ပြဿနာ ပေါင်းစုံ၏ အစ ငွေက
၃၆၂။ ရာဇဂြိုလ်ပြည်
နန်းတွင်း၏ မင်းခန်းမင်းနားအပြီးမှာ မူးကြီးမတ်ရာ သေနာပတိ မြိုစား ရွာစာ စတဲ့ မင်းပရိတ်သတ်တို့ဟာ
မိမိတို့နေထိုင်ရာအိမ်သို့မပြန်သေးမှီ နားနားနေနေ နေခိုက် တစ်ခုသော အမတ်တစ် ယောက်က
မြို့ထဲရွာထဲက မြို့သူရွာသူအချို့ပြောနေကြတဲ့
စကား သူကြားသိခဲ့ရတဲ့အတိုင်း အခုလို ပြောပြ လိုက်ပါတယ် . .။
“ ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ
ဇာတရူပရဇတံ ၊ သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာရူပရဇတံ ၊ ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတ
” န္တိ။
လို့ သူမြင်သူကြားခဲ့ရတဲ့
မြို့ထဲရပ်ထဲမှာ လူပြော သူပြောများတဲ့စကားကို နန်းတော်ထဲက မူမတ်သေနာပတိတို့ သိစေရန်
သိပြီးသူရှိနေပါကလည်း အနက်အဓိပ္ပါယ်များ ပိုမိုမြင်သာစေရန် ပြောလိုက်ခြင်းဖြစ်ပါတယ်။
မြန်မာလိုက . .
“သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်း တို့အား
ရွှေငွေသည် အပ်၏ ၊ သာကီဝင်မင်းသား မြတ် စွာဘုရား၏ တပည့်သား ရဟန်းတို့အား ရွှေငွေကို သာယာကုန်၏”
“ဆိုတဲ့ စကားတစ်ခုကို
ကျွန်ုပ် လမ်းသွားရင်း ပြောဆိုနေကြတာကို မြင်ခဲ့ရကြားခဲ့ရပါတယ်”
“ဒီစကားရဲ့ ဖြစ်နိုင်ခြေကိုတော့
ကျွန်ုပ် မခန့်မှန်းနိုင်လို့ အခုလို ပရိတ်သတ်ရှေ့မှာ မေးမြန်းကြည့်တာပါ”
ထို တစ်ယောက်သော အမတ်ရဲ့
စကားအဆုံးမှာ အခြားသော မူးကြီးမတ်ရာသေနာပတိတို့က မိမိတို့ အတွေးများကို တစ်မျိုးတစ်
ဘာသာစီ ကောက်ချက်ပေးနေကြသည်မို့ နန်းတွင်းစကားဝိုင်းသည် အရပ်ပွဲကဲ့သို့ ဆူညံစည်ကား
သွားတော့တယ်။ စကားဝိုင်းထဲတွင် အယူအဆကိုယ်စီ အသိမြင်ကိုယ်စီ၏ အတွေး ထင်မြင် ချက် ဝိရောဓိများထဲမှာ
ရဲရင့်သောအတွေး တော်လှန်သောအတွေး ဟုတ်သည် မဟုတ်သည်အပထား မင်းပရိတ်သတ်တို့ကြားဝယ် မိမိကိုယ်ကိုယ်
ယုံကြည်ချက် သမာဓိကိုဆွဲကိုင်ကာ ῝စူဠာမဏိက” ရွာစားကြီး တစ်ယောက်က တစ်ဖန် အခုလို ဝင်ရောက်ဆွေး
နွေးလိုက်ပါတယ်။
“ အရှင်တို့ ”
“အရှင်တို့ အရပ်ထဲက ကြားလာရသော စကားဖြစ်တဲ့”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်း တို့အား
ရွှေငွေသည် အပ်၏ ၊ သာကီဝင်မင်းသား မြတ် စွာဘုရား၏ တပည့်သား ရဟန်းတို့အား ရွှေငွေကို သာယာကုန်၏”
“ဆိုတဲ့စကားကတော့ ဗုဒ္ဓမြတ်စွာဘုရားသားတော်တို့အား အရမ်းကာရော နင်ပဲငဆ
စွပ်စွဲပြော သမုတ်ကြတာ ပါ ဘုရားသာတော်များဟာ လုံးလုံးမျှ ရွှေငွေကိုအလှူမခံကြဘူးလို့
ကျွန်ုပ်ယူဆမိပါတယ်”
“မိမိတို့ရဲ့ အတ္တနောမတိအယူအဆဟာ အလုံးစုံပြည့်စုံအောင်
မှန်နိုင်မယ်လို့ ထင်မြင် ချက်ပေးလို့မရပါဘူး”
“ကျွန်ုပ်တစ်ခုလောက်
ပြောပါရစေ ”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့အား
ရွှေငွေသည် မအပ်စပ်ပါဘူး”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို မသာယာကုန်ကြပါဘူး”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏
တည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကြပါဘူး”
“သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပြည့်သား ရဟန်းတို့သည်
ကျောက်မျက်နှင့် ရွှေငွေကို အရှင်းလုံးလုံး စွန့်ပယ်ကြ ကုန်ပြီး ရွှေငွေမှ ကင်းရှင်းကြပါတယ်”
လို့ ကျွန်ုပ်ပြောဆိုပါရစေ။
“ဒီစကားဟာ ဗုဒ္ဓရဲ့ကိုယ်နှုတ်တော်ထွက်စကားမဟုတ်သော်လည်း
မှန်ကန်သည်ဟုသာ ကျွန်ုပ်ယူဆမိပါသည်”
“သာကီဝင်မင်းသားမြတ်စွာဘုရား၏တပည့်သားတို့သည်
ဘယ်နည်းနှင့်မှ ရွှေငွေနှင့်မအပ်စပ်ကြပါဘူး အလှူ မခံယူကြပါဘူး”
စူဠာမဏိက ရွာသူကြီးရဲ့
ထင်မြင်ယူဆချက်အသံသည် နန်းတွင်းစကားဝိုင်းတစ်ခုလုံးအား
ငြိမ်သက်သွားစေ သည် အရပ်ထဲကကြားလာသောစကား၏ အဖြေကို ဘယ်သူတစ်ဦးတစ်ယောက်မှ ရဲရဲငြင်းဆန်ခြင်း
ရဲရဲ ထောက်ခံခြင်း မပြုလုပ်ဝံ့တဲ့ ရာချီသော အမတ်ပညာရှိလူပညာရှိများ၏ အလည်ဝယ် အစောက တစ်ယောက် တစ်ပေါက်နှင့်ထင်မြင်ချက်ပေးနေကြသော
စကားသည်တို့အတွက် စူဠာမဏိက ရွာသူကြီး၏ စကားကြောင့် ခေါင်းတဆတ်ဆတ်ငြိတ်သူက ငြိတ်၏ တွေတွေလေးစဉ်းစားနေသူက
စဉ်းစားနေ၏ အဖြေမထုတ်နိုင် အင်းအဲမလုပ်နိုင်သောသူအချို့ကလည်း ငေးမောနေ၏ ။
မည်သို့ပင်ဖြစ်စေ မင်းပရိတ်သတ်ထဲမှာ
သာကီဝင်မင်းသား ဘုရားသာတော်ဘိက္ခုတို့သည် ရွှေငွေကို မသာယာ အလှူမခံကြောင်း ရဲဝံ့စွာထုတ်ဖေါ်ပြောကြားလိုက်သော
စူဠာမဏိက ရွာသူကြီးရဲ့စကားဖြင့် နောက်ဆုံးတော့ နန်းတွင်းစကားဝိုင်းသည် ကြေနပ်ရောင့်ရဲလိုက်ကြပေတော့သည်။
စူဠာမဏိကရွာသူကြီးပြောဆိုဆွေးနွေးသော
စကား ကလည်း အကြောင်းအကျိုး ဆီလျှော်ပေသည် ဘိက္ခုခေါ် ရဟန်းတို့သည် လူတို့ကဲ့သို့ ကာမဂုံ
ငါးပါးကို လုံးလုံးအရှင်းစွန့်ပယ်ကာ ဆံမုတ်ဆိတ်ပယ်၍ တောဝင်ကာ ကိလေသာကို တွန်းလှန်ပယ်ရှားနေကြသော
သူတော်စဉ်တို့သာဖြစ်သည် ငွေကြေးဥစ္စာဆိုတာက ကာမဘုံ သားလူအများတို့ ပစ္စည်းလဲလှယ်ရောင်း
ဝယ်ဖေါက်ကား သုံးဆောင်ဖို့ရန် မင်းအစိုးရတို့က စနစ်တကျ စီမံထားသော ပညတ်ရုပ်ဒြပ်ပစ္စည်းတစ်ခုသာ
ဖြစ်သည်။
ယင်းငွေကြေးဓနဥစ္စာရုပ်ဒြပ်ပညတ်တစ်ခုကြောင့်
တိုင်နိုင်ငံတိုင်းရှိ လူသူအချို့သည် ခိုးကြ ဝှက်ကြ နှိုက်ကြ လု ကြ လိမ်ကြ စသော မသမာသောနည်းတို့ကို
ကြံစည်လုပ်ကိုင်ကြသည်။ ဆန်ထမင်းအတွက် ဂျုံပေါင်မုန့်စသော စားစရာ ရရန် ငွေလိုသည်၊ အဝတ်အစား
အလှတန်ဆာ ဆင်မြန်းရန် ငွေလိုသည် ယင်းတို့ကို ငွေနှင့်ပဲအလဲအ လှယ်လုပ်ကြသည်၊ ထိုအခါ
လူသားသည် ငွေကို ရရန်ကြိုးစားရတော့သည် ရိုးသားသောနည်းဖြင့်မရလျှင် မရိုး သားသောနည်းဖြင့်
လူသားအချို့က ဖန်တီးကြတော့သည်။
ထိုအခါ နိုင်ငံတွင်
အာဏာရှင်မင်းအစိုးရ ပေါ်လာသည် လည်းကောင်း၏လက်ကိုင်တုတ် ခရိုနီသူခိုးတွေပေါ် လာသည် တစ်ခါ
ယင်းခရိုနီသူခိုးတို့၏ လက်ဝေခံ ကြေးစားလူမိုက်လူဆိုးတို့က ဆင့်ပွားရပ်တည်လာခဲ့ပြန်တော့
သည်၊ ထို့ကြောင့် ယင်းငွေကြေးဥစ္စာကြောင့် ကမ္ဘာပေါ်တွင် နျူကလီယားလက်နက်ဆန်းများဖြင့်
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချိန်းခြောက် မိုက်ကြေးခွဲနေကြပေတော့သည်။
ထို့သို့သော အကြော်းအရာများကို
စူဠာမဏိက ရွာသူကြီးသည် မိမိ၏ ဉာဏ်ဖြင့်သုံးသပ်စဉ်းစားပြီး . .
“ရွှေငွေတို့ သည် ဘယ်နည်းနှင့်မှ
ရဟန်းကောင်းတို့နှင့်မအပ်စပ် ”
“ရွှေငွေသည် ပုထုဇဉ်လူအကဏ်းတို့၏
သုံးဆောင်ရာ ကာမလဲလှယ်ရာပစ္စည်းသားဖြစ်သည်”
“ရွှေငွေဖြင့် မိန်းမပျိုအချို့၏
ကာမကို လဲလှယ်ယူငင်၍ရသည်”
“မိန်းမပျိုအချို့သည်
အလှကိုမြတ်နိုး၏ မိမိတို့အလှသွေးကြွယ်စေဖို့ အဝတ်တန်ဆာတို့သည် အဓိကကျ သောအသုံးအဆောင်ဖြစ်သည်
မိန်းမပျို၏ကိုယ်ခန္ဓာပေါ်ဝယ် အချိုးအစားကျနသော အရောင်အဆင်း လိုက်ဖက် ညီညွတ်သော အဝတ်အစား
ရတနာပပစ္စည်းတို့ ဆင်မြန်းလိုက်ပါက ဆန့်ကျင်ဘက် ပုရိသယောက်ျား အချို့၏ ရာဂမီးတို့သည်
ထကြွသောင်းကျန်းလာ၏ တဏှာရာဂမီးနှင့်တူသော ဆာလောင်မှု ဆန္ဒကို ပုထုဇဉ်ပုရိသတို့ အလူးအလိပ့်ခံစားရသည်။”
ဒါ့ကြေင့် မိန်းမပျိုအချို့အတွက်
ပုရိသတို့၏ ကာမရာဂတရားကို နှိုးဆွပေးနိုင်သော အလှအပအဝတ်အစား ရနံ့ ကောင်းများ ရှိထားရန်လိုသည်
ထိုပစ္စည်းများသည် ငွေနှင့်လဲလှယ်ယူရသောကိစ္စဖြစ်သည်၊ ထို့ကြောင့် မိန်းမ ပျိုအချို့အတွက်
ငွေလိုသည် ၊ တစ်ဖန် ကာမကိုအလိုရှိသော ပုရိသသည် ယင်းမိန်းမပျိုတို့၏ ကာမအထိအ တွေ့ကို
ခံစားသုံးဆောင် ဇိမ်ယူနိုင်ရန် ငွေဖြင့် လဲလှယ်ကြပြန်သည်။
ထိုအရာသာဓကတစ်ခုနှင့်ပင်
ငွေသည် ကာမဘုံသားများ၏ ကာမခံစားဖို့ရန် အဓိကကြသော လဲလှယ်ရာပစ္စည်း တစ်ခုဖြစ်ပြီး ငွေမရှိလျှင်
မည်သည့်ကာမကိုမှ ခံစားလို့မရပေ။ ဒါ့ကြောင့် ရွှေငွေဟူသည် သာကီဝင်မင်းသား ဘုရားသားတော်
ဘိက္ခုဘိက္ခုနီအစစ်တို့အတွက် လုံးလုံးမျှအသုံးမဝင်ပေ ၊ အရပ်ထဲကပင် ῝ ဘိက္ခု နှင့် ဘီး῞
ဘာဆိုင်လို့လည်း ဟု ဆိုရိုးစကားပင်ရှိသေး၏။
စူဠာမဏိက ရွာသူကြီးသည်
ဗုဒ္ဓကိုယ်တော်တိုင် ဘိက္ခုတို့သည် ရွှေငွေအား အလှူမခံကောင်း မသာကောင်းဟု ဟောကြားထားသည်ကို
ကိုယ်တိုင်မနားကြားဘူး တစ်ဆင့်စကားလည်းမကြားဘူးသော်လည်း သူကိုယ်တိုင် အမျိုးမျိုးသော
လူ့ပတ်ဝန်းကျင်၏ ပြဿနာကိစ္စရပ်ပေါင်းများစွာကို တာဝန်ယူဖြေရှင်းပေးခဲ့ရသော အလုပ် အ
တွေ့အကြုံ ဘဝအတွေ့အကြုံကြောင့် ဘိက္ခုအစစ်တို့သည် ရွှေငွေကို လုံးဝအလှူမခံသင့်ကြောင်း
မသာယာ သင့်ကြောင်း စဉ်းစားတွေးခေါ်မိခဲ့ခြင်းဖြစ်ပါသည်။
ရွှေငွေဟူသည် အန္တရာယ်တစ်ခုပင်ဖြစ်သည်
ရွှေငွေသည် ပုထုဇဉ်လောကသားတို့၏ သည်းခြေကြိုက်ဖြစ်သည် ပုထုဇဉ်လောကသားတို့၏အကြိုက်ကို
အရိယာနယ်ပယ်သားတို့က ကြိုက်နှစ်သက်သည်ဟု ဆိုသော် ထိုစကား သည် မအပ်စပ်သောစကားဟု သုံးသပ်နိုင်သည်။
ပုထုဇဉ်လောကီလူသားတို့၏ အရိယာနယ်လောကုတ္တရာလူ သားတို့၏ ဘဝအခြေအနေသည် လုံးလုံးမမဆင်တူနိုင်ပေ
ပုထုဇဉ်လောကီလူသားသည် အချစ်ကိုအလိုရှိ၏ တပ်မက်ခြင်းကို လက်မလွှတ်နိုင် ကာမအထိအတွေ့မှ
ရုန်းထွက်လို့မရသေး တစ်ဖန် အမုန်းကိုလည်း အလိုမရှိ ပြန်ပေ အမုန်း၏ဝေးရာကို ပြေးထွက်လိုကြသည်
ပုထုဇဉ်လောကီလူသားသည် အချစ်နှင့်အထိအတွေ့ရသာ တို့ထံကိုသာ အပြေးအလွှားလိုက်ကြရသည့်အတွက်
ရွှေငွေလိုသည် ရာထူးဌာနန္တရလိုသည် ဘုံဗိမ္မာန်တွေလို သည် ဇိမ်ခံပစ္စည်းမှန်သမျှ အမြဲလိုအပ်နေသည်။
ယင်း ဇိမ်ခံပစ္စည်းမှန်သမျှသည် ရွှေငွေရှိမှရသည် ရွှေငွေနှင့် အလဲအလှယ်လုပ်ယူရသော ပစ္စည်းများဖြစ်ကြသည်။
အရိယာလောကုတ္တရာလူသားသည်ကား
ထိုသို့မဟုတ်ချေ အချစ်ကိုအလိုမရှိသောကြောင့် အချစ်၏နောက်သို့ အပြေးအလွှားလိုက်စရာမလို
ကာမထိတွေ့ဖို့ရန် အားထုတ်စရာမရှိ ထို့အတွက် မည်သည့်ကာမကိုမှအလိုမရှိ သောကြောင့် လဲလှယ်ရန်
ရွှေငွေတို့သည်မလိုအပ်တော့ပေ။ ထိုရွှေငွေမလိုအပ်ခြင်းဟုဆိုသော အလောဘတ ရားကြောင့် ဒေါသတရားတို့ဆိတ်သုန်းကုန်ကြ၍
ဒေါသတရားတို့ကိန်းဝပ်နေ၏ ယင်း ဒေါသ မောဟစသော ကိလေသာမီးတို့ ချုပ်ကုန်၏ ငြိမ်းကုန်၏
အေးကုန်၏။
တစ်ခါက စူဠမဏိကရွာနယ်ပယ်ထဲတွင်
မိန်းမပျိုတစ်ယောက်နှင့် သူကြွယ်အဘိုးကြီးတစ်ယောက်တို့ အခြင်း များကြသည် ထိုပြဿနာ၏
အစသည် ရွှေငွေကြောင့်ပင်ဖြစ်သည်၊ မိန်းမပျိုသည် သူကြွယ်အဘိုးကြီးထံမှ ရွှေ ငွေကိုအလိုရှိသည်
သူကြွယ်အဘိုးကြီးသည် မိန်းမပျို၏ ပျိုရွယ်နုနယ်သော ကိလေသာကာမကိုအလိုရှိသည် တစ်ယောက်နှင့်တစ်ယောက်
အလိုရှိပုံခြင်းကမတူညီပေ မိန်းမပျိုအလိုရှိသော ရွှေငွေသည် သူကြွယ်အဖိုးကြီး ၌ရှိသလို
သူကြွယ်အဖိုးကြီးအလိုရှိသော ပျိုမြစ်သော လတ်ဆတ်သော ကိလေသာကာမရသသည် မိန်းမပျို၌ သာရှိကြသည်။
၎င်းတို့သည် ရွာသူကြီးထံမှောက်တွင်
တရားဝင်အကြင်လင်မယားအဖြစ် အလဲအလှယ်လုပ်လိုက်ကြသည် နှစ် အတော်အတန်ကြာသောအခါ မိန်းမပျိုသည်
ရွှေငွေကိုယူ၍ သူကြွယ်အဖိုးကြီး မသိခင် နေအိမ်မှ ထွက်ပြေး သွားခဲ့သည်။ ထိုပြဿနာသည် စူဠာမဏိက
ရွာသူကြီးထံသို့ ရောက်လာသည် ရွာသူကြီးဟူသည် မိမိရပ်ရွာရှိ ရွာသူရွာသားနယ်သူနယ်သားတို့၏
ကြုံတွေ့ရသော ပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးရသူမဟုတ်ပါ လော။
တရားခုံရုံးရှေ့မှောက်တွင်
တရားလို သူကြွယ်အဖိုးကြီးနှင့် ၎င်း၏ဇနီးသည် မိန်းမပျိုတို့ရောက်နေကြပြီ ၊ နှစ်ဘက် အမှုသည်တို့၏
ထွက်ချက်များကို ကြားနာစစ်ဆေးရာ နှစ်ဘက်စလုံးတွင် ဓမ္မလမ်းကြောင်းအရဆိုပါက အပြစ်မရှိကြပေ
မိန်းမပျိုသည် ရွှေငွေကိုအကြောင်းပြု၍ သူမ၏ အပျိုရည်ကို အဘိုးကြီးအားပေးလိုက်ရသလို အဖိုးကြီးသည်လည်း
မိန်းမပျို၏ ပျိုမြစ်နုနယ်သော ခန္ဓာအလှ ကိလေသာအရာသာကိုလိုလားတပ်မက်၍ သူပိုင် ရွှေငွေတို့ကိုပေးလိုက်ရခြင်းသာဖြစ်သည်။
ထို့ကြောင့် ယင်းအမှုကို
ခြေရာခံအဖြေထုတ်သော် တရားလိုတရားခံတို့သည် သမမျှတသောနည်းဖြင့် အလဲ အလှယ်လုပ်ကြခြင်းသာဖြစ်သည်
ယင်းသဘောသည် ပုထုဇဉ်လောက၏ တရားမျှတသော လုပ်ရိုးလုပ်စဉ် လုပ် ထုံးလုပ်နည်းများသာဖြစ်သည်။
အမှုသည်နှစ်ဦးစလုံးသည်
မိမိ၌ရှိသော မိမိပိုင်ပစ္စည်းဖြင့် အလဲအလှယ်အလုပ်ကြခြင်းသာဖြစ်သည် ခိုးယူခြင်း လိမ်လည်ခြင်းမဟုတ်ကြပေ
ရွာသူကြီး၏ ထံမှောက်မှာပင် ကြေနပ်စွာ မိမိတို့၏ လုပ်ပိုင်ခွင့်ကို လဲလှယ်ခဲ့ကြ သောလည်း
မရောင့်ရဲနိုင်ကြပေ မတင်းတိမ်နိုင်ကြသောပုထုဇဉ်တို့သည် ကာလကြာလာသောအခါ အသစ် အသစ်သော
လိုလားတောင့်တမှုကို လိုချင်သည့်လောဘကပ်လာသည် ယင်းလောဘတရားကို သမ္မာသတိ သမ္မာသမာဓိ စသောမဂ္ဂင်
တရားတို့ဖြင့် မထိမ်းကွပ်နိုင်သောအခါ ဥပဒါန်ဟူသော စွဲလမ်းမှုပြဿနာတက်လာ သည် ၊ အစွဲနယ်ဥပဒါန်အားကောင်းလာသောအခါ
တဏှာငမ်းငမ်းတက် အာသာဖြန်းဖြန်းထွက်လာတော့၏ ။
မိန်းမပျိုသည် ကနဦးအစက
သူကြွယ်ကြီးပိုင်ဆိုင်သော ရွှေငွေဥစ္စာတို့ဖြင့်သာ ကြေနပ်နိုင်သော်လည်း ကာမ အထိအတွေ့၏
ဆာလောင်မှုကို လောက်ငှအောင်မပေးနိုင်သော သူကြွယ်အဖိုးကြီးကို မလိုချင်တော့ပေ အဖိုး ကြီးနားသို့
မကပ်သီချင်တော့ပေ နောက်ဆုံးတော့ သူကြွယ်အဖိုးကြီး အသိခိုက်များစွာသော ရွှေငွေတို့ကိုယူကာ
ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြင့် ရွှေငွေသည်
ပုထုဇဉ်တို့၏ လုပ်ထုံးလုပ်နည်းများတွင် အဓိကကြသော ပညတ်ဓာတ် ပစ္စည်း တစ်ခုဖြစ်သည် ထို့ကြောင့်လည်း
အချို့က ယင်းရွှေငွေကို ဒုတိယဖန်ဆင်းရှင်ဟူ၍ ဆိုကြသေးသည်။ ယင်းဒုတိ ယဖန်ဆင်းရှင် ရွှေငွေကြောင့်
လူသားတို့နယ်ပယ်တွင် ဒုစရိုက်မျိုးစုံဖြစ်ပွားကြသည် မည်သည့်ဒုစရိုက်ဖြစ်ဖြစ် အဓိကအကြောင်းအရင်းသည်
ယင်းရွှေငွေကြောင့်ပင် ဖြစ်သည်။
စူဠာမဏိက ရွာသူကြီးသည်
သူဖြတ်သန်းလာခဲ့ရသော ဘဝအတွေ့အကြုံအရ ရွှေငွေ၏ ဂုဏ်ကျေးဇူးထက် အပြစ်သာများကြောင်းကို
သိလိုက်ရသည် ထို့ကြောင့်လည်းပဲ ရွှေငွေသည် သာကီဝင်မင်းသား ဘုရားသားတော် များ အလှူမခံ
မသာယာသင့်သော ပစ္စည်းသာဖြစ်သည်ဟု သုံးသပ်မိခဲ့သည်။
ထိုသို့ သုံးသပ်မိသောကြောင့်
သူ့ထက်ပင် ရာထူး အာဏာ ပညာဉာဏ် ကြီးကြသော မင်းပရိတ်သတ်အလယ် တွင် . . .
“ သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို မအပ် ”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို မသာယာကုန်”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်”
“သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို ပယ်ထားကုန်၏”
“ ရွှေငွေမှ ကင်းလွတ်ကြကုန်၏”
ဟု ရဲရင့်သောအသံဖြင့်
ပြောလိုက်ခြင်းဖြစ်သည်။
သဘာဝကျသော စူဠာမဏိကရွာသူကြီး၏
စကားအဆုံးတွင် မင်းပရိတ်သတ်တို့သည် ဒီတစ်နေ့ ၏နန်းတွင်း စကားဝိုင်းအား ထိုမျှလောက်နှင့်အဆုံးသတ်လိုက်ကြပြီး
မိမိတို့နေထိုင်ရာ ဘုံနန်းပြဿာဒ်ဆီသို့ အလျှိုအလျှို ပြန်ကုန် ကြသည်။
ထိုအပြန်ခရီးတွင် စူဠာမဏိကရွာသူကြီးတစ်ယောက်ကတော့
အိမ်သို့မပြန်ဘဲ ဘုရားရှိရာကျောင်းတော်သာသို့ ခြေဦးလှည့်ခဲ့သည်။ ရည်ရွယ်ချက်က သူ နန်းရင်ပြင်မှာ
ပြောခဲ့သော စကားသည် ဟုတ်၏ မဟုတ်၏ မှန်၏ မမှန်၏ကို သူကိုယ်တိုင် မဆုံးဖြတ်နိုင်လို့ပါပဲ။
ဗုဒ္ဓ၏ဓမ္မဝိနယကို သူသိ၍
ထိုနန်းရင်ပြင်တွင် ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းမဟုတ်ပါ၊ သူဖြတ်သန်းလာခဲ့ရသော ဘဝ အတွေ့အကြုံနှင့်
သူလေ့လာရှာမှီးထားသော အသိဉာဏ်ကို ပေါင်းစပ်ဆင်ခြင်၍ ပြောခဲ့ခြင်းသာဖြစ်သည်။ တ ကယ်စင်စစ်
ဗုဒ္ဓ၏ဓမ္မနှင့်ဝိနယကို သူမသိပေ၊ ထို့ကြောင့် အိမ်သို့တန်းမပြန်တော့ဘဲ ဗုဒ္ဓရှိရာကျောင်းသို့
လာခဲ့ ခြင်းဖြစ်သည်။
ဗုဒ္ဓသည် အခု အချိန်တွင်
ကြီးကျယ်သော ဝါတောရှိ ကျေးငှက်ပေါင်းစုံတို့ဖြင့် သာယာနာပျှော် ဖွယ်ကောင်း သော ရှဥ့်နက်
ရှဥ့်ညိုတို့၏ တစ်တောက် တောက်အလှဖြင့် တန်ဆာဆင်ထားသော ဝေဠုဝန်ကျောင်းတော်ဝယ် သီတင်းသုံးနေချိန်ပဲဖြစ်ပါတယ်။
စူဠာမဏိက ရွာသူကြီးသည်
ဗုဒ္ဓထံမှောက်ရောက်တဲ့အခါ သင့်တင့်သောနေရာမှာထိုင်၍ ထိခြင်း ငါးပါး ဖြင့်ရှိခိုးကာ မိမိ၏အမျိုးအနွယ်နှင့်
အခုလို လာရောက်ရသော အကြောင်းအရာတို့အား ဗုဒ္ဓအား လျှောက် ထားလိုက်သောအခါ . ..
“ တဂ္ဃ တွံ ဂါမဏိ ဧဝံ
ဗျာကရမာနော ဝတ္တဝါဒီ စေဝ မေ ဟောသိ၊ န စ မံ အဘူတေန အဗ္ဘာစိက္ခသိ ၊ ဓမ္မဿ ဟူသော ပါဠိစကားဖြင့်အစချီတော်မူ၍
“ အို . . ရွာသူကြီး ”
“ သင် ဆိုခဲ့သော စကားသည်
ငါ၏ စကားတိုင်းပင်ဖြစ်ပေတယ်”
“သင် သည် တရားတော် အားလျော်သော
တရားကို ဆိုခဲ့ခြင်းလည်း မည်ပါတယ်”
“ ငါ ဘုရား၏ ဝါဒကို
အတုယူ၍ ပြောခြင်းဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်၏ အကဲ့ရဲခံရခြင်းသို့ အနည်းငယ်မျှ
မရောက်နိုင်ပါဘူး။ ”
“ အို . .. ရွာသူကြီး”
“ ယဿ- ရဟန်းအား ၊ ဇာတရူပရဇတ-ရွှေငွေသည်၊
ကပ္ပတိ-အပ်ငြားအံ့၊ တဿ-ထိုရဟန်းအား၊ ပဉ္စဝိ- ငါးပါးလည်းဖြစ်ကုန်သော၊ ကာမဂုဏာ- ကာမဂုဏ်တို့သည်၊
ကပ္ပ န္တိ-အပ်ကုန်၏၊”
“ ရွာသူကြီး”
“ ရွှေငွေ စသော ငါးပါးသော
ကာမဂုဏ်တို့၌ တပ်မက်ခြင်းသည် ရဟန်းကောင်းတို့၏အကျင့်မဟုတ် ၊ သကျပုတ္တခေါ် သာကီဝင်မင်းသားတို့၏
အကျင့်မဟုတ် ဟုမှတ်ပါ”
“ ရွာသူကြီး”
“ မြက်ကို အလိုရှိသော
သူသည် မြက်ကို ရှာသင့်၏၊ သစ်သားကို အလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊ လှည်းကို
အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊ ῝အခစားအလုပ်သမား῞ ယောက်ျားကိုအလိုရှိသောသူ သည်
῝အခစားအလုပ်သမား῞ ယောက်ျားကို ရှာသင့်၏ ”
“ ရွာသူကြီး ” “ သို့ဆိုလျှင်
”
“ ကေန စိ ပရိယာယေန ဇာတရူပရဇတံ သာဒိတဗ္ဗံ ပရိယေသိတဗ္ဗ”
န္တိ
“ သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သားတို့အား ဘယ်နည်းနှင့်မျှ ရွှေငွေကို သာယာသင့် ၊ ရှာသင့်”
၏ဟု ငါဘုရား မဟောပေ”
ဗုဒ္ဓ၏ အဖြေစကားအဆုံးဝယ်
စူဠာမဏိက ရွာသူကြီးသည် မိမိ နန်းရင်ပြင် မင်းပရိတ်သတ်အလည်တွယ်ဖြေ ကြားခဲ့သော စကားသည်
ဗုဒ္ဓဝါဒနှင့်တစ်ထပ်တည်း တစ်သားတည်းဖြစ်နေပါလား ဟူသော ပီတိသောမနဿ စိတ်ဖြင့် အိမ်သို့အပြန်ခရီးသည်
ပီတိဈာန်ယာဉ်စီးသကဲ့သို့ .. . . တည်း ။
ဤဗုဒ္ဓဝိနယဓမ္မအားကျိုးစားဝေငှမိသောပီတိသောမနဿဓမ္မဒါန
ဓမ္မဒေသနာ ဓမ္မသာဝန ဓမ္မသာကစ္ဆာ ကုသိုလ် အဖို့အစုစုတို့အား လိုလားကြသော 31ဘုံသားတို့အား
ဝေငှထပ်တူမျှပါသည် အထူးဝိသေသအားဖြင့် ကျွန်ုပ် အား ပါဠိစာပေကို စတင်သင်ကြားဆိုဆုံးမလမ်းပြခဲ့သော
တမလွန်ရောက် ဖခင်ကြီးဦးလှစံသို့ . . .
ကိုးကားကျမ်း . .
သုတ္တံပိဋကတ်
သဠာယတနဝဂ္ဂသံယုတ္တပါဠိတော်
၈-ဂါမဏိသံယုတ်
၁၀- မဏိစူဠကသုတ်
ပါဠိတော်နိဿယ မိုးထိမူကို အကိုးအကားပြုသည်
ဒိုးကြီး(ဝိဘဇ္ဇ)
21.2.2017မှ22.2.2017-23း0Pm
Comments