You like artist.
အနုပညာဆိုတာ . . .
နိုင်ငံလူမျိုး
သာသာစကားလုံးတွေ . . .
ယေက်ျား
မိန်းမ ဆိုတဲ့ အင်္ဂါမတူညီတွေကလည်း
တားဆီးခြားနားထားပိတ်ပင်နိုင်မှု
မရနိုင်ပါဘူး။
ကြည့်လေ . ..
အလုပ်တွေ
မအားလပ်တဲ့အထဲက . ..
ဘာသားစကားပုံစံခွက်တွေ
မတူညီမှုထဲက . . .
ကျွန်တော့ရဲ့
Gallery အခန်းကျဉ်းလေးထဲ
ကျယ်ဝန်းတဲ့အနုပညာတွေကို
လာရောက်ရှာဖွေနေပါတယ်။
အိုး . .
ကျွန်တော် ..
လူသူလေးပါးထက် .. ရင်ဘက်ထဲကအနုပညာကိုပို၍တန်ဘိုးထားပါတယ်။
ဘာသာတရား
နိုင်ငံဆိုတဲ့ ပုဂ္ဂအစွဲတွေမှာ အတ္တတွေသွန်မှောက်တက်ကြပါတယ်။
သို့သော် . .
အနုပညာကတော့
ရိုးရှင်းတယ် ၊ မာနကင်းတယ် ၊ အရောင်ကင်းတယ်။
အခုရေးနေတုန်း
ပေါ်လာတာက“ DOCTOR ZHIVAGO ” ရုပ်သံဇာတ်ကား
တစ်ကားပါပဲ။
ဒုတိယကမ္ဘာစစ်မီးတောက်တွေကြားထဲမှာ
doctor zehivago ဟာ စစ်မီးတွေ
ကြားထဲက
ပြည်သူတွေရဲ့ဘဝတွေကို ကဗျာအဖြစ် သွန်မှောက်ချပြခဲ့ပါတယ်။
သူသေဆုံးသွားခဲ့ပြီ့းသော်လည်းပဲ
သူ့ ရင်ခွဲပြလိုက်တဲ့ စကားလုံးတွေကတော့
ဒီကနေ့အထိ
ကမ္ဘာ့မြေမှာ ကဗျာသံတွေအဖြစ် ကျန်ရစ်ဆဲပါပဲ။
ဒါ့ကြောင့်
ဘယ်လိုပဲဖြစ်ဖြစ် . . ..
ဖြစ်နိုင်ရင်
. . . .
နိုင်ငံတွေ .. . ဘာသာတွေ . .. ဖန်ဆင်းရှင်တွေ .. .
လူဖြူလူမည်းတွေ . .. ခရိုနီတွေ .. အာဏာရူးတွေ . ..
ပေါ်ပေါက်ခဲ့ဖူးသော
ဘုရားတွေ .. . . အားလုံး အားလုံးကို
ကျွန်တော်
လွှတ်ပစ်လိုက်ချင်ပါတယ် . .
လစ်လပ်သွားတဲ့
ထိုရင်ဘတ်တစ်နေရာမှာ . .
ချစ်သူအသစ်စက်စက်တစ်ယောက်ရယ် .အနုပညာရယ်ကိုပဲ . .
ပုံအောထားလိုက်ချင်ပါတယ်။
ဓာတ်ပုံ။ Rina from Japan
စကားကြွင်း။
။
ဘာသာတရားဘုရားအစားစားကိုမေ့လိုက်ချင်သည်ဆိုသည်မှာ
မေ့ချင်၍
မဟုတ်
ယနေ့ခေတ်တွင် ဘုရားကိုအကြောင်းပြသင်္ကန်းအကိုအကြောင်းပြ
ဘာသာရေးကိုခုတုံးလုပ်၍
နိုင်ငံနှင့်လူမျိုးကိုဖျက်ဆီးနေကြသော အလိုဆိုး
သမားများကိုမြင်တွေ့ကြားသိနေရသောကြောင့်သာဖြစ်သည်။
နာကျင်စွာဖြင့်
ဒိုးကြီး
Comments