ဒီဃနိကာယ်၊ပါထိက၀ဂ္ဂပါဠိတော်(မြန်)
ဒီဃနိကာယ်၊ပါထိက၀ဂ္ဂပါဠိတော်(မြန်) PDF ဖိုင်ကို အထက်ပါ Download တွင် ကလစ်ခေါက်၍ ဒေါင်းနိုင်ပါသည်။
ကျွန်ုပ်ဖြတ်သန်းခဲ့သော အနှစ်လေးဆယ်ကျော်ရဲ့ ပိဋကတ်ခရီးလမ်းမှ
ကျွန်ုပ်ကိုယ်တိုင် ကုတ်ခြစ်မှတ် သားခဲ့သော ကျွန်ုပ်၏နှလုံးအိမ်သို့ ယူကြုံးသိမ်းပိုက်ခဲ့သော
ပါဠိစကားစုတိုတိုလေးများကို ဗုဒ္ဓဝါဒအား အလိုရှိကြကုန်သော ဓမ္မဂဝေသီတို့အတွက် အခုလို
အပင်ပန်းခံဝေငှလိုက်မိခြင်းဖြစ်ပါသည်။
သေခြာပြီ ကျွန်ုပ်၏မျက်စိတို့မှာ နောက်ထပ် ဆယ်စုနှစ်နှစ်ခုအထိတာရှည်ခံမည်မခံမည်ကို
မည်သူမျှ အတက်မနိုင် သို့အတွက် မျက်စေ့နှစ်ကွင်း ထင်လင်းနေတုန်း ကွန်ပြုတာကလည်းရှိတုန်း
အခုလို မှတ်သားဖွယ် ရာပါဠိတိုလေးများအား ပိုတိုရှော့မှာ ဖန်တီးပြီး ဝေငှလိုက်ရခြင်းဖြစ်ပါတယ်။
အလွန်မှတ် သားထိုက်သော ဒီ Sentence လေးတစ်ကြောင်းကို
နံက်အိပ်ယာဝင်အိပ်ယာထ သရဇ္ဈာယ် ကြမယ်ဆိုရင် အဲဒီအကျင့်ကလေးက စွဲသွားပြီးသကာလ အမျှော်လင့်ပဲမျှော်လင့်ဆဲ
သေရ တော့မည် ဆိုပါရင် ဒီ ဝါကျပါဠိတော်လေးကို
နှုတ်ထဲဆောင်ထားတဲ့အလေ့ကြောင့် ထိုသေခါနီး ပုဂ္ဂိုလ်ဟာ ကြေက်ရွံ့တက်သောစိတ်များ အားငယ်မှုများမရှိဘဲ
ဗုဒ္ဓကို ကြည်ညိုသောစိတ်ဖြင့် ငြိမ်းချမ်းသော သေခြင်း၊ လွတ်မြောက်သောသေခြင်းဆိုတဲ့ သုခကို
ရရှိမှာဖြစ်ပါတယ်။
ဒီ Sentence ပါ မြန်မာလိုအကျယ်ကိုသိချင်ရင် ဒီဃနိကယ်မှာ
သုတ်ပါထိက ဆိုတဲ့ သုတ်တစ်သုတ် ရှိပါတယ်။ အောက်က လင့်လေး ချိပ်ပေးလိုက်ပါတယ် အဲဒီမှာ
Pdf ဖိုင်ဖြင့် ဖတ်လို့ရပါတယ်။
ဤဓမ္မစာလွှာကုသိုလ်ကို ကျွန်ုပ်အား ပါဠိစာပေကိုကနဦးသင်ပေးခဲ့သည့်
ဖခင်ကြီးဦးလှစံကိုဝေမိပါ သည်။ ကျွန်ုပ်အပေါ်၌ ကျေးဇူးဥပကာရရှိခဲ့ကြသော မရှိခဲ့ကြသော
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လိုလားသည်ဖြစ်စေ
မလိုလားသည်ဖြစ်စေ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ မကိုးကွယ် သည်ဖြစ်စေ ကျွန်ုပ်သည်
လိုလားနှစ်သက်စွာ ခင်မင်ရင်းနှီးစွာ မေတ္တာ ဖြင့် ဝေငှမိပါသည်။
ဒိုးကြီး(24.9.2016)
Comments