အန္ဓပုထုဇဉ်တို့၏ကောက်ကြောင်းများ
Ginmakana(ဂျင်မခါန) ရန်ကုန် အလုံမြို့ရှိ အမျိုးသမီးဆေးရုံတွင်
နေ့စဉ်တိုင်း ခလေးမွေးနေသကဲ့သို့ ရန်ကုန်မြို့ရှိ ရေဝေး ၊ ထိန်ပင် အစရှိသော
သုဿာန်တို့တွင်လည်း နေ့စဉ်တိုင်း လူတွေသေနေကြ သည် ယင်းကို ကလျာဏပုထုဇဉ်တို့က
ဝိဘဇ္ဇလုပ်၍ သံဝေဃပြုကြသည် ထိုသို့အစီအရင်ကိုတော့ ဗုဒ္ဓ မြတ်စွာညွှန်ကြားတော်မူခဲ့သော
သုတ္တံအဆောင်ဆောင်တို့မှ ကိုယ်တိုင်ဖတ်ရှု၍သော်လည်းကောင်း
အဆင့်ဆင့်ဟောကြားသူတို့ထံမှသော်လည်းကောင်း သိကြသည် မှတ်သားကြသည် ကြိမ်ဖန်ထပ်ထပ်
ဆင်ခြင်ပွားနေကြသည်။
အန္ဓပုထုဇဉ်များကတော့ ထိုသို့မဟုတ်ချေ ကိုယ်နှင့်မသက်သမျှ
သေဆုံးခြင်းမွေးဖွားခြင်းစသော ကိစ္စ အဝဝတို့အား လစ်လျူရှုကြသည် ဒဲ့တွေ့နေရင်တောင်
မသိကျိုးကျွံပြုကြသည် နိမိတ်မကောင်းဟု လည်း ယူဆကြသည် သေဆုံးခြင်း မသာအသုဘဟူသည်
နှာခေါင်းရှုံ့စရာဟု ယင်းတို့၏အဘိဓာန်စာ မျက်နှာတွင် မှတ်တမ်းတင်ရေးထိုးခဲ့ကြသည်။
ရနိုင်ရိုးလား ? ဒီလိုနဲ့
ပြီးနိုင်ရိုးလား?
မွေးဖွားခြင်းနှင့် သေဆုံးခြင်းကိစ္စသည်
(၃၁)ဘုံနှင့်တိုက်ရိုက်ပတ်သက်သောကိစ္စဟု ယင်းအန္ဓပုထုဇဉ် တို့ မသိကြ ဖန်ဆင်းရှင်လော
မဖန်ဆင်းရှင်လော စစ်ကြောဝေဖန်ခြင်းကိစ္စကိုလည်း မပြုကြဘဲ ကိုယ်
နှင့်တိုက်ရိုက်မပတ်သတ်သေးသမျှ သေခြင်းမသာကိစ္စကို အမှတ်မဲ့ခဲ့ကြသည်။
သို့သော်လည်းပဲ ခန္ဓာဟူသည် အိုနာသေစုတ်ချက်တို့၏ အမှုန်းအသဖြင့်
နေရသည်မဟုတ်ပါလော ၊ အိုနာသေစုတ်ချက်တို့သည် စက္ကန့်တိုင်းဆွဲချက်ကပြင်းလှသည်
ဇရာ . .တဲ့။
ရင့်ရော်ခြင်း ဇာရာဆေးစက်မှုန်များက လေထုအလွှာတွင် အရောင်မပျယ်ကြ
သေသေသပ်သပ်ဖြင့်ရှိ လှ၏ ၊ ဇရာဆေးမှုန်များ ထူထဲလာသောအခါ မရဏသေမင်းဆေးရုပ်လုံးက ကင်းဘတ်စ စက္ကူပေါ် တွင် ပီသစွာဟန်ပါလေတော့သည်။
ဒါ နိဂုံးပဲ . . ဒါ
အဆုံးပဲ . .
ဘဝတစ်ခု၏ အစကနဦးသည် မွေးဖွားခြင်းဖြစ်ပြီး အဆုံးနိဂုံးသည်
သေဆုံးခြင်းပင်ဖြစ်သည် ယင်းကို ကလျာဏပုထုဇဉ်တို့က နေ့စဉ်ဆိုသလို
အကြောင်းတိုက်ဆိုင်ရင် တိုက်ဆိုင်သလို ကိုယ်ဆွေမျိုးများ မဟုတ်သော်လည်းပဲ ယင်းဇာတိ
ဇာရ မရဏတို့ကို သုံးသပ်ဆင်ခြင် ပွားများ၍ မိမိတို့စိတ်သဏ္ဍာန်ဝယ် ထိယှက်ထိစက်တက်သော
ကာမကိလေသာတို့ကို လျှော်ဖွတ်ကြသည်။
တစ်ခါတည်းတော့ လုံးလုံးလျားလျား မပြောင်စင်နိုင်ပေ ၊ ဒီလိုပဲ
အချိန်အခွင့်အခါပေါ် မူတည်၍ ဆင် ခြင်မှုပမာဏအလျှောက် ပါးလျားသွားကြပေတော့သည်။
အန္ဓပုထုဇဉ်တို့ကတော့ ဤသို့မဟုတ်
.. ကိုယ့်လက်ပူမှ ပူမှန်းသိကြသလို
လက်သည်းဆိတ်မှ လက် ထိပ်နာကြသည်။ ကိုယ့်လက်မပူသရွေ့ ပူခြင်းကိစ္စကို ဂရုမစိုက်
လက်သည်းမဆိတ်သရွေ့ နာခြင်း ကိစ္စကို အမှုမထားကြဘဲ ပျှော်ချင်သလိုသာ ပျှော်နေကြ၏ ငွေ
ပေါရင်လည်း ပျှော် မပေါရင်လည်း မ ပေါသည့်အလျှောက် ပျှော်ရင်း ဘဝ၏ သေဆုံးခြင်းနှင့်မွေးဖွားခြင်းကိစ္စကို
delete လုပ်နေခဲ့ကြသည်။
နောက်ဆုံးတော့ .. ရေဝေးတို့ ထိန်ပင်တို့မှာ ကြီးစွာသော
သံဝေဃတို့ကို ထွေးပိုက် နမ်းရှုံ့ပွတ်သပ် ရင်ထုမနာ ကြေကွဲဖွယ်ရာတို့ဖြင့်
ငိုကျွေးခဲ့ကြသလို အချို့ကလည်း မပဒါမြေလူးခဲ့ကြသည်။
ထို့ကြောင့် အန္ဓပုထုဇဉ်တို့၏ ကောက်ကြောင်းသည် မရိုးဖြောင့် မဖြူစဉ်
ညစ်ညစ်ညူးညူးဖြင့် ဘဝကို အရှုံးပေးခဲ့ကြရသည် နိဂုံးသတ်မလှပကြပေ။
ကလျာဏပုထုဇဉ်တို့သည် သံသရာ၏ကံကြွေးမလှလို့ ကျိုးစင်တက်အပြစ်ပေးခံရစေကာမူ
နုဿတိအဖန်ဖန်ကို ရုပ်သတိသဏ္ဍန်မှာကပ်လို့ ကျိုးစင်ပေါ်တက် ၍ ကံကြွေးကို
ရင်အေးစွာဆပ်တက်ကြသည်။
အင်းဝခေတ်တွင် မိဖုရားဖွားစောသည် ကလျာဏပုထုဇဉ်တို့၏
သက်သေပြယုဂ်အဖြစ် ဘုရင်ထီးလင် တော်မောင်၏ ကားစင်တွင်မီးတင်ရှို့အသေသတ်ခြင်းကို
သူကိုယ်တိုင်နေ့စဉ် စီးဖြန်းခဲ့သော ဗုဒ္ဓနုဿ တိ
ဓမ္မာနုဿတိ မရဏာနုဿတိတို့ဖြင့်ဆင်ခြင်ခဲ့ရာ မီးသည် မိဖုရားဖွားစော၏
ခန္ဓာကိုယ်ကိုလုံးလုံး မျှမလောင်နိုင်ပေ နောက်ဆုံးတွင် မိဖုရားဖွားစောသည် “ ဘဝကံကြွေးရှိက
မီးသည် ငါ့ခန္ဓာအား လောင်မြိုက်လော့” ဟု
အဓိဋ္ဌာန်ပြုသောအခါမှသာလျှင် အနှစ်မဲ့သောရုပ်ခန္ဓာသည် မီးစာအဖြစ်သို့
အသွင်ကူးပြောင်းခဲ့သည်မဟုတ်ပါလော။
ထို့ကြောင့် ကလျာဏပုထုဇဉ်တို့၏ ကောက်ကြောင်းနှင့် အန္ဓပုထုဇဉ်တို့၏
ကောက်ကြောင်းသည် မိုးနှင့်မြေလို ကွာ၏ နံ့သာဆီနှင့် အီးတုံးလိုလည်း ခြားနား၏ ယခု
ဤဆောင်းပါးသည် ဖတ်ရှု့သူတို့ အား မိုး၏အလျှဉ်သို့လည်းကောင်း နံ့သာဆီ၏
ရနံ့သို့လည်းကောင်း ထုံမွှမ်းနိုင်ပါစေဟု စာရေးသူ အပ္ပမာဒပြု၍ ဓမ္မဒါန
စုဆောင်းမိပါတော့သည်။
ဒိုးကြီး(ဝိဘဇ္ဇ) 31.1.2017 -123း7am
Comments