ဗရမ်းပတာ ကုသိုလ် . .

ဗရမ်းပတာ ကုသိုလ် . .
ကျန်းမာရေး သတင်းတွေကို ပြည်သူအများသိရန် Share ပေးခြင်းဟာ
ငွေမကုန်တဲ့ ဇီဝိတဒါန အလှူပါ။ အိပ်ထဲက ပိုက်ဆံမကုန်တဲ့အလူ ကို
facebook ပေါ်မှာရနိုင်ပါတယ်။
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးတို့လက်ထက်ကဆိုရင် ငွေ
မကုန်ဘဲ ကုသိုလ်ရနိုင်တဲ့စနစ်တွေကို လူအများက လိုက်လုပ်တက်
ကြပါတယ်။
နောက် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆိုရင်လည်း
ကိုသိုလ်ကို စနစ်တကျပြုလုပ်တက်ဖို့ သွင်သင်ဆုံးမလေ့လရှိပါတယ်။
စေတီတော်တွေမှာ နံက်ပိုင်းနေ့လည်ပိုင်း ဆီမီးမထွန်းဖို့တောင်တား
မြစ်ထားပါသေးတယ်။
ဒီနေ့ခေတ်မှာ လူငယ်တွေ ထိုကဲ့သို့သော စာပေများမဖတ်ဖြစ်ကြတဲ့
အတွက် ကုသိုလ်ကို စည်းမဲ့ကမ်းမဲ့ပရမ်းပတာလုပ်နေတာကိုကျွန်တော်
မြင်နေရပါတယ်။
လူငယ်တင်မကပါဘူး လူကြီးတွေလည်း ရွှေတိဂုံစေတီတော်မြတ်ကြီး
ကို နေ့ခင်းကြောင်တောင်ကြီး မီးတိုက်နေကြတယ်။ နောက်တစ်ချို့က
လည်း မီးခိုးမှိုင်းတိုက်ကြပါတယ်။
တကယ်ကို ဗရမ်းပတာကုသိုလ်တွေပါလားလို့ ကျွန်တော်သံဝေဃ
ယူမိပါတယ်။
ဒါတင်ဘယ်ကဦးမှာလည်း ဆောင်းတွင်းကြီးအေးရအေးနဲ့ နေ့နံထောင့်
ကကျောက်ဆင်းတုတော်လေးတွေကို ရေတွေခေါင်းကစလောင်းနေ
ကြသေးတယ်။ သူတို့ကတော့ အေးလို့ ခေါင်းကိုပါ သိုးမွှေးဦးထုတ်
ဆောင်းထားပါတယ်။ ဘုရားကိုတော့ ပစ္စလက်ခက် ရေအေးနဲ့ပတ်
ကြတယ်နော်။
မှတ်ချက်။ အခြားသောသတင်းများဟာလည်း ဗာဟုသိပဉ္စ မင်္ဂလာကုသိုလ်
ဖြစ်စေနိုင်ပါသေးတယ်။
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

Comments

Popular posts from this blog