နတ်ကိုပူဇော်ပသလို့ သရဏဂုံမပျက်ပါ


ဗုဒ္ဓဝါဒကို အပေါင်းမမှားနဲ့  . .
ဆိုလိုတာက ဘုရားကျောင်းဆောင်နဲ့ နတ်စင်က တစ်နေစီဗျ။ ကိုးကွယ်မူကလည်း
တစ်ပိုင်းစီဗျ။ သရဏဂုံပျက်အောင်ကိုးကွယ်ရင် သရဏဂုံပျက်တယ်မှတ်။ သရဏဂုံ
မပျက်အောင် ကိုးကွယ်ရင် သရဏဂုံမပျက်ဘူးမှတ်။ ဒီလိုတစ်ကန့်စီရှိနေတာကို
အချို့က စာမနှံ့တော့ သွားပေါင်းတယ်။ ပေါင်းတော့ မှားကုန်တော့တာပေါ့ဗျာ။
ဘုရားဆိုတာ လောကုတ္တရာနယ်ပယ်။ နတ်ဆိုတာ လောကီနယ်ပယ်။“ဘုရားကိုကိုး
ကွယ်ကြတယ်ဆိုတာ ဘဝသံသရာတည်းဟူသောဒုက္ခလောကမှလွတ်မြောက်ပြီး
ငြိမ်းအေးသောနိဗ္ဗာန်ရောက်ဖို့။” “ နတ်ကိုပူဇော်ပသတယ်ဆိုတာ လောကီစားဝတ်
နေရေးမင်းဘေးဆိုးတာကနေလွတ်မြောက်ဖို့” အဲလို မတူညီတဲ့ရည်ရွယ်ချက်နှစ်ခု
ကို ပိဋကတ်စာပေမနှံ့တဲ့သူတွေက ပေါင်းပြီး သရဏဂုံပျက်တယ်လို့သမုတ်လိုက်
ကြတယ်။
ကျုပ်ကလည်းပဲ စာနှံ့ပေနှံ့လို့ပြောနေသည်မဟုတ်။ ဋီကာကျော်ဖိုက်တာကြီး
လယ်တီဆရာတော်ဘုရားကြီးရေးသားတဲ့ “သရဏဂုံဝိနိစ္ဆယကျမ်းစာ”
“ ရောဂန္ဓဒီပနီကျမ်းစာ” “ဒါနာဒီနီပနီကျမ်းစာ” ထိုကျမ်းစာအုပ်သုံးအုပ်ကိုဖတ်ပြီး
အခုလို ရေးနေတာပါ။ ကျုပ်ရဲ့ အတ္တနောမတိမဟုတ်ဘူး။ လယ်တီဆရာတော်
ဘုရားကြီးရဲ့ အာဘော်ဗျ။
အခုပြောတဲ့ ကျမ်းစာအုပ်သုံးအုပ်လုံးကို ခင်ဗျားတို့ ဖတ်မှတ်မိပြီဆိုရင်ကျုပ်အခု
ရေးနေတာကို သဘောပေါက်ပြီမှတ်။ ကျုပ်က အခု ခင်ဗျားတို့ကို ကျမ်းညွှန်းပေး
နေတာနော်။ အဲဒီကျမ်းစာအုပ်သုံးအုပ်ကိုဖတ်ပြီးပြီဆိုရင်  . ..
(၁)နတ်ကို ပူဇော်ပသလို့ သရဏဂုံမပျက်ခြင်း
(၂)အဘယ်သည် သရဏဂုံပျက်ကြောင်းနည်း
(၃)နတ်ကို ဘယ်လိုပူဇော်ပသသင့်သနည်း
စသည့် ဒွိယံဒွိယ ကုက္ကုစ္စတရားများ ခင်ဗျားတို့သဏ္ဍာန်မှ ကွယ်ပျောက်သွားမည်
ဖြစ်ပါကြောင်း ကျုပ်အာမခံပါသည်။
တစ်ခုတော့ရှိတာပေါ့ဗျာ။ လယ်တီဆရာတော်ဘုရားကြီးပြောခဲ့သလိုပေါ့
တစ်ပိုင်းကြောင်း ကျက်စာရယုံနှင့်
ခတ်ပါလှ သဘောဥာဏ်
ထက်မာန အပြောသန်တယ်
ဒေါသမာန်ထူပွား
စောဒက တုဖတ်လာလျှင်
သူ့ ထက်ငါ ငြင်းမဲ့လူစား . .. ။
ဘုရားဟောမြတ် ဓမ္မခဏ်ကို
တတ်လေဟန်ယောင်ဝါး
ပရမတ်ပြန်အကြောင်းသမားတွေတို့ 
ထောင်လွှားကြသူ့ ထက်ငါ
အသိဥာဏ် တစ်ထွာလောက်ကယ်နှင့်
ညှာမထောက် ဟောတတ်လှပါ
ပရိသတ် ထောမနာအောင်
စောဒနာ ဥာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ ဘောင်
ပိဋကတ် အစွယ်ထောင်လျှင်
အပါယ်ဘောင် ဆင်းရလိမ့်လေး . . .. ။
ဆိုသော “ ပိဋကတ် အစွယ်ချိုး” တေးထပ်လို ဤမျှထိုမျှလောက်သောစာဖြင့်
ကျုပ်အား မငြင်းဆိုကြပါနဲ့။ ကျုပ်ကလည်းပဲ ဤမျှမက ထိုမျှမကသောစာကို
နှံ့စုံ၍ရေးသည်မဟုတ်။ နှံ့စပ်တော်မူသော ဆရာတော်ဘုရားကြီးများ၏အာ
ဘော်ကိုသာ ထုတ်နှုတ်တင်ပြခြင်း ဓမ္မအလင်းဝေငှခြင်းသာဖြစ်ပါတယ်။
ကျုပ်ရေးတာမှားသပဆိုပါရင် လယ်တီဆရာကြီးရေးသားပြုစုတော်မူခဲ့သော
အထက်ပါ ကျမ်းများ၏အမှားသာဟု သိမှတ်တော်မူကြပါလေ။
ဆိုလိုသည်ကား  ..
ပိဋကတ်ကဝိ ပိဋကတ်ပါရဂူမြောက်ဖြစ်တော်မူသော ကျေးဇူးတော်ရှင်လယ်
တီဆရာတော်ဘုရားကြီးသည်ကား  . . ..
သင်ကဲ့သို့ အဘယ်မှာ မှားပါအံ့နည်း။
သင့်ကဲ့သို့ အဘယ်မှာ တုံးပါအံ့နည်း။
သင်သည် ထိုပိဋကတ်ခေါင်ထိ ရှင်ကဝိဖြစ်တော်မူသော ကျေးဇူးတော်ရှင်
လယ်တီဆရာတော်ဘုရားကြီးထက် ပို၍ တက်သည် ပို၍မြတ်သည်ဟု
ဆိုပါကား ကျုပ်ဘာမှရှေ့ဆက်၍ မပြောလိုတော့ပါ။
ထို့ကြောင့် နတ်ကိုပူဇော်ပသလို့ သရဏဂုံမပျက်ပါဘူးဟု နိဂုံးခါးပတ်အဆုံးသတ်
လိုက်ပါသည်။
ဤဓမ္မအလင်းကုသိုလ်ကို အကျွန်ုပ်အားပါဠိစာပေကိုစတင်သင်ကြားဆုံးမတော်
မူခဲ့သော ဖခင်ကြီး ဦးလှစံအား ဝေငှမိသည် ၃၁ဘုံသားတို့ အလင်းကုသိုလ်ရစေ
သောဝ်  . ..
ကျမ်းကိုး  . . . .
(၁) သရဏဂုံဝိနိစ္ဆယကျမ်းစာ (လယ်တီဆရာတော်)
(၂) ရောဂန္ဓဒီပနီကျမ်းစာ (လယ်တီဆရာတော်)
(၃) ဒါနာဒိဒီပနီကျမ်းစာ (လယ်တီဆရာတော်)
 ဒိုးကြီး (13.8.2016)


Comments

Popular posts from this blog