မြေတုန်လှုပ်ခြင်း ကြောင်းရှစ်ရင်း
ငြိမ်သက်နေရာမှ
မဟာပထဝီမြေကြီးသည် သွက်သွက်ခါအောင်
လှုပ်ခါပြလိုက်သည်ရှိသော် သားရဲတို့သည် ဟိုမှ သည်သို့
ထောက်တည်ရာမရ
ပြေးလွှားကြကုန်၏။
ဝုန်း .. . ဗြုန်း
. . ဗြစ် . .
ကြွိ . .ကျစ်
.. တစ် . .
ထိုမျှလောက်
မြေကြီးတုန်လှုပ်တက်သည်ကို အာနန္ဒမမြင်ဘူးခဲ့။ အခုတော့
ကိုယ်တိုင်မြင်လိုက်ကြားလိုက်ရသည်။
အာနန္ဒာရင်ထဲသို့ ကြောက်စိတ်နှင့်စိုးရိမ်
စိတ်တို့သည်
တစ်ပြိုင်နက်တိုးဝင်လာကြသည်။ ဤအခြေအနေအကြောင်းအရင်းကို
သိနိုင်ရန်မှာ
ဗုဒ္ဓမှအပ အခြားမရှိလေပြီဟု အာနန္ဒာတွေးမိသည်နှင့်မရှေးမနှောင်း
ဆိုသလို
ဗုဒ္ဓထံသို့အာနန္ဒာချည်းကပ်၍ အခုလိုလျှောက်ထားလိုက်သည်။
“ အံ့ဖွယ်ရှိပါပေစွ အသျှင်ဘုရား၊”
“မဖြစ်ဖူးမြဲ
ဖြစ်ပါစေစွာ အသျှင်ဘုရား”
“ကြက်သည်းမွေးညင်းထစေလျက်
ကြောက်မက်ဖွယ်ကောင်းသော ဤမြေ
ငလျင်
လှုပ်ခြင်းသည် ကြီးကျယ်ပါပေစွ ၊ တခြိမ့်ခြိမ့်မြည်ဟည်းသွားပါကုန်၏
အသျှင်ဘုရား။”
“
ယင်းသို့ မြေတုန်လှုပ်ခြင်းဟာ အဘယ်အကြောင်းအရင်းပါလည်းဘုရား”
ဗုဒ္ဓမြတ်စွာသည်
သူ့ထံမှောက် သိလိုရေးဖြင့် လာရောက်လျှောက်ထားလာသော
ညီတော်အာနန္ဒာအား
မိခင်သည် သားသမီး၏ ရင်၌ခံစားနေရသော မသိနား
မလည်သော
ပုစ္ဆာတစ်ပုဒ်အား ရှင်းပြလိုသော အကြည့်ဖြင့် အာနန္ဒာကိုတစ်ချက်
ကြည့်လိုက်သည်။
ပြီးနောက် ။ အခုလို မိန့်ကြားလိုက်လေသည်။
“ အဋ္ဌ ခေါ ဣမေ အာနန္ဒ ဟေတူ အဋ္ဌ ပစ္စယာ မဟတော ဘူမိစာလဿ
ပါတုဘာဝါယ။
ကတမေ အဋ္ဌ ။ အယံ အနန္ဒ မဟာပထဝီ ဥဒကေ ပတိဋ္ဌိတာ၊
ဥဒကံ
ဝါတေ ပတိဋ္ဌိတံ၊ ဝါတော အာကာသဋ္ဌော။ ဟောတိ ခေါ သော အာနန္ဒ
သမယော၊
ယံ မဟာဝါတာ ဝါယန္တိ၊ မဟာဝါတာ ဝါယန္တော ဥဒကံ ကမ္ပေန္တိ၊ ဥဒကံ
ကမ္ပိတံ
ပထဝိံ ကမ္ပေတိ။ အယံ ပဌမော ဟေတု ပဌမော ပစ္စယော မဟတော
ဘူမိစာလဿ
ပတုဘာဝါယ။ အစချီ၍ မိန့်ကြားတော်မူခဲ့ပါသည်။
ယင်းသို့သော
ပါဠိစကားကို မြန်မာမှုပြုရခြေသော် . .. ။
အနန္ဒာ
လောကမှာ မြေတုန်လှုပ်ခြင်း (၈) ပါးရှိတယ်။
(၁)
မြေကြီးဟာ ရေမှာတည်တယ်။ ယင်းရေဟာ လေမှတည်နေတယ်။
လေဟာလည်းပဲ
ကောင်းကင်မှာတည်နေတာ။ဒါ့ကြောင့် ပြင်းထန်စွာလေ
တိုက်တဲ့အခါရေတွေလှုပ်ကုန်တယ်။
ရေတွေလှုပ်တဲ့အခါ မြေလည်းလှုပ်တော့တာပေါ့။
(၂)အာနန္ဒာ
တန်ခိုးနဲ့ပြည့်စုံတဲ့ ဗြာဟ္မဏဖြစ်စေ ၊ တန်ခိုးကြီးနတ်ဖြစ်စေ၊ သူတို့ရဲ့တန်ခိုး
ဖန်တီးမှုကြောင့်လည်း
မြေဟာ လှုပ်တက်တယ်။
(၃)ဘုရားအလောင်းတော်များ
အမိဝမ်းတိုက်သို့ သက်ရောက်တဲ့အခါမှလည်းမြေကြီးဟာ
တုန်လှုပ်တက်တယ်။
(၄)
ယင်းဘုရားအလောင်းနတ်သားဟာ အမိဝမ်းကြာတိုက်မှ သတိရှိလျက် ဆင်ခြင်လျက်
ဖွားမြင်တဲ့အခါမှလည်း
မြေကြီးတုန်လှုပ်တက်တယ်။
(၅)မြတ်စွာဘုရားဟာ
သမ္မာသမ္ဗောဓိဉာဏ်ကိုရရှိတော်မူတဲ့အခါမှာလည်း မြေကြီးဟာ
သွက်သွက်ခါအောင်
တုန်လှုပ်တက်ပြန်တယ်။
(၆)ဓမ္မစင်္ကြာတရားဦးဟောတဲ့အခါမှာလည်း
မြေကြီးတုန်လှုပ်တက်တယ်။
(၇)မြတ်စွာဘုရားဟာ
အသက်ကို ရှည်ရန်ပြုပြင်မှုလို့ခေါ်တဲ့ အာယုသင်္ခါရ ကိုစွန့်
လွှတ်တော်မူတဲ့အခါမှာလည်း
မြေကြီးလှုပ်တယ်။
(၈)မြတ်စွာဘုရား
ခန္ဓာနာမ်ရုပ်အကြွင်းမရှိ ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာန်
ကိုစံဝင်တဲ့အခါမှာလည်း
မြေကြီးလှုပ်တယ်။
အဲလို
မြေကြီးလှုပ်တဲ့အကြောင်းရှစ်ပါးကို မြတ်စွာဘုရားသည် သနားဖွယ်ကောင်း
သော
ကြည်ညိုဖွယ်ကောင်းသော လေးစားဖွယ်ကောင်းသော အတုယူဖွယ်ကောင်း
သော
ညီတော် အာနန္ဒာအား ဖြေကြားတော်မူခဲ့ပါတယ်။
အာနန္ဒာသည်
မြေလှုပ်ခြင်းရှစ်ပါးကို ဘုရားရှင်ထံမှ ကြားသိရလိုက်သောအခါ
“
သြော် ”
“
အခု မြေတုန်လှုပ်ခြင်းဟာ ” “ဘုရားရှင် အာယုသင်္ခါရလွှတ်လိုက်လို့ပါလား”
လို့
သိလိုက်ရသည်နှင့်တပြိုင်နက် မြေအပြင်တုန်လှုပ်သကဲ့သို့ အာနန္ဒာရဲ့ရင်အစုံ
ကိုလည်း
လှုပ်ကာမြည်ဟီး ငိုးခြင်းခြင်းသို့ရောက်ခဲ့ရပါတယ်။
အခုလည်းပဲ
ပုဂံငလျင်ကြောင့် စေတီပုထိုးများစွာတို့ ပြိုကျပျက်စီးခြင်းဖြင့် သူတော်
ကောင်းတို့နှလုံးအိမ်တွင်လည်း
ရင်တွင်းငလျင် လှုပ်ခပ်သွားခြင်းပေတည်းဟု . ..
ကျမ်းကိုး .. .
ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတော်၊
ပရိနိဗ္ဗာနသုတ္တာန်၊
မဟာဘူမိစာလဟေတုသုတ်။
နှာ။ 90
ဒိုးကြီး
Comments