Anitech မောက်စ်


Anitechတံဆိပ်မောစ်ဝယ်မိလို့ဘေးဒုက္ခရောက်နေပြီ 2 years warranty ပါ ဒါပေမယ့်မောစ် ကမေ့လော က်တဲ့အခါမျိုးမှာ ကလစ် ခေါက်လို့မရဘူဖြစ်နေတာ။ ကလစ်ခေါက်တဲ့လက်ညိုးကို အားထည့်ပြီဖိလို က်မှရ သွားပြန်တယ် နောက်မေ့လောက်တစ်ခါထပ်ဖြစ်ပြန်တယ်ဗျာ။ ဆိုင်ကိုသွားရင်လည်း မြန်မာ့ဓလေ့အရ လုံးဝ ပျက်နေတာမဟုတ်တဲ့အတွက်ကျွန်တော်နဲ့စကားများရဦးမယ်။
ဆိုင်ရောက်တဲ့အခါ သူတို့ကွန်ပျူတာနဲ့ မောက်စ်ကိုထိုးမယ် ။ မောက်စ်က လုံးလုံးပျက်သွားတာမဟုတ်တဲ့အ တွက် ကာရံသင့်တဲ့တော့သူတို့ဆိုင်ရောက်တဲ့အခါ လုံးဝကောင်းနေပြန်ရော။ အဲဒီအခါ ကျွန်တော်က
῝ မကောင်း ပါဘူး ῞                
῝ မကောင်းလို့ ဆိုင်လာပြတာပေါ့῞
῝ ငါက ခြေထောက်အညောင်းခံပြီးဆိုင်ကိုလချင်ပါ့မလား῞
ဆိုင်ကဝန်ထမ်းက အခုလိုပြန်ပြောမယ်
῝ ဟုတ်ကဲ့အစ်ကို ῞
῝ အခု အစ်ကိုရှေ့တင်ကျွန်တော်စမ်းပြတာကောင်းနေတယ်လေ῞
῝ဒါ့ကြောင့်ကျွန်တော်အသစ်လဲ မပေးနိုင်ဘူး῞
ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် စကားများကြရတော့မယ် ။ ဒါ့ကြောင့် ဆိုင်ကိုပြန်မသွားဘဲ ပေတေပြီး သုံးနေရတာပါ။ အခုတောင် ဒီပိုစ့်တင်လိုက်ရတဲ့အတွက် ကျွန့်တော့ရဲ့အလုပ်ချိန်ဟာ ငွေတစ်သောင်း ထက်မက တန်ပါတယ်။ ဆိုင်သွားရင်းကားခနဲ့အချိန်၊နောက်စကားများရမယ်ဆိုတဲ့အဲဒီသုံးချက်ကို ကြည့်ပြီး ဆိုင်မသွားဘဲ အခုလို ပိုစ့်လေးတင်ပြီး ကိုယ်လိုစားသုံးသူများအချင်းခြင်း ဒုက္ခမရောက်စေရန် အသိ ပေးလိုက်ခြင်းဟာလည်း ဓမ္မအလင်းကုသိုလ်တစ်မျိုးပါပဲ။
Aspire E1-472G-i54204G75Mnkk ဝယ်တုန်းကလည်းဒီအတိုင်းပဲဗျာ။
အမြန်ဆုံးစားသုံးသူကာဝယ်ရေးဥပဒေတွေပေါ်ပေါက်ချင်ပါပြီ၊ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဒုက္ခရောက်ရတဲ့အထဲမှာမြန် မာပြည်ကထိပ်ဆုံးပါပဲ။
ဒီပိုစ့်ဟာ ကိုယ်လိုဒုက္ခမရောက်ကြစေရန် သတိထားမိစေချင် သောစေတနာမှအပ အခြားမစ္ဆရိယစိတ်မပါ။ မောက်စ် ဝယ်ရင်A4TECH တံဆိပ်ကိုဝယ်ပါ။ ကျွန်တော်ကသိသိကြီးနဲ့ လှလို့ဆိုပြီး anitech တံဆိပ်ကိုဝ ယ်မိတာပါ။ အခုတော့ နောင်တများစွာရနေရပါပြီ။
ငွေတစ်သောင်းကျပ်ဟာ ကျွန်တော်အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုပါ။ ရန်ကုန်မြို့ အနော်ရထာလမ်းနဲ့ သိမ်ဖြူလမ်းဒေါင့်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီတဲ့ ဓာတ်ပုံသို့ ပန်းချီကားလေး တစ်ကားလောက် သွားလိုက်ရင် ပန်းချီဆရာကိုလည်းချီးကျူးဂုဏ်ပြုရာရောက်သလို စစ်ဘေးသင့်ပြည်သူတွေအတွက်လည်း ဆန် 7 ပြည်စာလောက်ရမှာပါ။
ဒါ့ကြောင့် မြန်မာပြည်ရဲ့သန်းများစွာသောပြည်သူတွေရဲ့မခိုင်မာ လုံခြုံမှုမရှိသော ဥပဒေတွေကို မီးရှို့လိုက်ပါ လို့ပြောမိဖူးပါတယ်။
ဒိုးကြီး(ဝိဘဇ္ဇ) 9.12.16-12း08PM

Comments

Popular posts from this blog