ဗုဒ္ဓသာသနာအရေးတော်ပုံ


ကျွန်ုပ်သည် ယခုလို ဆောင်းပါးမျိုးကို Blog စာမျက်နှာများမှတဆင့် Facebook စာမျက်နှာပေါ်သို့ ရေးတင်၍ ဗုဒ္ဓဘာသာဆိုသူတို့ကို အသိပေးလာခဲ့သည်မှာ ဆောင်းပါးပေါင်းသုံးပုဒ်လောက်ရှိခဲ့ပါပြီ ဦးသိန်းစိန်လက်ထက်ကတစ်ကြိမ် အခု ဦးထင်ကျော်လက်ထက်မှာ နှစ်ကြိမ်ပါ။ သို့သော်လည်းပဲ ဗုဒ္ဓ ဘာသာကြီးသည် ဦးနု နိုင်ငံရေးလောကမှ ဆင်းပြေးခဲ့ရသည့်နောက် တဖြေးဖြေးမှေးမှိန်လာခဲ့သည်မှာ ထင်ရှားလှသည်။
ဒါကို ဝိဘဇ္ဇ မလုပ်နိုင်သူများကတော့ ဗုဒ္ဓသာသနာတော်ကြီး တိုးတက်နေသည်ဟုထင်ကြသည် ကဲ အခု တိုးတက်သည်လား ဆုတ်ယုတ်သလားကို Note ထုတ်ပြပါမယ့်
(၁) ဦးနုလက်ထက်တွင် ဗုဒ္ဓစာပေကိုကျောင်းသုံးဘာသာစကားအဖြစ်ပြဋ္ဌာန်းသင်ကြားသည်
(၂) ယင်းလက်ထက်ကာလအတွင်းမှာပင် ဘိက္ခုများ ဝိနယဂရုဂါရဝ ရှီ၍ ဝတ္ထုငွေကိုမကိုင်ကြ အချို့ ဆ၇ာတော်ကြီးများက ပုန်းလျှိုးဝှက်လျှိုးသာကိုင်ကြသည်။
(၃) ယနေ့ခေတ်တွင် ဘိက္ခု အကြီးအငယ်မရွေး ပေါ်တင်ပဲ ငွေကိုင်နေကြသည်
ယင်းအချက်မျှလောက်နှင့်ပင် ဗုဒ္ဓဘာသာသာသနာတော်သည် မြန်မာနိုင်ငံတော်၌ ဆထက်တိုး၍ တိုး တက်နေသလား ဆုတ်ယုတ်နေသလားဆိုတာ ပိဋကတ်စာပေကို ကျွန်ုပ်တို့ကဲ့သို့ လေ့လာလိုက်စား ကြသူများ သိနိုင်ကြပါပြီ။
ကဲ  ..  ရှိစေတော့ ဗုဒ္ဓအစ ဗုဒ္ဓအလယ် ဗုဒ္ဓအဆုံးဟု တင်စားသ မုတ်ကိုးကွယ်ခြင်းကို ခံယူတော်မူ ထိုက်သော တောင်မြို့ မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသမထေရ် သည်ပင် သူရေးသားတော်မူသော ရတနာ့ဂုဏ်ရည်ကျမ်းစာလောက်နှင့်ပင် လက်မှိုင်ချတော်မူခဲ့ရ သည်ဖြစ်၍ ကျွန်ုပ်လို သာမညကောင် သည် အဘယ်မှာ စွမ်းနိုင်ပါအံ့နည်း။
သို့သော်လည်းပဲ သဒ္ဓါတရားသည် ပါရမီအားကြီးသူတို့၏အလုပ်မို့ ကျွန်ုပ်တို့သည် ယခုလိုစာပေများ ရေးသားခြင်းဖြင့် လောကကို ကောင်းကျိုးပြုတော်မူခဲ့ခြင်းသာဖြစ်ပါသည်။ ကျွန်ုပ်တို့ကဲ့သို့ ပညာပါရမီ လိုလားသူများ ဆက်လက်ဝေငှနိုင်ပါသည်။
ထို့ကြောင့် ယနေ့ လွှတ်တော်တွင်ရှိကြသော အမတ်တို့သည် ဗုဒ္ဓဘာသာစာပေတို့အား လူသားတို့ဖြင့် သင့်လျှော်ရာများကိုရွေးထုတ်ခြင်းမလုပ်နိုင်ရင်တောင် ယခင် ဝန်ကြီးချုပ်ဦးနုလက်ထက်က ပြဋ္ဌာန်း သင်ကြားထားပြီးဖြစ်သော စာအုပ်များကိုပင် ရိုက်နှိပ်၍ ကျောင်းသုံးစာပေအဖြစ်သင့်ကြဖို့ အဆိုပြု တိုက်တွန်းတော်မူကြပါဟု အသိပေးအပ်ပါသည်။
ဒိုးကြီး(ဝိဘဇ္ဇ) 9.2.2017- 3း24Pm


Comments

Popular posts from this blog