ကိုယ့်ပေါင် ကိုလှန်ထောင်မိခြင်း . . .


ကျွန်တော်တို့က အာဏာရှင်တွေခရိုနီတွေရဲ့ ခိုးစိုးလုယက်
မိုက်မဲမှုကို အွန်လိုင်းပေါ်တက်ရေးနေပေမယ့် ၊ တကယ်
ခံစားနေရတာကရေပြင်တွေပေါ်က ရေဘေး ဒုက္ခသည်
တွေပါ ဗျာ။
သူတို့ဟာ အာဏာရှင်နဲ့ခရိုနီတို့ရဲ့ မိုက်ကျွေးမိုက်ပြစ်ခေါ်
သံယံဇတာရဲ့အပြစ်ကျွေးကို ကာယကံမြောက်ချွေးတွေ
သွေးတွေ အသက်တွေနဲ့ပေးဆပ်နေရတာပါ။
ကျွန်တော်တို့က facebook ပေါ် လက်ဆယ်ချောင်း
အညောင်ခံရုံမျှပင်ပန်းတာပါ။
ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ပြည်သူပေါ်နိုင်ငံအပေါ်
တာဝန်မကျေတဲ့သူအဖြစ်အပြစ်တင်မိပါတယ်။
တကယ် စိတ်မကောင်းဖြစ်မိပါတယ်။
အမြန်ဆုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ


ဒိုးကြီး

Comments

Popular posts from this blog