Homeless of Myanmar



အာဏာရူးရဲ့ နိဂုံးခါးပါတ်ဟာ ဒီလိုပဲအဆုံးသတ်စမြဲပါ .. ။
ဝေးသောအတိတ်ကို ပြောင်းပြောင်းပြောပြရမည်ဆိုပါက
ဒေဝဒတ်ဟာ ဘယ်တုန်းကမှ ပြည်သူပြည်သားကိုငဲ့ညှာခဲ့သူ
မဟုတ်ခဲ့ပါဘူး။ ပြည်သူတွေ အိမ်မရှိလည်း သနားစိတ်မဝင်ခဲ့ပါဘူး။
ဆင်းရဲသားပပျောက်ရေးက ဆင်းရဲသားတွေကို လမ်းပေါ်ကနေ
အိမ်ပေါ်ကိုတင်တဲ့စီမံကိန်းမျိုးမဟုတ်ဘဲ လမ်းပေါ်ကနေ ထောင်
ထဲကိုထည့် Dulldozer နဲ့ထိုးပစ်တာမျိုးပါ။
ဒါတွေဟာ ဒေဝဒတ်တို့ရဲ့လမ်းစဉ်တွေပါပဲ။
သူအာဏာရဖို့ သူ့ဘဝရပ်တည်မှုခိုင်မြဲဖို့ဆိုတဲ့ အတ္တအလိုဆိုးကို
တစ်လွဲသုံးပြီး မိုက်မဲ့ခဲ့တဲ့သူပါ။
အခု အဝီစိမှာရောက်နေတယ်လို့ ဆိုပါတယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

Comments

Popular posts from this blog