုက်တဲ့စကားက နေ့မကူးနာ
ရီမခြားဘဲ ချက်ခြင်းဆိုသလို သိနေကြတယ်လေ။
ကဲ  .. စကားပလ္လင်ခံရတာနဲ့ စာရှည်နေပြန်ပါပြီ။ ဒီတော့က̏ဖန်ဆင်းရှင်˝
ဆိုတဲ့စကားကို အထက်ကပြောခဲ့သလို ကမ္ဘာကျော်အချို့က မယုံကြ
ဘူးဗျ။ လက်မခံခဲ့ကြဘူး။ အခုနောက်ဆုံး ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး
 Stephen Hawking ကိုပဲကြည့် .ဗျာ။ သူလည်း ဖန်ဆင်းရှင်ကို လုံးဝ
အယုံအကြည်မရှိပြန်ဘူး။
ဒါနော် အခုလက်ရှိပစ္စုပ္ပါန်ရဲ့ သက်သေကိုကျွန်တော်ထုပ်ပြလိုက်တာပါ။
 very long Long a go က ဖြစ်စဉ်တွေကို သက်သေမထုတ်ပြဘူးနော်။
  ̏စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒနိ
ယာမအရ ပြင်းထန်သောပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ
ဖြစ်ပေါ်လာရခြင်း ဖြစ်သည်˝
ဒီစကားကို ယနေ့မျက်မှောက်ကမ္ဘာရဲ့အခုသက်ရှိအထင်အရှားရှိနေ
သေးတဲ့ သပ္ပံပညာရှင်ကြီး Stephen Hawking ဟာ အမေရိကန်
ရူပဗေဒပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားတဲ့
 “The Grand Design” စာအုပ်တွင် အတိအလင်းရေးထားပါတယ်။
အဲဒီစာအုပ်မှာပဲ  . . . Stephen Hawking က  . .
  ̏ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သောနိယာမတစ်ခုအရစကြာဝဠာ
သည် တစ်စုံတစ်ရာ မရှိသောအခြေအနေ တစ်ခုမှ မိမိဘာသာ
ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည်
ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်
ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့တည်ရှိနေရ
ဖြစ်တယ်˝ လို ဆိုပါတယ်။
 တစ်ဖန် ဆက်ပြောထားတာက  ..
  ̏ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု
တစ်စုံတစ်ရာမလိုအပ်˝ ဘူးဟု ဆိုပါတယ်။
ကဲ  .. စာရှု့သူမိတ်ဆွေများ ဇာတ်ရည်လည်လောက်ပြီဟု ထင်ပါတယ်။
ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေဟာ အကြောင်းယုတ္တိ ခိုင်မာစွာနဲ့
ဖန်ဆင်းရှင်ကို ငြင်းဆန်ခဲ့ကြပါတယ်။
ဒါဟာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာသဘောထားကွဲ
လွဲခွင့်ဆိုရင်လည်းမမှားပါဘူး။
ကျွန်တော်ကတော့ ထိုသိပ္ပံပညာရှင်ကြီး Stephen Hawking ထက်
အရင်ပင် ဖန်ဆင်းရှင်ကို လက်မခံခဲ့တာပါ။ ဒါ့ကြောင့်  . . . သိပ္ပံပညာ
ကိုမတက်သောကျွန်တော်ဒိုးကြီးဟာ ကြောင်းကျိုးဆက်စပ်တက်သော
နိယာမသဘောကို တွေးတောဆင်ခြင်ချင့်ချိန်၍ ဖန်ဆင်းရှင်ကို ကမ္ဘာ
ကျော်သိပ္ပံပညာရှင်ကြီး Stephen Hawking ထက်အရင်နှစ်များစွာက
တည်းက လက်မခံမယုံကြည်ခဲ့ဘဲ  . .
အတ္တ ဟိ အတ္တာနာ နာထော ဆိုသော မိမိကိုယ်ကိုယ်သာလျင်မိမိ
ကိုးကွယ်ရာအဖြစ် အခုလို သက်တည်နေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အခုလို ရေးသားရသောဓမ္မအလင်းရောင်သည် ဖခင်ကြီး ဦးလှစံမှ
ဝေငှသောကြောင့်သာဖြစ်ပါသည်။ ဤသို့ ဓမ္မအလင်းကိုဝေငှသင်
ပြခဲ့သော ဖခင်ကြီးအား ယခုဓမ္မအလင်းကုသိုလ်ကို ထပ်မံဝေငှ
အပ်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

Comments

Popular posts from this blog