အလကားနေရင်း ငရဲမယူချင်ကြပါနဲ့


ကံဟုမူလ ၊ သမ္ဗုဒ္ဓတို့ ၊ ဟောပြသည်မှာ ၊ အရင်းသာရှင့်၊ ဥစ္စာဘောက ၊ ဇီဝိတနှင့်၊
သုခပွားရန်၊ ဉာဏ်ဝီရိယ၊ ပယောဂတည့် ၊ (လ) ကာလ ဒေသ ပုဂ္ဂကို နှိုင်းဆအပ်တုံ
ကံကိုယုံ၍ ၊ ဆူးပုံအတွင်း ၊ မဆင်းထိုက်စွာ ၊ ကျားရဲရာလည်း ၊ ကြမ္မာအကြောင်း
မရိုးကောင်းတည့်  . .
မဃဒေဝလင်္ကာသစ်ကျမ်း-မာန်လည်ဆရာတော်
ဆိုလိုတာက အဲဒီလင်္ကာလေး အာဂုံဆောင်ထားရုံလောက်နဲ့ စာရေးလို့မရဘူးဗျ၊ နောက်ထပ် အဖွင့်ကျမ်းတွေကို ရှာရပါသေးတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီလင်္ကာသစ်ကိုရေးခဲ့တဲ့ဆရာတော်က ပါဠိအာလုပ်ပုဒ်တွေကို ဒဲ့ပဲ ရေးပြထားတာပါ သူတို့ခေတ်အခါကတော့ ပါဋ္ဌ်မြင်ရင် နောက်ထပ် အနက်စွဲတွေကိုပါ ဆင့်ကဲဖတ်ရှု့တက်ကြတဲ့ ဓလေ့တွေရှိခဲ့တာကိုး ခင်ဗျားတို့မြင်သာအောင် ဥပမာပြော ရရင်  ပါဠိတော်တစ်ကျမ်းကိုဖတ်ပြီဆိုရင် ယင်းရဲ့ ဆင့်ပွားအဖွင့်ပုဒ်တွေဖြစ်တဲ့ အဋ္ဌကထာကျမ်း၊ ယင်းနောက် ဋီကာကျမ်း နောက် အနုဋီကာကျမ်းတွေကိုပါ ဆက်လက်လေ့လာကြည့်ရှု့ရပါသေးတယ် သို့မှသာ ကျမ်းရင်းပါဠိတော်မှာ စာရှု့သူဘက်ကဉာဏ်သေးနုပ်လို့ မမြင်နိုင်မသိနိုင်တဲ့ အနက် အဓိပ္ပါယ်များကို ထိုထိုသောကျမ်းတို့က ဖွင့်ဆိုထားတာမို့ပါ။
ဒါ့ကြောင့် စာရှု့သူများ စာပေချစ်သူများကို message ပေးချင်တာက ပါဌ်တစ်ခုကိုတွေ့ရင် ယင်းပါဌ်ကို နောက်ထပ် ဘယ်လောက်အထိ အဓိပ္ပါယ်နိဿယ ဖွင့်ဆိုနိုင်သလဲ? ဆိုတာကို မျက်ခြေမပြတ်ဖို့ လိုပါတယ်။ ကံ ဆိုတာ နဲ့ Action ဆိုတဲ့ အနက်ပုဒ်လောက်ကိုမယူဆပဲ ကာလတွေ ဒေသတွေ ပုဂ္ဂတွေဆိုတဲ့ ဆိုင်ရာအဖွင့်တွေကိုလဲ တစ်ဆက်တည်းသိရှိရမှာဖြစ်ပါတယ်။ ယခုစာရေးသူကိုယ်တိုင် ကံအကြောင်းကို ငါးနှစ်လောက်ကြာတော့မှ ပိုမိုနက်နဲသော နိဿယကိုသိမြင်ခဲ့ရပါတယ်။ဒါကလည်းပဲ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရေးတဲ့ ကျမ်းစာအုပ်ကိုဖတ်ရှု့ရင်းမှ သိမြင်ခဲ့ရတာပါ (ကျမ်းနာမည်မမှတ်မိ)
သို့ပါ၍ စာရေးခြင်းဟူသော ဓမ္မဒေသ ဓမ္မသာဝန ဓမ္မသာကစ္ဆ စသောပုညကရိယာကုသိုလ်ကိုပြုလုပ်ရာမှာ ယ င်းစာရေးသူသည် မိမိရေးလိုသော ပါဌ်၏ အဓိပ္ပါယ်ကို စာရှု့သူများ ပိုမိုနားလည်စေရန် တာဝန်အထူးလို အပ်ပါ သည်။
အခု ဒီဆေငာ်းပါးလေးရေးဖြစ်ရခြင်းမှာလည်း အချို့သောသူတို့ ပါဠိတော်နှင့်ဆက်ယှက်သောအသုံးအနှုန်း တို့ကို ရေး သားတင်ပြကြရာမှာ အဓိပ္ပါယ်လိုရင်း ထိနက်မှုလိုအပ်နေသည်ကို တွေ့မြင်ရ၍ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို လည်းပဲ စာရေးသူ အလျဉ်းသင့်တိုင်း သတိပေးဖြစ်ပါသေးတယ်။ ဟို ပရိနိဗ္ဗာန သုတ္တံထဲက သူကရမဒ္ဒဝ မြင်တာ နဲ့ပဲ ဝက်သားဟင်းလို့ တိုက်ရိုက်ကြီးဘာသာပြန်လို့ မရသလိုပေါ့ဗျာ။
ဒါကြောင့်ဗျာ အခုစာရေးသူကိုယ်တိုင်လည်းပါဠိစာပေကို နကဏ်းတစ်လုံးမှနားမလည်ပါဘူး သို့သော်လည်းပဲ အထက်က ဖွင့်ဆိုရေးသားတော်မူခဲ့ကြသော ရဟန်းပညာရှိ လူပညာရှိကြိးများရဲ့ အာဘောဂများနဲ့ယှဉ်ထိုးပြီး ခိုင်းနှိုင်းချင့်ချိန်ရေးရတာပါ။
နိဂုံးချုပ်အနေနဲ့ ဆိုင်ရာအဖွင့်ကျမ်းတွေကို မလေ့လာထားဘဲ ပါဠိများထည့်သွင်းရေးသားခြင်းဟာ ပိဋကတ်စာ ပေကို ဖျက်ဆီးရာရောက်တာမို့ ဗုဒ္ဓသာသနာတော်ကိုကိုးစားလေ့လာကြသော သူတော် ကောင် များအတွက် ဆို လိုရင်းအနက်အဓိပ္ပါယ်များလွဲမှားသွားပါရင် ကုသဓမ္မာကနေ အကုသလာဓမ္မာ ဖြစ်တက်လို့ အလကားနေရင်း ငရဲမဆင်းခြင်ကြပါနဲ့။

ဒိုးကြီး(18.1.2017-113း7Am

Comments

Popular posts from this blog