ကိုယ့်ကိုယ်ကို အရင် မုန်းကြည့်ရအောင်

(ကျောင်းဒကာမကြီး)
“ ဘုန်းကြီး ဘုန်းကြီးကို မန္တလေးမြို့ကသံဃာတော်တွေက”
“ မုန်းကုန်ကြပြီ . .ဘုရား”

(မိုးကုတ်ဆရာတော်ကြီး)
“ သြော် ”
“ ဟုတ်လား ဒကာမကြီးရဲ့”
“ သူတို့က ဘုန်းကြီးကို အခုမှမုန်းနေကြတာပါ”
“ ဘုန်းကြီးကတော့ဖြင့် ကိုယ့်ကိုယ်မုန်းနေတာကြာလှပြီ”

အထက်ပါစကားဖြစ်ရပ်အကြောင်းအရာကိုတော့ဖြင့် မိုးကုတ်ရိပ်
သာကိုဝင်ဖူးကြသောယောဂီများ သိကြလိမ့်မည်။ ဟိုစဉ်က မိုး
ကုတ်ဆရာတော်ဘုရားကြီးဟာ ပါဠိစာပေကိုမသိကြတဲ့ မြန်မာ
နိုင်ငံသူနိုင်ငံသားတွေအတွက် သိနိုင်မြင်နိုင်စေရန်အတွက်
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအဖြစ် တီထွင်ဖန်တီးကာ ဓမ္မတည်းဟူ
သော မိုးရေတွေ ရွာသွန်းဖြိုးတော်မူခဲ့ပါတယ်။

ဒါကို သင်္ကန်းဝတ်ဘုန်းကြီးတွေက မနာလိုကြဘူး၊ မိုးကုတ်ဆ
ရာတော်ကြီးကို ပိဋကတ်စာပေကို စက်ဝိုင်းအဖြစ် ဖျက်ဆီးသူ
ဟူ၍ သမုတ်ကာ သာသနာဖျက်ဟုအငြိုးထား အမုန်းပွားတော်
မူခဲ့ပါတယ်။
မိုးကုတ်ဆရာတော်ကြီးရဲ့ ကျောင်းဒကာမကြီးက ဒီအကြောင်း
ကို သိတဲ့အခါ မိုးကုတ်ဆရာတော်ကြီးကို သတိပေးလျှောက်
ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။
တကယ်ကို မှတ်သားဖွယ်ရာပါ။ မန္တလေးမြို့ကသံဃာထုကြီး
က မိုးကုတ်ဆရာတော်ဘုရားကြီးကို မုန်တော်မူကြပြီလို့ဆိုရာ
မှာ ကာယကံရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟာ“နကမ္ပတိ”
တုန်လှုပ်တော်မူခြင်းမရှိတဲ့အပြင် ရင်ဘတ်ထဲကဒဿနတစ်
ပုဒ်ကို ထုတ်နှုတ်ပြလိုက်သေးသကိုး . ..
“ သူတို့က ဘုန်းကြီးကို အခုမှမုန်းနေကြတာပါ”
“ ဘုန်းကြီးကတော့ဖြင့် ကိုယ့်ကိုယ်မုန်းနေတာကြာလှပြီ”

အို . . စာရှုသူမိတ်ဆွေ . .
သံဝေဃဟူသည် ကန်ရေပြင်သို့ အမှတ်တမဲ့ ပြုတ်ကျသွားသော
ခဲတစ်လုံး၏ အဝှေ့သဘောပင်။ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို
ချစ်နေကြသလို နိစ္စဓူဝ တသသပြုပြင်ချယ်လှယ်ရင်း အားဆေး
ကျားဆေး စသည်ဖြင့် ငွေကုန်ခံမှီဝဲသုံးစွဲရင်း နောက်ဆုံးတော့
သေသည့်လမ်းပင်တည်း။
သို့နှယ် ကိုယ့်ကိုယ်ကိုချစ်၍ အားမရနိုင်သကဲ့သို့ သွေးမတော်
သားမစပ်သော လိင်မတူ လိင်တူခန္ဓာများကို တပ်မက်စွဲလမ်း
ချစ်ခင်ယုယနေရပြန်လေသည်။
သစ္စာရှိသောအချစ်သည်လည်းကောင်း သစ္စာမရှိသောအချစ်
သည်လည်းကောင်း တကယ်ဆန်းစစ်ကြည့်သော် သတင်းစာ
ကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်။
စေ့စပ်ကြောင်းလမ်းပြီးစီးခြင်းနှင့် နှစ်ဦးသဘောတူကွာရှင်းပြတ်
ဆဲခြင်းဆိုသော အချစ်နဲ့အမုန်းတွေကို ကျွန်ုပ်တို့သည် ဘယ်လို
သုတ်သင်ရှင်းလင်းပါအံ့နည်း။
ဤဓမ္မအလင်းကိုကုသိုလ်ကို 31ဘုံသားနှင့်ကျွန်ုပ်အားပါဠိစာပေ
ကို သင်ကြားပြသပေးခဲ့သော ဖခင်ကြီးဦးလှစံကိုဝေငှမိပါသည်။
blog link . .
လေးစားစွာဖြင့်


ဒိုးကြီး

Comments

Popular posts from this blog