ကားကြီးတွေမောင်းတဲ့သူတွေကို အသိပညာစာရိတ္တမဏ္ဍိုင်ကို ပြုပြင်ပေးသင့်နေပါပြီ။ ဒါကို အသင်းအဖွဲ့အစည်းတစ်ခုခုက လုပ်ပေးသင့်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ သေနေတာ ကို စာနာစိတ်နဲ့ကျွန်တော် တင်ပြတာပါ။ မြန်မာပြည်မှာ ဦစားပေးလုပ်စရာထဲတွင် ပြည်သူတွေကိုစာရိတ္တ မဏ္ဍိုင် ကြံ့ခိုင်စေဖို့ စာဖတ်ခြင်း ၊ ပရဟိတနဲ့ ပါတီများမှ သင်တန်းပေးဟောကြားပို့ခြခြင်းများပြုလုပ်သင့်ါတယ်။ အထူးသဖြင့် ကားကြီးမောင်းတဲ့သူတွေကို (ကညန) မှာ လေးလတစ်ကြိမ် စာရိတ္တမဏ္ဍိုင်နဲ့ပတ်သက်သော သင်တန်းများပို့ချခြင်းနှင့် စာစစ်ဖြေဆိုခြင်းများပြုလုပ်သင့်တယ်ဟုကျွန်တော်ထင်မြင် သုံးသပ်အကြံပေးလိုပါတယ်။ အခုနာမည်ကြီးနေတဲ့ ဦးကျော်သူတို့လို ပရဟိတသမားများက သေမှကူညီနေမည့်အစား မသေခင် လူတွေရဲ့စာရိတ္တိမဏ္ဍိုင် ပြုပြင်ကူညီရေးအသင်းအဖွဲ့များ ရှိသင့်နေပါတယ်။ နောက်ပြီး သိန်းရာနဲ့ပြီးရနေတဲ့ တရားဟောဓမ္မကထိကများ လည်း ဒီကိစ္စကို အထူးပြုပြင်ရေးသင်တန်းအဖြစ်ပြုလုပ်သင့် ပါတယ်။ ကျွန်တော်တို့ကတော့ လေပဲတက်နိုင်တဲ့ကောင်တွေဆိုတော့ အခုလိုပဲ လေးပဲပေးနိုင်ပါတယ်။ blog link သဗ္ဗေ သတ္တာ မရဏန္တိ ဒိုးကြ...