ယဇ်



မန္တလေးပုဏ္ဏားကုန်းရောက် ဆောင်းပါး
သတိတစ်ချက် အထိခက်သည်ဟု ဆိုရမည်။ ရှေးပဝေသဏီကတည်းက အခုတိုင်လက်
သုံးစကား နှစ်လုံးမှာ “အသိနှင့်သတိ” ပင်ဖြစ်သည်။သူတို့နှစ်လုံးရဲ့ပမာဏာမတူညီသည့်
အလျှောက် ထိုရှေးပဝေသဏီ က ပင် အခုတိုင် လူမျိုးခြင်းအယူဝါဒခြင်းတို့ ခိုက်ရန်ဖြစ်
ပွားကြသည်မှ စစ်မက်ဖြစ်ပွားသည့်အထိ ပင်။ ဗုဒ္ဓ အယူဟာကိုကြည်ညိုကြသူခြင်းပင်
 “ရွှေကျင်ဂိုဏ်း” “သုဓမ္မာဂိုဏ်း” စသည့်ကွဲလွဲမှုများရှိသည်။ သို့သော် မွတ်ဆလင်ဝါဒ
ဖြစ်သော ရှီဟိုက်နှင့်စွန်နီတို့ကဲ့သို့ အသေခံအကြမ်းဖက်ဗုံးခွဲသတ်ဖြတ်တိုက် ခိုက် 
မှုကတော့ လုံးလုံးမျှမရှိခဲ့ပေ။ အခုလည်းမရှိသေး ဟိုးဟိုပဝေသဏီကလည်းမရှိခဲ့
ဘူးပေ။
ဒါကိုပဲ လေ့လာစမ်းစစ်ကြည့်တော့ “မေတ္တာ” ဆိုတဲ့စကားတစ်လုံးကို တရားကိုယ်
ကောက်မိပါသည်။ပိဋကတ်မှာ ကုရ်အန်ကျမ်းကဲ့သို့ ခိုက်ရန်မျက်ပွားအညိုးထား
သတ်ဖြတ်ခြင်း သားသတ်ခြင်းတို့ကို မြူ မျှအားမပေးခြင်း“ကာယကံ”ကို တားမြစ်
ထားသလို စိတ်ဖြင့်ပင် မကြံစည်ကောင်းပါဟူ၍“မနောကံ” ဖြင့်လည်း တားမြစ်ဆုံး
မထားသည်။
ဒီအကြောင်းဟာ ဗုဒ္ဓကို ῾ဥဇ္ဇယ᾽အမည်ရှိ ပုဏ္ဏားတို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးက
ပေါ်လွင်စေပါတယ်။  မြန် မာနိုင် ငံက မွတ်ဆလင် အစ်နေ့လိုနေ့မျိုးကိုအကြောင်းပြု
တာပဲဖြစ်ပါလိမ့်မယ်။ ဥဇ္ဇယဆိုတဲ့ ပုဏ္ဏား လေး တစ်ယောက်က ဗုဒ္ဓကို အခုလိုမေး
ဖူးတယ် ။

“ဘဝမ္ပိ နော ဂေါတမော ယညံ ဝဏ္ဏေတီ” တိ။
“ဘဝံပိဂေါတမော၊ အရှင်ဂေါတမသည်လည်း။ ယညံ၊ယစ်ပူဇော်ခြင်းကို။
ဝဏ္ဏေတိနော၊ခြီးမွန်းသည် မဟုတ်လော။”
အရှင်ဂေါတမတို့မှာ ယစ်ပူဇော်ခြင်းဆိုတဲ့အယူဝါဒကို ခြီးမွန်းပါသလား? တဲ့။

ဥဇ္ဇယရဲ့အမေးစကားဟာ ကမ္ဘာလူသားထုအသည်းနှလုံးမှာ အမှားနဲ့အမှန်အကောင်း
အဆိုးကိုမဝေခွဲနိုင်တဲ့သူတွေအတွက် အလွန်ကို တန်ဘိုးရှိတဲ့စကားလုံးပါပဲ။
ယစ်ပူဇော်တယ်ဆိုတာ အသက်ရှိသော သတ္တဝါကို အသေဆိုးနဲ့သတ်တဲ့ကိစ္စမျိုးပါပဲ။ 
ဟိုး လွန်ခဲ့သောခေတ်အခါခေါ်အရိုင်းအစိုင်းတွေခေတ်က လူအခြင်းခြင်းကိုပဲ ရွာ
လူကြီးက တစ်နှစ်တစ်ခါ သတ်တဲ့ ယစ်ပူဇော်မှုမျိုးတွေကိုလုပ်တယ်။ နောက် လူ့
ယဉ်ကျေးမှုလေး တီးမိခေါက်မိရှိလာတော့ လူသတ်ယစ်ကနေ ကျွဲနွားသိုးဆိတ်
ကြက်ဝက် စတဲ့တိရစ္ဆာန်တွေကို ပြောင်းလဲအစားထိုး သတ်တဲ့ယစ်တွေကိုလုပ်
ကြတယ်။ ယင်းသို့ ဖြင့် လူသတ်ယစ်ကို အသိဉာဏ်ရှိတဲ့ခေါင်းဆောင်တွေက 
စွန့်လွှတ်လိုက် သော်လည်းပဲ တိရစ္ဆာန်သတ်တဲ့ယစ်ကတော့ ဒီကနေ့အထိ
ကမ္ဘာမှာလက်ခံနေတုန်းပဲ။ ဒါဟာ ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်အချို့ရဲ့ အသိ
ဉာဏ်တွေယဉ်ကျေးမှုအားနည်းနေသေးလို့လို့ ကောက်ချက် ချလို့ရပါတယ်။
ဒီ တိရစ္ဆာန်သတ်တဲ့ သားသတ်ယစ်တွေဟာလည်းပဲ နောင်တစ်ချိန်အသိဉာဏ်ရှိတဲ့ 
ယဉ်ကျေးမှုစရိုက်တွေ အားကောင်းလာရင် ပပျောက်သွားမှာပါ။
“ယဇ်”ဆိုတဲ့ပါဠိပြက်စကားလေးက “ယည”ဆိုတဲ့ပါဠိစကားက တိုက်ရိုက်လာခဲ့
တာပါ။
 “ ယဇနံ ယညော၊ ယဇန္တိ အနေနာတိ ဝါ ယညော” လို့ ῾သူစိ᾽ကျမ်းကဆိုပါတယ်။ 
တကယ်တော့ ယဇ်ဆိုတာ အလှူဒါနတစ်မျိုးပါ။ သို့သော်လည်း ကျွဲနွားစတဲ့သား
ကောင်ကြီးများကိုသတ်ဖြတ်တဲ့အလှူတွေပြုလုပ် လေ့ရှိတဲ့အတွက် “ယဇ်”ဆိုတဲ့စ
ကားလုံးကြီးက အရုပ်ဆိုးအကျည်းတန်နေတာပါ။ ဥပမာဗျာ ဟိန္ဒူလူ မျိုးတွေ ဖက်
ရွက်ပေါ်ခင်းပြီး သစ်သီးတွေပဲတွေကို ဟင်းအဖြစ်စီမံပြီး လူပေါင်းများစွာကိုကျွေး
မွေးတာ ကလည်း “ယဇ်” လို့ခေါ်တာပါပဲ။ သို့သော်လည်းပဲ လူတွေက သွေးနံ့
ကင်းခြင်းသားသတ်မှုကင်းခြင်း စတဲ့ ဟိန္ဒူတို့အလှူကိုတော့ “ယဇ်”လို့ မမြင်မ
သိကြဘဲ အလှူကြီးအတန်းကြီးလို့သတ်မှတ်ကြပါတယ်။ မွတ်ဆလင်တွေကဲ့
သို့ ဆိတ်ကျွဲနွားသိုးတွေကိုသတ်တဲ့အလှူကြီးကိုတော့ “ယဇ်”အဖြစ်နဲ့မြင်ကြီး 
အချို့က နှာ ခေါင်းရှုံ့ကြပါတယ်။
ဒီတော့ ဗုဒ္ဓကို ဥဇ္ဇယပုဏ္ဏားက မေးတဲ့ “ယဇ်”က သားသတ်တဲ့ယဇ်ကိုမေးတာပါ။ 
အသက်လွတ်ယဇ် ကိုမေးတာမဟုတ်ပါဘူး။ ဒါ့ကြောင့် သွေးညှီနံ့သားသတ်ယဇ်
ကို ရှောင်ကျဉ်တော်မူသော ဗုဒ္ဓမြတ်စွာ က ဥဇ္ဇယ ကိုအခုလို ပြန်ဖြေလိုက်ပါတယ်။

“ န ခေါ အဟံ ဗြာဟ္မဏ သဗ္ဗံ ယညံ ဝဏ္ဏေမိ”
“ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ငါဘုရားသည်။ သဗ္ဗံ၊အလုံးစုံသော။
ယညံ၊ယဇ်ပူဇော်ခြင်းကို။ န ခေါဝဏ္ဏေမိ၊ မခြီးမွမ်းပါဘူး။”
 “ အို  . . ”
“ဥဇ္ဇယအမည်ရှိတဲ့ ပုဏ္ဏား”
“ ငါဘုရားသည် သားသတ်တဲ့ ယဇ်အလူမျိုးကို ရှောင်ကွင်းတော်မူ၏”
ပါဠိတော်တိုက်ရိုက်စကားနော်။ သားသတ်တာကို အားပေးခြင်းအလိုတူခြင်း သာ
ယာခြင်းရှိကြတဲ့ဗုဒ္ဓ ဘာသာဝင်အမည်ခံတွေ သတိထားဖို့ ဒိုးကြီးဓမ္မအလင်း
ဖွင့်လိုက်တာပါ။ (မအားတဲ့ကြားထဲက) ဗုဒ္ဓဟာ ကမ္ဘာလောကကြီးကို လူအခြင်း
ခြင်းသာ ငြိမ်းချမ်းစေချင်တာမဟုတ်ပါဘူး။ အားလုံးစုံသောသတ္တဝါ တွေကို
ငြိမ်းချမ်းစေချင်တာပါ။ သတ်ဖြတ်ခြင်း စတဲ့သွေးသံရဲရဲတွေကို ဗုဒ္ဓသည် ရှောင်
ကွင်းတော်မူပါ တယ်။ 
ဗုဒ္ဓဘာသာအမည်ခံတွေ facebook ပေါ်မှာ ပြီးခဲ့တဲ့ ရက်က သားသတ်လှူတဲ့ 
ယဇ်ကိုအားပေး သာယာနေတာကို သတိထားမိလို့ အခုလို ဓမ္မအလင်းဝေငှတာပါ။
ဒါကြောင့် ဒီဆောင်းပါးလေးဖတ်မိတဲ့သူများ ကိုယ့်ကိုယ်ကို ဗုဒ္ဓဝါဒအယူရှိသူလား 
မရှိသူလားဆိုတာ ဆန်းစစ်နိုင်ရန် ကျွန်ုပ်မောင်ဒိုးကြီး အချိန်ကုန်ငွေပန်းခံကာ 
အခုလို ဓမ္မအလင်းဝေငှတာပါ။ အခြားသောဗုဒ္ဓဘာသာအယူရှိသူများ သိမိကြ၍ 
ဇီဝိတဒါနအလို့ငှာ မည်သူမဆို လွတ်လပ်စွာ Shareနိုင်သလို အခုလို ဓမ္မ
ဆောင်းပါးများကို ရေးသားနိုင်ရန် ပါဠိစာပေကို စတင်သင်ကြားပေးခဲ့သော 
လက် ဦးဆရာ ဖခင်ကြီးဦးလှစံကို ဝေမျှမိပါသည်။
ကျမ်းကိုး  . ..
သုတ္တံပိဋကတ်။
အင်္ဂုတ္တရနိကာယ်။ မူလပဏ္ဏသကပါဠိတော်။
၎-စက္ကဝဂ္ဂ။ ၉-ဥဇ္ဇယသုတ္တ  - နှာ- ၃၅၁
ဒိုးကြီး(9.16.2016-ခေတ္တမန္တလေး)



Comments