မန်လည်
မန်လည်ဆိုတဲ့ နာမည်ကိုကြားရုံဖြင့် “မဃဒေဝလင်္ကာ”ကျမ်းကြီးကိုရေးသား
ပြုစုတော်မူခဲ့သော
ဆရာတော်ဟု သင်သိလိုက်သည်ဆိုပါက သင်သည်
ခေတ်စာပေရေစီးကြောင်းထက်အလွန်
မဟာဂန္တဝင်စာပေကို သဘောကြ
သောသူဟူ၍
ကျွန်ုပ်မှတ်ယူမည်ဖြစ်သည်။
ကျွန်ုပ်၏
စာပေလောကို ယင်းမန်လည်ဆရာတော်ကြီး၏ မဟာဂန္တဝင်ကဗျာကြီး
က
အသက်ဝိဉာဉ်ဖုတ်သွင်းပေးလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်ရေးစပ်ခဲ့ဖူးသော
ဆောင်းပါး၊ကဗျာစသည်တို့သည်
မန်လည်၏အငွေ့အသက်တို့ပင်ဖြစ်သည်။
စာရေးတက်ချင်သောကျွန်ုပ်သည်
တကယ်တော့စာမရေးတက်ခဲ့ပေ။ စာရေး
နည်းကဗျာရေးနည်းစာအုပ်များကို
ဖတ်ရှု့သော်လည်းကျွန်ုပ်အတွက် အရာ
မထင်။
ကုန်ကုန်ပြောရရင် ကျွန်ုပ်၏ညီမရင်းဖြစ်သူ မအိအိထွေးကပင် ဆောင်း
ပါးဝတ္ထုများကို
ဂျာနယ်တွင်တင်ပြနိုင်သော စာရေးဆမဖြစ်ခဲ့သော်လည်းကျွန်ုပ်
အတွက်တော့
စာရူးဘဝနှင့်ပင်အချိန်ကုန်ခဲ့သည်။ ထို့ကြောင့် စာရေးခြင်းထက်
စာဖတ်ခြင်းကိုသာအလေးဂရုပြုခဲ့ရာ
“ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်”
ကျမ်းကို
ကျွန်ုပ် ခိုးယူဖတ်ရှု့ခဲ့ရပါသည်။
ကျွန်ုပ်အတွက်
ထိုခေတ်အခါက ရှေးဘုန်းကြီးကျောင်းများသည်စာအုပ်ခိုးဖတ်
ရန် ပစ်မှတ်ဖြစ်ခဲ့သည်။ထိုစဉ်က
ရန်ကုန်မြို့ ဦးအရိယကျောင်းတိုက်ရှိ ဘုန်း
တော်ကြီးတစ်ပါသည်။ ထိုကျောင်းတိုက်တွင်
ဗိုလ်ချုပ်အောင်ဆန်းတို့ပုံးခိုခဲ့ဖူး
သည်။ ယခုတိုင်
သပိတ်မှောက်ထားသောကျောက်တိုင်လည်းရှီပါသေးသည်။
မြန်မာတို့မသိကြသော်လည်းနိုင်ငံခြားသားများက
သိသည်။ဓာတ်ပုံလာလာ
ရိုက်ကြသည်။ ယင်းဘုန်းကြီးကျောင်း၏
ဦးဇင်းတစ်ပါးသည် စာပေဝါသနာပါ
သူဖြစ်သူလို
ပန်းချီဆွဲရာတွင်လည်း သူမတူအောင်တော်သည်။ ထိုဘုန်းကြီး
ထံတွင်
ယင်းကျမ်းစာအုပ်ကြီးရှိသည်။ သူကိုယ်တိုင်ထို ကျမ်းစာအုပ်ကို
ဘုရားစင်အောက်တွင်
ဖွတ်ထားသည်။ မည်သူ့ကိုမှပေးမဖတ်ပေ။
ကျွန်ုပ်တို့ခေတ် 1999
လောက်သည် ရန်ကုန်တွင် စာပေလေ့လာလိုက်စား
သော အခုခေတ်လူငယ်တွေလိုအွန်လိုင်းပေါ်တွင်
PDF ဖိုင်ဖြင့် Download
ဆွဲသော ကိစ္စသည်
အိမ်မက်ပင်မမက်ဖူးပေ။ အွန်လိုင်းဆိုတာတက် ကြက်
တွန်သည်လောက်ပင်သိသည်။ ကွန်ပျူတာဆိုတာ
ဝေးလေစွ။
ထို့ကြောင့်
စာပေလေ့လာရသည်မှာ ခက်ခဲ့သည်။
ကျွန်ုပ်သည်
ယင်းကျမ်းစာအုပ်အား ခိုးယူဖတ်ရှုဖို့အတွက် အလစ်ချောင်းနေရ
သည်။
လူငယ်ပီပီ ဖွန်လည်းကြောင်ချင်သေးသည်။ တစ်နေ့တော့ ကျွန်ုပ်၏စိတ်
ကူးအကောင်အထည်ဖေါ်နိုင်ခဲ့ပါသည်။
ထိုကျမ်းစာအုပ်ပိုင်ရှင်ဘုန်းကြီး ဆွမ်း
စားအသွားတွင်
ကျွန်ုပ်သည် ထိုကျမ်းစာအုပ်အား ခိုးယူလိုက်ပါသည်။
ယင်းကျမ်း၏
“ပုတ္တောဝါဒအခဏ်း”ကို ကျွန်ုပ်အာဂုံဆောင်နိုင်ရန် ကျိုးစားတော်
မူခဲ့ပါသည်။
မှတ်မှတ်ရရပြောရပါရင်
ထိုကျောင်းထိုင်ဆရာတော်ကြီးသည် ဒီပဲရင်းနယ်သား
ဖြစ်သည့်အားလျှော်စွာ
စာပေအလွန်အကျူးဝါသနာပါတော်မူသည်။ ထိုဘုန်း
ကြီးက
ပိုးကိုက်သော ကျမ်းစာအုပ်များကို လူအများမြင်သာသော နေရာမြင့်
များတွင်
စွန့်တော်မူလေ့ရှိသည်။
စကားကြွင်း . .
ကျွန်ုပ်သည် ထိုကျောင်းထိုင်ဆရာတော်ကြီးထံတွင် သူစွန့်ထားသော “ပဏ္ဍိ
တဝေဒနိယကျမ်း” (သေချတောင်ဆရာတော်ဦးတိလောကရေး) ကိုအပိုင်ရ
လိုက်သည်။ ယင်းကျမ်းကို ဖတ်ရှုရသောကျွန်ုပ်အတွက် ဆယ်ကျော်သက်
အရွယ်မှာပင် ဗုဒ္ဓဝါဒကိုကောင်းစွာသဘောက်ပေါက်ခြင်းနှင့် စရဏကျင့်စဉ်
ပိုင်းကို ဆရာလွတ်နားလည်သဘောပေါက်ခဲ့ပါသည်။
အားတိုင်း
စိတ်ထဲတွင် လေးလုံးစပ်ထားသော စာလုံးများကိုဖတ်ရှုနေမိသည်။
နောက်သောအခါ
ကျွန်ုပ်လက်တွင် ကဗျာများရောက်လာပါတော့သည်။
ကျွန်ုပ်
ဟိုစဉ်ကရေးတက်ချင်သော ကဗျာတို့သည် ကျွန်ုပ်အတွက် အလွန်ပင်
လွယ်ကူသွားပေသည်။
အခုခေတ်တွင်
ကျွန်ုပ်ရေးသောကဗျာတို့ကို အွန်လိုင်းပေါ်တွင် အချို့ကမိမိ
တို့အရေးဖြင့်
ခိုးယူထားသည်ကို တွေ့ရဖူးသည်။
ဘယ်လိုပင်ဖြစ်ပါစေ
ကျွန်ုပ်ဘဝအတွက် စာပေလောကတွင် မဃဒေဝကျမ်း
သည်
အမိအဖပင်ဖြစ်ပါပေတော့သတည်း။
“မဟာသုတကာရီ
မဃဒေဝလင်္ကာသစ်ကျမ်း” စာအုပ်ကို ရယူလိုပါက
အောက်ပါလင့်တွင်
ဝင်ရောက် Download ပါလေ .. ။
ဒိုးကြီး
Comments