ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေကိုကျေင်းသုံးဘာသာအဖြစ်ပြဌာန်းပေးပါ



ဗုဒ္ဓဘာသာ မြန်မာမှာတောင်ပျံ့နှံ့ပါရဲ့လားဟု မေးခွန်းထုတ်လျင်ဘယ်သူအမှန်အတိုင်းရိုးသားစွာ ဖြေကြားနိုင်ပါသနည်း? ထိုင်ဝမ်နိုင်ငံတွင် Bible ခေါ်သမ္မာကျမ်းစာကို ကျောင်းသုံးဘာသာရပ်အဖြစ် ပြဌာန်းသင်ကြားနေဆဲဖြစ်သည်။ ဦးနုအစိုးရလက်ထက်တွင် အင်္ဂုတ္ထိုရ်ပါဠိတော်မှ မှတ်သားဖွယ်ရာ များကို မြန်မာပြန်၍ ကျောင်းသုံးဘာသာရပ်အဖြစ်သင်ကြားခဲ့ဖူးပါသည်။ ဒါ့ကြောင့် မိမိသည် နိုင်ငံ တော်ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး လူသားများနှလုံးသားနူးညံ့ရေးစသော စေတနာဖြင့်အခုလို အများသိရှိပြီး နိုင်ငံတာဝန်ကိုထမ်းဆောင်နေကြသော လွှတ်တော်နှစ်ရပ်နှင့်သမ္မတတို့မှာသိကြပြီး အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ကြရန် တင်ပြခြင်းဖြစ်ပါသည်။
ကျွန်ုပ်အကျိုးအတွက်မဟုတ်ပါ။ နိုင်ငံတော်တည်ငြိမ်မှုတရားဥပဒေစိုးမိုးရေးသည် ယင်းနိုင်ငံတွင်နေ ထိုင်ကြသော လူတိုင်း၏ ကိုယ်ကျင့်တရားဖြောင့်မတ်ကြရန်လိုသည် ယင်းဒေါက်တိုင်ကို ဗုဒ္ဓစာပေက  တစ်ထောင့်တစ်နေရာက အားဖြည့်နိုင်ပါသည်။ ဦးနုအစိုးရလက်ထက်ကတုန်းကတောင် လူတို့လိမ္မာ ယဉ်ကျေးစေရန် သင်ကြားခဲ့သည်ဖြစ်သောကြောင့် ဒါကို အတုလိုက်၍ ယခုသမ္မတကြီးဦးထင်ကျော် လက်ထက်တွင် ပြန်လည်အကောင်အထည်ဖေါ်စေလိုပါသည်။
ဤဆောင်းပါးကို လွှတ်တော်အမတ်များသိရှိကြပြီး လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးတင်ပြအကြံပြု နိုင်ရန် ဖုန်းဘေအကုန်ခံ အချိန်အကုန်ခံ၍ ဓမ္မဒါနအလို့ငှာတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ဒိုးကြီး(ဝိဘဇ္ဇ) 25.12.2016-3း06Pm


Comments

Popular posts from this blog