သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်ခြင်းမပြုရာ
ဤနံက်ခင်းသည် သာယာနေ၏ အရှေ့ပုဗ္ဗာအရပ်ဆီမှ အလင်းသည်
မြေပထာဗျာဆီသို့ ရွှေရည်တို့ သွန်းလောင်းထားသည့်နှယ်။ မြင့်မားသော သစ်ပင်ညို့ညို့ကြီးထံမှ
ချိုးငှက်၏တွန်ကျူးသံသည် နွေ နေကို ချော့မြူနေသည့်အတိုင်းပင် .. ဤသို့
ဗာဟိဒ္ဓသန္တာန်တွင် ငြိမ်းချမ်းနေသော အခြေအနေ၌ မောင်အုပ်၏ အတွင်းအစ္ဖျတ္တတွင်မူ မရှင်းမလင်းမဆုံးဖြတ်နိုင်သော
စဉ်းစားဖွယ်ရာများဖြင့် မွန်းကြပ်နေ သည်။ သည်တိုင်းနေ၍ မဖြစ်တော့။ မောင်အုပ် ဗုဒ္ဓထံသို့
သွားရောက်မေးမြန်းရန်ဆုံးဖြတ် လိုက်သည်။
ဗုဒ္ဓသည် ဤချိန်တွင် ဇေတဝန်၌ပင်ရှိနေမည်။ မောင်အုပ်သည်
ဗုဒ္ဓရှိရာဇေတဝန်ကျောင်းသို့ ထွက်လာ ခဲ့သည်။ ကျောင်းဝင်းသို့ရောက်သည်နှင့် ညောင်ဗောဓိပင်ရိပ်ဝယ်
ဗုဒ္ဓတစ်ပါးတည်း မဟာတင်ပလ္လင် ထိုင်၍ သီတင်းသုံးနေသည်။ ဗုဒ္ဓရှိရာသို့ ချည်းကပ်ကာ လောက၏သဘောသဘာဝ
နှုတ်ဆက်စရာ စကားတို့ဖြင့် မောင်အုပ်သည် ဗုဒ္ဓအား အရိုအသေပြု နှုတ်ဆက်လိုက်သည်။ ဗုဒ္ဓကလည်း
မောင်အုပ် ၏ ဝမ်းမြောက်ဖွယ်ရာစကားတို့ဖြင့်ပင် ကျေနပ်စေခဲ့သည်။
သည့်နောက်
. .
“အသျှင် ဂေါတမ ”
“ကျွန်ုပ်အား မေးလျှောက်ခွင့်ပြုပါ”
ဗုဒ္ဓသည် ဆိတ်ဆိတ်နေခြင်းဖြင့် မောင်အုပ်၏ အမေးစကားကို
ဖြေရန်စောင့်စားနေ၏။
“အသျှင် ဂေါတမ”
“အသျှင်ဂေါတမသည် နွားအစရှိသော သတ္တဝါတွေကို သတ်ဖြတ်တဲ့
ယဇ်အလှူကို ဝမ်းပါသလော”
“အို .
. . ”
“မောင်အုပ် ”
“အင်မတန်သာယာဖွယ်ရာကောင်းသော နွေနံက်မှာ ”
“မင်းရဲ့အမေးစကားဟာ ရက်စက်ရာမရောက်ဘူးလား . .ကွာ။”
“မင်းမှာလည်း အမေရှိသလို အဖေလည်းရှိပါရဲ့”
“မင်းမှာလည်း အမအစရှိသောဆွေမျိုးသားခြင်းတွေလည်း
ရှိကောင်းပါရဲ့”
“သို့တိုင်အောင်”
“အဘယ့်ကြောင့် သူတစ်ပါးအသက်ဖြစ်သော နွားတိရိစ္ဆာန်တွေရဲ့လည်ကိုလှီးသတ်သော”
“ရက်စက်တဲ့ အမူအကျင့်ကို ငါ့အား ဝမ်းမြောက်သလားဟု
မေးခြင်းသည် ”
“စက်ဆုပ် ဖွယ်ရာကောင်းလှပါ၏”
“မင်းမှာ ကိုယ်ချင်းစာနာတက်တဲ့ အကျင့် ”
“ မင်းမှာ လူစိတ်ရှိတဲ့ အမူအယာ”
“မင်းမှာ လူလိုသိတဲ့ ဉာဏ်အရည်အသွေး”
စတဲ့ လူသားပီသတဲ့ စိတ်ရှိရင် နွားအစရှိတဲ့သတ္တဝါတွေကို
လည်လှီးသတ်တဲ့ယဇ်အလှူဟာ
ဝမ်းမြောက်ဖွယ်ရာ မဟုတ်ဘူးဆိုတာ ငါ့ကိုမမေးလည်း သိနိုင်ပါတယ်။
မောင်အုပ်သည် ဗုဒ္ဓဖြေအမေးဝါကျ စကားကို စူးစိုက်စွာနားထောင်လျက်
..
“ လူစိတ်”
“လူအရည်အသွေး”
“လူသားပီသမှု”
စသော ဗုဒ္ဓ၏ ရိုးရှင်းလှသော အတ္ထဗေဒတို့ကို နားထောင်မိလိုက်သောခဏ၌ပင်
ကိုယ်ချင်း စာနာမဲ့သော သားသတ်ဝါဒအား စက်ဆုပ်ရွှံရှာမုန်းတီးသောစိတ်တို့ဖြစ်ပေါ်လာ၏။ ကမ္ဘာလောကတွင်
ကိုယ်အသက်ရှင်သန်ချင်သကဲ့သို့ အခြားသော သတ္တဝါတို့သည်လည်း အသက်ရှင်သန်ခြင်ကြပေမည်။ ကိုယ်
ကျန်းမာချင်သကဲ့သို့ အခြားသော သတ္တဝါတို့သည်လည်း ကျန်းမာလိုကြမည်။ ထိုအယူအဆကို မောင်အုပ်
ကောင်းကောင်းနားလည်သွားပြီ။
မောင်အုပ်၏ အပြန်ခရီး၌ . . .
“ သားသတ်ဝါဒကို မီးရှို့ပစ်မည်”
“ကိုယ်ချင်းစာနာစိတ်ကို မွေးမြူမည်”
“ငါ့ကြောင့် မည်သည့်သတ္တဝါမှ ဘေးရန်မရှီစေရ”
“ငါ့ကြောင့် မည်သည့်သတ္တဝါမှ အသက်မသေစေရ”
“ငါ၏ အလှူ၌ ဝက်ပေါ်၍မကျွေး”
“ငါ၏ အလှူ၌ နွားပေါ်၍ မကျွေး”
“ငါ၏ အလှူ၌ ကြက်သိုးဆိတ်တို့ သတ်၍မကျွေး” စသော စသော
ကိုယ်ခြင်းစာနာစိတ်တရားများ သည် မောင်အုပ်၏ ရင်သို့ ဖုံးလွှမ်းသွားလေတော့သည်။
မှတ်ချက်။ ဤ ဇီဝိတဓမ္မဆောင်းပါးအား ဘေးမဲ့ဇီဝိတဒါနအလို့ငှာရေးသားပါသည်။
မည်သူမဆိုလွတ် လပ်စွာ Share နိုင်ပါသည်။ သတ္တဝါတွေအားလုံး တစ်စုံတစ်ဦးဦးတို့၏ ညှင်းဆဲသတ်ဖြတ်နှိပ်စက်ခြင်း
ဘေးဆိုးမှ လွတ်ကင်းကြ၍ တရားရေနို့ သောက်စို့နိုင်ကြပါစေ။
ကျမ်းကိုး
. ..
စတုက္ကနိပါတပါဠိတော်
ဥဇ္ဇယသုတ်
ဒိုးကြီး(9.19.2016-1း09am-ခေတ္တမန္တလေးနန်းရှေ့)
Comments