အသိတရား ဝေမျှပါသည် ဓမ္မဒါနဆီ


ဝိသာခဆိုတဲ့ မိန်းမကြီးကတော့ သူ့ဝတ်တဲ့အင်္ကျီမဟာလတာတန်ဆာ
ကြီးကို ကိုးကုဋေနဲ့ရောင်းပြီး သာဝတ္ထိပြည်မှာ ပုဗ္ဗာရုံကျောင်းကြီးဆောက်
လုပ်လှူဒါန်းခဲ့တယ်လို့သိရတယ်။
အေးကွယ် ..
ဒီကနေ့ခေတ် facebook ပေါ်မှာ ရွှေကိုအင်္ကျီချုပ်ပြီးဝတ်ကြ၊ ဘာကား
ကြီးတွေစီးကြဆိုတဲ့သူတွေများ သူဝတ်တဲ့ ရွှေအင်္ကျီ စိန်အင်္ကျီ မြအင်္ကျီ
လေးများရောင်းချပြီး မီးဘေးသင့်ပြည်သူတွေ ကျည်ဆံဘေးသင့်တဲ့ပြည်
သူတွေ Bulldozer ဘေးသင့်တဲ့ပြည်သူတွေကို ထောက်ပံ့ကူညီလှူဒါန်း
တယ်ဆိုတဲ့သတင်းများ တို့ ကြားချင်ပါရဲ့။ သာဓုခေါ်ချင်ပါရဲ့။
အခုတော့ကွယ် . .. .
သူတို့တည်တဲ့ဘုရားကို အဲဒီ ရွှေအင်္ကျီကြီးတွေဝတ်ပြီးကြွားလုံးထုတ်
တာကိုတော့ဖြင့် တို့များ စက်ဆုပ်ရွံရှာမိပါ၏ . .။
အကယ်၍များ .. .
အဲဒီလို စိန်သူဌေး ရွှေသူဌေး ဒေါ်လာသူဌေး ခရိုနီသူဌေး အာဏာရှင်
သူဌေးကြီးတွေ သူတို့ပိုင်တာလေးများ ရောင်းချလို့ ဒုက္ခသည်များကို
ကူညီစေချင်ပါတယ်။ ကူညီပါလို့လည်း တိုက်တွန်းပါတယ်။ နာမည်ခံ
ကူညီတာတွေကတော့ စက်ဆုပ်ရွံရှာစရာပါ။
ဤပို့လေးကို Share ချင်သလိုသာ Share ကြပါ။ သို့မှာသာ လူတွေ
အလင်းမှန်အမြင်မှန်ရကြပြီး မြန်မာပြည်ကြီးငြိမ်းချမ်းသာယာကြမှာပါ။
သဗ္ဗေ သတ္တာ မရဏန္တိ


ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

Comments

Popular posts from this blog