နိုင်ငံရေးဆိုတာ ဘာလဲ ?
(လူထုခေါင်းဆောင်
တရုတ်ပြည်သွားအမှတ်ရဆောင်းပါး)
နိုင်ငံရေးကိုလုပ်ရင်
ဂန္ဓီကြီးကို ဥပမာယူပါ။ နောက်တစ်ခုက ဇာတက
မှာပါတဲ့
“တေမိယဇာတ်”ရဲ့အဓိပ္ပါယ်ကို နားလည်အောင် မှတ်ယူပါ။
အဲဒီအထဲက
သင်္ခန်းစာထုတ်ယူနိုင်မယ်ဆိုရင် နိုင်ငံရေးဆိုတာဘာလဲ?
ဆိုတဲ့မေးခွန်းကို သိမယ်။
ကဲ ..
ဓမ္မအလင်းအဖြစ် နဲနဲ note ထုတ်ပြမယ်။
နိုင်ငံရေးအလုပ်ဆိုတာ . . လောကီကိစ္စ
ဘာသာရေးအလုပ်ဆိုတာ . . လောကုတ္တရာကိစ္စ
အဲဒီနှစ်ခုကို
မပေါင်းမိစေနဲ့ ပေါင်းလိုက်လို့ကတော့ အသေဆိုးနဲ့သေ
တော့တာပဲ။ ဂန္ဓီဟာ
အဲဒီနှစ်ခုကိုပေါင်းလိုက်တာ။ ဒါ့ကြောင့်သူ့ကို
သူ့နိုင်ငံသား သူ့လူမျိုးတွေကပဲ
ပြန်သတ်ပစ်လိုက်လို့ အသေးဆိုးနဲ့
သေရှာတာ။
ဂန္ဓီက
နိုင်ငံရေး-လောကီကိစ္စကို ဘာသာရေး-လောကုတ္တရာကိစ္စနဲ့
ပေါင်းပြီးနားလည် မှတ်ယူလိုက်တဲ့အမှားပဲ။
လောကီဆိုတာ
ဆုပေးဒါဏ်ပေးစနစ်ရှိတယ်။ သိမ်းပိုက်ခြင်းနှင့်လွှတ်ချ
ခြင်းဆိုတာရှိတယ်။
လောကုတ္တရာဆိုတာ ဆုပေးဒါဏ်ပေးစနစ်ကိုစွန့်လွှတ်ထားတာ။သိမ်းပိုက်
တာမြူမျှမရှိတဲ့အတွက်
လွှတ်ချမှုဆိုတာလည်း ဆိတ်သုန်းနေတယ်။
အဲလို မတူညီတဲ့ တိမ်အပူလှိုင်းနဲ့တိမ်အအေးလှိုင်းတို့
ပေါင်းဆုံမိတဲ့အခါ
လျှပ်စီးလက်
မိုးကြိုးတွေပစ်သလိုပါပဲ။ မိုးမီးလောင်တော့တာပေါ့။
ဒါကို ဒီကနေ့
စာပေမျက်နှာစာမှာ ပေါင်းပေါင်းနေတယ်။ ဒီအပေါင်းက
အမှားပေါင်းကြီးနော်။ (စကားချပ်)အနေနဲ့
ဘာသာပေါင်းစုံညီညွတ်ရေးဆို
တဲ့စကားလည်း အလွဲကြီးပဲ။
တိုက်ကြက်နှစ်ကောင်ပေါင်းကြည့်လေ
ခင်ဗျားတို့
ခြံထဲထည့်ထားကြည့် အသေခွပ်ကြမှာ။ ကြက်မနှစ်ကောင်ကြ
တော့ အနိုင်အရှုံးလောက်ပဲ
ထိုးကြဆိတ်ကြပြီးရင် ပြီးသွားတာပဲ။ ဆို
လိုချင်တာက ပေါင်းလို့မရတဲ့
ကိစ္စရပ်တွေမှာ ပေါင်းလို့ကိုမဖြစ်ဘူး။
ပေါင်းတယ်ဆိုတော့မှာ
အသေခွပ်ကြတဲ့ တိုက်ကြက်တွေလိုပေါ့ဗျာ။
ဒါ့ကြောင့် နိုင်ငံရေးဆိုတာ
လောကီကိစ္စဖြစ်တဲ့အတွက် အအေးဓမ္မမှုနဲ့
အပူအဓမ္မမှုတို့ဟာ
အမြဲထိတွေ့နေကြတာ။ အအေးဓမ္မနဲ့ဆုံတာကတော့
ပြဿနာမရှိပေမယ့် အပူအဓမ္မနဲ့ဆုံတဲ့အခါ
ပြဿနာရှိသွားပြီ။
ဒီနေရာမှာ
မဃဒေဝလင်္ကာလေးထုတ်ပြမယ် ..
“ ဝဂ္ဂင်္ဝဂီ ၊ထိုလူနှစ်မျိုး
၊ပြစ်အကျိုးကို၊ အိုးယွဲ့စလောင်း၊ပိတ်တုံလျှောင်းသို့၊
စောင်းလျှင်စောင်းမှု၊
တည့်မူတည့်လိုက်၊ မူခြင်းတိုက်လော့ . .. ”
တဲ့။
အိုးယွဲ့နေရင် အလိုက်သင့်
စလောင်းဖုံးအရွဲ့လေးနဲဖုံးရမှာ .. တဲ့။
လောကီကိစ္စဟာ အပူနဲ့တွေတော့
အပူလိုကျင့်ရသလို အအေးနဲ့ဆုံပြန်
တော့လည်း
အအေးလိုကျင့်ရပြန်တယ်။
ဂန္ဓီကြီးဟာ ဒီသဘောကို နားမလည်ဘူး။
နားမလည်တဲ့အတွက် မွတ်
စလင်နဲ့ဟိန္ဒူ
ဇာတ်နိမ့်ဇာတ်မြင့် စတဲ့ ခွဲခြားဆက်ဆံမှုတွေမှာ အားလုံး
ကို
လူတန်းစားတစ်ရပ်အဖြစ်သဘောထားကြီးခဲ့တယ်။ (မေတ္တာပေါ့)
သို့သော် အဲဒီမေတ္တာ
အအေးဟာအအေးသမားအတွက်တော့ okသွား
ပေမယ့် အပူသမားအတွက်တော့
အဆင်မပြေတော့ဘူး။ ဒီတော့ ဂန္ဓီ
ကြီးကို သူ့လူမျိုးဟိန္ဒူဇာတ်မြင့်ဝါဒီတွေကပဲ
သတ်ပစ်လိုက်တယ်။
လောကီဥပဒေသဆိုတာ
“ဒူးနေရာဒူး တော်နေရာတော်”ပဲလေ။ လောကီ
ဥပဒေသနေရာမှာလောကုတ္တရာဥပဒေသကို
ထည့်သွင်းစဉ်းစားလိုက်တဲ့
ဂန္ဓီကြီးရဲ့ မေတ္တာအယူအဆဟာ
အသေဆိုးနဲ့သေရတာပဲ။
“လောကုတ္တရာဆိုတာ သန့်စဉ်လေ
ရသမြောက်လေ”
“လောကီဆိုတာ မရွံမရှာလေ
ရသမြောက်လေ”
ကဲ .. ဒါလေးကလည်းပဲ နိုင်ငံရေးဆိုတာဘာလဲ?
ရဲ့အဓိပ္ပါယ်ကိုခြုံမိ
ငုံမိစေမယ်။
လောကုတ္တရာဆိုဘာသာရေး အလုပ်မှာ
သန့်စင်ရမယ် မွန်မြတ်ရမယ် ၊အဲလို
ကိုယ်စိတ်နှစ်ပါးသီလတွေသန့်စင်လေ
သီလတွေ မွန်မြတ်လေ လောကုတ္တရာ
အလုပ်ဟာပိုပြီးပြီးမြောက်အောင်မြင်တယ်။
အကုသိုလ်ဆိုရင် နဲနဲလေးမှအထိ
မခံနဲ့။ အပွန်းအပဲမခံနဲ့။
သမ္မာဒိဋ္ဌိဆိုတဲ့အယူမှန်ကို နဲနဲလေးမှ အပွတ်မခံနဲ့။
ဒီမဂ္ဂင်တွေကို လက်မလွှတ်ဘဲ
ဆုပ်ကိုင်ထားရမှာ။
ဒါ့ကြောင့် ဗုဒ္ဓံ သရဏံ
ဂစ္ဆာမိ၊ဆိုတဲ့အဓိပ္ပါယ်ဟာဒါပဲ။ ဘုရားမှဘုရားပဲ ဒီဘုရား
ကလွဲလို့
အခြားမှာဘုရားဆိုတာမရှိဘူး။ ဗုဒ္ဓကိုပဲ ဆုတ်ကိုင်ထားတာမျိုး။
ဟုတ်ပြီ . .လောကီဆိုတဲ့ နိုင်ငံရေးကြတော့
ဒီလိုမျိုးမဟုတ်ဘူး . ဗျ။
လောကီဆိုတဲ့နိုင်ငံရေးအလုပ်မှာ
မရွံမရှာရဘူး၊ နောက်မတွန့်ရဘူး၊အတွေဝေ
ရဘူး၊ တုံးဆို တိုက် ၊
ကျားဆို ကိုက်။ မွတ်ဆလင်အိမ်ရောက်ရင် မွတ်ဆလင်
ဝါဒ ဗုဒ္ဓဘာသာအိမ်ရောက်ရင်
ဗုဒ္ဓဘာသာဝါဒ ဟိန္ဒအိမ်ရောက်တော့ဟိန္ဒဝါဒ
စသည်ဖြင့်
လိုက်လျောညီထွေရှိရတယ်။ တစ်သတ်မတ်တည်း ဝါဒတစ်ခုကို
ဆုတ်ကိုင်ထားလို့မရဘူး။
လောကုတ္တဆိုတာ . . ဆုတ်ကိုင်ထားရတာ
လောကီဆိုတာ . . . ဆုတ်သင့်ဆုတ်
လျှော့သင့်လျှော့ရတာ။
တေမိယဇာတ်ကိုကြည့် . . . .
ဘုရင် (သမ္မတ) လုပ်ရတာဟာ
အပြစ်တွေများတယ်။ကောင်းတဲ့သူကို
လည်းရံခါမှာ
မကောင်းတဲ့သူလို့ ထင်ပြီး အပြစ်ပေးမိတက်သလို ၊မကောင်း
တဲ့ သူကိုလည်း
ကောင်းသူလို့ထင်ပြီး ချီးမြှောက်တက်တယ်။ အပါယ်ငရဲ
ကိုလားစေတက်တဲ့အမှုတွေ
စီမံမိတက်တာမို့ ထီးချက်စောင့် နတ်သမီးက
တေမိမင်းသားလေးကို
စကားမပြောတက်ချင်ဟန်ဆောင်ခိုင်တာပဲလေ။
ဒီအကြောင်း
ဗုဒ္ဓဘာသာဝင်တော်တော်များများသိပါတယ်။
ဒါ့ကြောင့်
နိုင်ငံရေးလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို
ဂန္ဓီကြီးကဲ့သို့ မေတ္တာ
ရှင်ကြီးအဖြစ်
အထင်မရောက်မိစေနဲ့။ နိုင်ငံရေးဥပဒေသကို လောကုတ္တရာ
ဓမ္မကဲ့သို့
တစ်ရသေမဆုတ်ကိုင်ဘဲ လိုက်လျောညီထွေစွာ တင်းသင့်တင်း
လျှော့သင့်လျှော့ရပါတယ်။
တစ်တိုင်းပြည်လုံးမှာရှိတဲ့
လူမိုက်ရော လူကောင်းရောစတဲ့ပြည်သူတွေကို
မေတ္တာဝါဒကြီးနဲ့ပဲမကျင့်သုံးပဲ
။ လွန်းကျူးသူကို သူနဲ့ထိုက်တန်သောအပြစ်
ကိုပေးရမယ်။ အဲလိုမဟုတ်ဘဲ
“သဗ္ဗေ သတ္တာ ကမ္မဿကာ” သူ့ကို သူ့ကံက
ပဲ
စီရင်လိမ့်မယ်ဆိုတဲ့ဝါဒကျင့်သုံးရင်တော့ ကောင်းတဲ့သူတွေကိုပါ မကောင်း
မှုကိုလုပ်ခိုင်းတဲ့သဘောရောက်သွားမယ်။
ဥပမာဗျာ။
ဒီနေ့ခေတ် ခရိုနီတွေ
ခိုးစားနေတယ်။ဒါကို အရေးမယူဘဲဒီတိုင်းဆက်
ထားနေမယ်ဆိုရင်
ကျန်တဲ့သူတွေလည်း ခရိုနီစိတ်ဓာတ်မျိုးကိုမွေးမြူ
ကြတော့မှာပေါ့။
မိုးခါးရေတွေ အကုန်သောက်ကုန်လိမ့်မယ်။ တိုင်းပြည်
ကြီးပျက်စီးသွားမယ်။ ဒါကို
နိုင်ငံရေးလုပ်တဲ့သူတွေ သတိထားရမယ်။
နိုင်ငံရေးဆိုတာ သမုတိပဲ။
လူတို့ သမုတ်တဲ့အတိုင်းဖြစ်နေရတာ။
ကြည့်လေ 2008
ဥပဒေအခုပြင်နေကြတယ်မဟုတ်လား? ရေးထားတာ
မှာ ဆယ်နှစ်မပြည့်သေးဘူး။
ပြင်နေရပြီ။ ဒါ သမုတိရဲ့သဘောတွေပေါ့။
“အများပြောအမှန်လေ”
ပြည်သူထဲက အများစုက ဒါကြီးပြင်ပေးပါဆိုရင်
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်၊
မဲများရင် ပြင်ရတာပဲမဟုတ်လား?။
ဒါ့ကြောင့် နိုင်ငံရေးဆိုတာ
လောကီကိစ္စ၊သမုတိ၊မို့လို့ ကောင်းသူကိုချီး
မြောက် မကောင်းသူကို
ဒါဏ်ပေးရတဲ့စနစ်ပဲ။
အဲလိုတွေ မလုပ်စေချင်လို့ ၊
ထီးချက်စောင့်နတ်သမီးက တေမိမင်းသား
လေးကို
စွံ့အချင်ဟန်ဆောင်ခိုင်းတာပဲ။ တေမိမင်းသားလေးကလည်းပဲ
နတ်သမီးပြောတဲ့
ဓမ္မကိုနားလည်ပြီး စွံ့အယောင်ဆောင်လို့ ဖခင်က
ဘုရင်လုပ်ခိုင်းဖို့မဖြစ်တော့တဲ့အဆုံး
သတ်ခိုင်းလိုက်တယ်။ မင်းသားလေး
က အဲဒီတော့မှပဲ
စကားပြောပြီး တောထွက်ရသေ့ဝတ်သွားတယ်လေ။
ဒါ့ကြာင့် နိုင်ငံရေးဆိုတာ
အနှစ်ထုတ်တော့ . ..
လောကီကိစ္စ အကုသိုလ်နဲ့ကုသိုလ်တို့ရောထွေးနေတာမို့
နိုင်ငံရေးလုပ်
ချင်သူများ လုပ်နေသူများဟာ
အထူးသတိထားရမယ်လို့ ဓမ္မအလင်းပေး
လိုပါတယ်။
သို့ဖြစ်သောကြောင့်
ဒီကနေ့နိုင်ငံရေးမှာ ကိုယ့်ကိုယ်ကို မေတ္တာရှင်ကြီး
တစ်ဆူ
ဆုထူးပန်ကြီးတစ်ပါးလို အထင်မရောက်မိစေဖို့လိုပါတယ်။
ကောင်းသူကို ကယ်၍
မကောင်းသူကို မကောင်းသည့်အားလျှော်သော
ပြစ်ဒါဏ်ကို
ပေးရမှာဖြစ်ပါတယ်။ အကုသိုလ်ကြောက်ရင် နိုင်ငံရေးလုပ်
လို့မရပါဘူး။
နိုင်ငံရေးလုပ်သူတိုင်းကုသိုလ်ချည်းပဲမရအကုသိုလ်လည်း
ပါနိုင်ကြောင်းတေမိယဇာတက
သက်သေခံနေပါတယ်။
အဲလိုမှမဟုတ်ရင်တော့ ဗုဒ္ဓဝါဒစစ်စစ်အတိုင်း
တောထွက်ရသေ့ရဟန်း
ပြုရန်သာလိုအပ်ပါ . . . ကြောင်း။
ဒိုးကြီး
Comments